ဝန်ထမ်းအများစု ရုံးကပြန်ရောက်ပြီဆိုတာနဲ့ ရေမိုးချိုး ထမင်းစားသောက်မယ် ဖုန်းလေးပွတ်မယ် ခဏအကြာမှာ အိပ်မယ် ဒီလိုပုံစံလေးတွေနဲ့ပဲ နေ့စဉ်ဘဝကို ကုန်ဆုံးကြတာများပါတယ်။တကယ်တော့ ဒီလိုတစ်နေ့ကုန်ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ အနားလည်းယူရင် ကိုယ့်အတွက် အကျိုးရှိစေမယ့် အရာတွေနဲ့ ကုန်ဆုံးသင့်တာပါ။ဒီနေ့မှာတော့ စာဖတ်သူတို့အနေနဲ့ အလုပ်ကနေ အိမ်ကိုပြန်ရောက်တဲ့ညဘက်အချိန်တွေကို အခုပြောပြတဲ့နည်းလမ်းတွေအတိုင်းအကျိုးရှိရှိဖြတ်သန်းလိုက်ပါ။

(၁) ဖုန်းသုံးချိန်လျော့ပါ

Source : Politeka.net

ယနေ့ခေတ်လူတွေရဲ့ အပန်းဖြေမှုက ဖုန်းတွေအပေါ်မှာပဲ ရှိနေကြပါတယ်။တစ်နေ့ကုန်ပင်ပန်းလာလို့ စိတ်ပြေလက်ပျောက် ဂိမ်းဆော့မယ် ဖေ့ဘွတ်သုံးမယ်ဆိုရင်လည်း ခဏတဖြုတ်သာ အသုံးပြုသင့်ပါတယ်။အိပ်ချိန်နဲ့တော့ အနည်းဆုံး ၂ နာရီလောက်ခြားပြီးသုံးသင့်ပါတယ်။ကိုယ်ကညဆယ်နာရီမှာအိပ်မယ်စိတ်ကူးထားရင် ညရှစ်နာရီလောက်ထဲက ဖုန်းတွေနဲ့ အဝေးဆုံးမှာနေသင့်ပါတယ်။ဖုန်းအလွန်အကျွံသုံးစွဲခြင်းကအိပ်စက်ခြင်းကိုအနှောက်ယှက်ဖြစ်စေတာကြောင့် သင့်ကိုအိပ်ရေးပျက်စေ မှာဖြစ်သလို မနက်နိုးတဲ့အခါမှာလည်း အိပ်ရေးမသလိုခံစားရစေမှာပါ။

(၂) မိသားစုကိုအချိန်ပေးပါ

Source : Yelp

မိသားစုဆိုတာ အရင်းအနှီးဆုံးနေကြတဲ့သူတွေဖြစ်ပေမယ့်လည်း တစ်ခါတစ်လေမှာ တစ်အိမ်ထဲနေပြီးဝေးနေတာမျိုးဖြစ်တက်ကြပါတယ်။ယနေ့ခေတ်မှာက နည်းပညာပစ္စည်းတွေရဲ့ အကျိုးဆက်ကြောင့် သူတို့လည်းသူတို့ဖုန်းသူတို့သုံး ကိုယ်လည် းကိုယ်ဖုန်းကိုယ်သုံးပြီး မိသားစုရဲ့ နွေးထွေးမှုနွေပျောက်ဆုံးနေတက်ပါတယ်။ဒါကြောင့်ကိုယ့်အနေနဲ့ အိမ်ပြန်ရောက်တဲ့အချိန်မှာ ဖုန်းတွေ အိုင်တီပစ္စည်းတွေထက် မိသားစုကိုသီးသန့် အချိန်ပေးပြီး ညစာလက်ဆုံစားတာ စကားတွေပြောတာစသည့်ဖြင့် ပြုလုပ်ဖို့အကြံပြုချင်ပါတယ်။

(၃) နောက်တစ်နေ့အတွက်ကြိုတင်ပြင်ဆင်ပါ

Source : The Advocate

ကြိုတင်ပြင်ဆင်မှုရှိခြင်း အမှားအယွင်းနည်းသလို တိကျမှန်ကန်မှုကိုလည်းရရှိစေမှာဖြစ်ပါတယ်။ဒါကြောင့်သင့်အနေနဲ့ အကြမ်းဖျင်းအားဖြင့်နောက်နေ့တစ်မှာလုပ်ကိုင်ရမဲ့ အလုပ်တွေ အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေ နောက်ဆုံးအဝတ် အစားကအစကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် နောက်တစ်နေ့ မှာအရာအားလုံးအေးအေးဆေးဆေးနဲ့ အမှားနည်းစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

(၄) အိပ်ခါနီးစာအုပ်ဖတ်ပါ

Source : Pixabay

အိပ်ခါနီးမှာ ကိုယ့်အကြိုက်ဆုံးစာအုပ်တစ်အုပ်နဲ့ အိပ်ယာဝင်ရတာလောက် ဇိမ်ကျတဲ့အရာမရှိပါဘူး။စာအုပ်တွေက သင့်ကိုကောင်းမွန်တဲ့ ဗဟုသုတတွေအများကြီးရရှိစေမယ့် ရတနာသိုက်တစ်ခုဖြစ်ပါတယ်။ဘဝမှာအောင်မြင်နေတဲ့ ပုဂ္ဂိုလ်တိုင်းလည်း ညအိပ်ယာဝင်ချိန်မှာ စာအုပ်ကောင်းကောင်းလေးတစ်အုပ်နဲ့ အမြဲအိပ်ယာဝင်ကြပါတယ်။စာဖတ်ခြင်းကသင့်ကိုဗဟုသုတရစေမယ့်အပြင် ကောင်းစွာအိပ်ပျော်ဖို့ကိုလည်း အထောက်အကူပြုမှာဖြစ်ပါတယ်။