တစ်ချို့သောလူငယ်တွေအနေနဲ့ မိမိတို့ လုပ်ကိုင်နေကြတဲ့ အလုပ်နဲ့ ပတ်သတ်ပြီး မှားယွင်းစွာလက်ခံထားတဲ့ အရာတွေရှိတက်ကြပါတယ်။ဒီတစ်ခေါက်မှာတော့ လူငယ်တွေအနေနဲ့ အလုပ်ခွင်ဝင်တဲ့အခါ မှားယွင်းနေတဲ့ အယူအဆလေးတွေကနေ ရုန်းထွက်ပြီး မှန်ကန်တဲ့လမ်းကြောင်းတစ်ခုလျောက်လှမ်းနိုင်ဖို့ သိထားသင့်တဲ့အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။
(၁) ငွေနောက်လိုက်ခြင်း
Source : Training Journal
အလုပ်လုပ်တဲ့အခါ လစာများတဲ့အလုပ်ခွင်မှာ လုပ်ချင်ကြတဲ့ ဆန္ဒတစ်ခု လူငယ်တိုင်းမှာရှိကြပါတယ်။တကယ်တော့ ကိုယ့်အတွက် အနာဂတ်မှာနေရာကောင်းတစ်ခုရဖု့ိကိုအဓိကတွေးပြီးအလုပ်ခွင်ကိုရွေးချယ်သင့်တာပါ။လုပ်ငန်းအတွေ့အကြုံနည်းပြီး လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းမှုနည်းနေသေးတဲ့အချိန်မှာငွေနောက်လိုက်ပြီး ငွေရရုံမှတပါး ပညာသိပ်မရတဲ့အလုပ်မှာလုပ်ကိုင်နေခြင်းက လုံးဝကိုမှားယွင်းတဲ့အယူအဆတစ်ခုပါ။
ဒါကြောင့် ကိုယ့်အနေနဲ့ ငယ်ရွှယ်စဉ်အချိန်မှာ ပညာရတဲ့အလုပ်မျိုးကိုသာဦးစားပေးသင့်ပါတယ်။အသိပညာဗဟုသုတတွေစုံလာပြီးလုပ်ငန်းကျွမ်းကျင်မှုများလာတဲ့အခါ ကိုယ်ကငွေနောက်ကို လိုက်စရာမလိုတော့ပါဘူး။ငွေကကိုယ်နောက်ကိုပြန်လိုက် လာမှာဖြစ်ပါတယ်။
(၂) ချောင်တဲ့အလုပ်မှာလုပ်ကိုင်ခြင်း
Source : Shutterstock
လူတိုင်းလူတိုင်းစိတ်ဖိစီးမှုမရှိတဲ့ချောင်လည်တဲ့အလုပ်ခွင်မျိုးကိုကြိုက်နှစ်သက်ကြပါတယ်။ဒါပေမဲ့ ဘားမှဖိအားလည်းသိပ် မရှိဘူး နေ့ရက်တိုင်းကိုလုပ်နေကြလုပ်ငန်းတာဝန်တွေနဲ့ အချိန်မှန်လစာရနေတဲ့ ချောင်တဲ့အလုပ်မှာလုပ်ကိုင်နေခြင်းက သင့် ရဲ့ စွမ်းဆောင်ရည်ကိုတဖြည်းဖြည်းလျော့ကျလာစေမှာဖြစ်ပြီး တီထွင်ကြံစမှုတွေလည်း ရှိတော့မှာမဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် Riskယူရဲတဲ့ သတ္တိကိုတော့မွေးသင့်ပါတယ်။လူဆိုတာ ဖိအားရှိမှလည်း ပိုမြင့်တဲ့နေရာတစ်ခုကိုရောက်ဖို့ အလားအ လာပိုရှိမှာဖြစ်ပါတယ်။ဒါကြောင့် Comfort Zone ထဲမှာပဲ နစ်မြောမနေပါနဲ့။ စွန့်စားရတဲ့အလုပ်မျိုးလုပ်ကိုင်ဖို့ အကြံပြုချင်ပါတယ်။
(၃) ရောက်တဲ့နေရာမှာပဲရပ်နေခြင်း
Source : Shutterstock
