ကွီးတို့ရဲ့ဘဝမှာ အချစ်ဆုံး မိန်းကလေးသူငယ်ချင်းတစ်ယောက်ရှိတယ်ဆိုရင် ဂုဏ်ယူလိုက်ပါ။ မိန်းကလေး သူငယ်ချင်းရှိထားခြင်းက ကွီးအတွက်အများကြီး အပြုသဘောဆောင်တဲ့ ကောင်းကျိုးတွေရှိစေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ယောကျာ်းလေးတစ်ယောက်အနေနဲ့ ဘာကြောင့် အချစ်ဆုံးမိန်းကလေးသူငယ်ချင်းတစ်ယောက်ရှိထားသင့်တာလဲဆိုတာ ပြောပြပေးသွားမှာပါ။

Source : Healthline

(၁) မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုကောင်းကောင်းကြီးနားလည်နိုင်တာ မိန်းကလေးအချင်းချင်းပဲရှိပါတယ်။ ဒါကြောင့် သင့်ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး သင်နားမလည်နိုင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကို သင့်ရဲ့အချစ်ဆုံးသူငယ်ချင်းက ကူညီဖြေရှင်းပြောပြပေးနိုင်မှာဖြစ်ပြီး သူမဆီကနေအသုံးဝင်တဲ့ အချစ်ရေးအကြံဉာဏ်ကောင်းတွေရနိုင်မှာဖြစ်ပါတယ်။

(၂) မိန်းကလေးတစ်ယောက်က ယောကျ်ာလေးတွေထက်ပိုပြီး ဖက်ရှင်အမြင်ရှိတယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ ဒါကြောင့် သင့်ရဲ့အချစ်ဆုံးသူငယ်ချင်းဆီကနေ ဝတ်စားဆင်ယင်မှုဖက်ရှင်အကြံဉာဏ်တွေတောင်းနိုင်သလို ဆံပင်စတိုင်လ်နဲ့ အသားအရေထိန်းသိမ်းနည်းတွေ လျို့ဝှက်ချက်တွေကိုလည်း သိနိုင်မှာဖြစ်ပါတယ်။

(၃) Shopping ထွက်တဲ့အခါ ယောကျ်ာလေးအများစုက ခေါင်းရှုပ်မခံချင်သလို အချိန်လည်းအများကြီးမပေးကြတဲ့အတွက် အဝတ်အစားဝယ်တာ ၊ တစ်ကိုယ်ရည်အသုံးအဆောင်တွေဝယ်တာတွေမှာ အမှားများကြပါတယ်။ မိန်းကလေးသူငယ်ချင်းတစ်ယောက်ရှိထားမယ်ဆိုရင်တော့ သင့်ကိုအနီးကပ်အကြံပေးနိုင်တဲ့အတွက် Shopping ထွက်တဲ့အချိန်မှာ အမှားနည်းစေမှာဖြစ်သလို သင်နဲ့ ကိုက်ညီတဲ့ အဝတ်အစားအသုံးအဆောင်တွေကို တိတိကျကျရစေမှာပါ။

Source : Nation

(၄) သင်အချစ်ဆုံးသူငယ်ချင်းက သင့်အတွက်စိတ်ခွန်အားတွေပေးနိုင်တဲ့ ရဲဘော်ရဲဘက်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ သင်စိတ်ဓာတ်ကျနေချိန် အဆင်မပြေမှုတွေကြုံတွေ့ရချိန်မှာ အနားမှာရှိပေးပြီး သင့်ကိုစိတ်ခွန်အားတွေ ပျော်စရာတွေပေးနိုင်တဲ့ အကောင်းဆုံးအဖော်မွန်တစ်ယောက်လည်း ဖြစ်ပါတယ်။

(၅) ယောကျာ်လေးဆိုတဲ့အတိုင်း ဆုံးဖြတ်ချက်အလျင်စလိုချတာတွေ စိတ်လိုက်မာန်ပါလုပ်ဆောင်တာတွေ ရွေးချယ်မှုမှားယွင်းတာကြောင့် ဘဝမှာအမှားတွေ အများကြီးကို လုပ်ဆောင်မိတက်ကြပါတယ်။ မိန်းကလေးကတော့ ယောကျာ်လေးတွေထက်ပိုပြီးတိကျမှုရှိတယ် ပိုပြီးစဉ်းစားတွေးခေါ်ကြတဲ့အတွက် အမှားနည်းကြသလို အကယ်၍သင်က လမ်းကြောင်းအမှားပေါ်ရောက်နေတယ်ဆိုရင် လမ်းကြောင်းအမှန်ကို ပြန်လည်လမ်းညွှန်ပေးနိုင်မှာဖြစ်ပါတယ်။

Source : The Odyssey

(၆) အချစ်ဆုံးသူငယ်ချင်းဆိုတာ တစ်ခါတစ်လေမှာ အစ်မတစ်ယောက်ဆိုလည်းဟုတ်သလို တစ်ခါတစ်လေမှာ အမေတစ်ယောက်ဆိုလည်းဟုတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သင့်အနေနဲ့ အမှားတွေလုပ်နေမိတယ်ဆိုရင် အမေတစ်ယောက်လို ဆုံးမမှာဖြစ်သလို တစ်ခါတစ်လေမှာ သင်နဲ့ ရန်ဖြစ်ဖော်ရန်ဖြစ်ဖက် အစ်မတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။