သင်ယူလေ့လာမှုဆိုတာ ဘယ်တော့မှရပ်တန့်သွားခြင်းမရှိပါဘူး။အလုပ်ခွင်ဝင်နေတဲ့လူငယ်တွေအနေနဲ့လည်း ပိုကောင်းတဲ့နေရာတစ်ခုကိုရောက်ချင်ရင် ဆက်လက်သင်ယူလေ့လာနေဖို့လိုအပ်ပါတယ်။အများစုကတော့ အချိန်မပေးနိုင်လို့ ပန်းပင်လို့ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတဲ့အကျောင်းပြချက်တွေနဲ့ တခြားကိုယ့်ဘဝအတွက် အရေးပါတဲ့သင်တန်းတွေတက်တာ အွန်လိုင်းကနေလေ့လာတာမျိုးတွေကို မလုပ်ကြပါဘူး။ရောက် တဲ့နေရာမှာပဲ ဆက်လက်လုပ်ကိုင်နေရင်း ကျေနပ်နေတက်ကြပါတယ်။
ဒါဟာတကယ့်ကိုမှားယွင်းတဲ့အချက်ပါ။ကိုယ့်အနေနဲ့ ပိုကောင်းတဲ့နေရာတစ်ခုကိုရောက်ချင်ရင်သူများထက်တော့ အားပိုစိုက်ထုတ်ဖို့လိုပါလိမ့်မယ်။အပင်ပန်းခံပြီး လေ့လာသင်ယူစရာတွေကိုဆက်လက်လေ့လာမှသာ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်မှာပါ။ဒါကြောင့်ရောက်ရာအရပ်မှာပဲ ရပ်တန့် မနေပါနဲ့။ဆက်လက်လေ့လာပါ။အချိန်ပေးပြီးဘဝအတွက်လိုအပ်တဲ့လက်နက်တွေကိုစုဆောင်းသွားပါ။
(၄) ဝါသနာကိုမဆန်းစစ်ပဲ အလုပ်ရွေးချယ်ခြင်း
Source : Save the Student
ကိုယ်တကယ်ဝါသနာပါတဲ့အရာကဘာလဲဆိုတာကိုယ့်ကိုယ်ကိုဆန်းစစ်ဖူးပါသလား။ကိုယ်ရဲ့ဝါသနာနဲ့ ထပ်တူမကျတဲ့ အလုပ်မှာလုပ်ကိုင်နေခြင်းက ထင်သလောက်အောင်မြင်မှုရရှိမှာမဟုတ်သလို အချိန်ကြာကြာလည်းပျော်ရွှင်စွာလုပ်ကိုင်နိုင်မှာမဟုတ်ပါဘူး။ကိုယ်တကယ်ဝါသနာပါတဲ့အလုပ်တစ်ခုကို လုပ်ကိုင်နေခြင်းက အလုပ်ကိုအလုပ်လို့တောင်ထင်မိမှာမဟုတ်ဘဲအချိန်တွေကုန်လို့ကုန်မှန်းမသိပျော်ရွှင်စွာအလုပ်လုပ်နေမိမှာဖြစ်ပါတယ်။
အချိန်တွေကြာလာတဲ့အထိလည်းပျင်းရိငြီးငွေ့လာမှာမဟုတ်ပဲ ဘယ်လိုပိုကောင်စတဲ့ အရာတွေကိုလုပ်ကိုင်ရမလဲဆိုတာကိုပဲတွေးနေမိမှာပါ။ဒါကြောင့်အရင်ဆုံးကိုယ်ရဲ့ဝါသနာကိုဦးစားပေးစဉ်းစားကြည့်ပါ။ကိုယ့်ရဲ့အိပ်မက်တွေဝါသနာတွေကအလှမ်းဝေးနေတယ်ဆိုရင်တောင် တစ်ဆင့်ချင်းကြိုးစားပြီးလျောက်လှမ်းကြည့်ပါ။တစ်နေ့လိုချင်တဲ့နေရာ တစ်ခုကိုရောက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အလုပ်လုပ်တော့မယ်ဆိုရင် ဝါသနာကိုအရင်းခံပြီးလုပ်ကိုင်ရတဲ့အလုပ်မျိုးသေချာရွေးချယ်တက်ဖို့အရေးကြီးပါတယ်။




