နေ့ရက်တိုင်းကိုလန်းဆန်းတက်ကြွမှုအပြည့်နဲ့ ဖြတ်သန်းချင်သူတွေအတွက် လုပ်ဆောင်ရမယ့်နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးချင်ပါတယ်။ဒီနည်းလမ်းလေးတွေက ထိရောက်မှုရှိပြီး ငွေမကုန်ပဲ နေ့တိုင်းလန်းဆန်း တက်ကြွနေစေဖို့အတွက် လူတိုင်းလုပ် ဆောင်သင့်တဲ့အချက်လေးတွေဖြစ်ပါတယ်နော်။

(၁) မနက်ခင်းလေ့ကျင့်ခန်းနဲ့စတင်ပါ

Source : Shutterstock

မနက်ခင်းမှာအိပ်ယာကနိုးထလာတာနဲ့ တစ်ပြိုင်နက် ဖုန်းတွေ ကွန်ပြူတာတွေကိုအရင်ပြေးမကိုင်ပါနဲ့။တစ်ညလုံးအိပ်ထားတဲ့အတွက်ခန္ဓာကိုယ်ကအကြောအချဉ်တွေက တုံ့ဆိုင်းနေနိုင်ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်အကြောအချဉ်တွေပြေလျော့စေပြီးလန်းဆန်းတက်ကြွမှုအပြည့်နဲ့ နေသစ်ကိုစတင်နိုင်ဖို့ လေ့ကျင့်ခန်းတစ်ခုခုလုပ်ဆောင်ပေးသင့်ပါတယ်။ဥပမာလမ်းလျောက်ခြင်း အပြေးလေ့ကျင့်ခြင်း စက်ဘီးနင်းခြင်း စတဲ့ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုခုလုပ်ဆောင်ပါ။

(၂) မနက်စာကောင်းကောင်းစားပါ

Source : The Healthy

လူတစ်ယောက်အိပ်ယာနိုးပြီးနာရီဝက်အတွင်းမှာ မနက်စာစားသုံးသင့်တယ်လို့ ဆေးပညာရှင်တွေကအကြံပြုထားပါတယ်။ကျွန်တော်တို့အများစုကတော့ မနက်စာကိုသေချာပြင်ဆင်လေ့မရှိပဲ ကြုံသလိုပဲစားလိုက်ပြီး တစ်ခါတစ်လေမစားတဲ့ရက်တွေတောင်မှရှိကြပါသေးတယ်။ဒါဟာမှားယွင်းတဲ့အယူအဆတစ်ခုပါ။မနက်ခင်းမှအဟာရပြည့်ဝတဲ့မနက်စာကောင်းကောင်းတစ်ခုစားသုံးဖို့လိုအပ်ပါတယ်။ဒါမှလည်း Energy အပြည့်နဲ့ နေ့တစ်နေ့ကိုဖြတ်သန်းနိုင်မှာပါ။

(၃) ရေချိုးပါ

Source : Shutterstock

မနက်ခင်းရေချိုးခြင်းကကျန်းမာရေးနဲ့လည်းညီညွှတ်သလို အပူလည်းကင်းစေပြီး ကိုယ်လက်ပေါ့ပါးလန်းဆန်းစေပါတယ်။အများစုကတော့မနက်ခင်းမှာ အေးလို့ အချိန်မရလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ်လက်သန့်ရှင်းတာ မျက်နှာသစ် သွားတာလောက်ပဲလုပ်ဆောင်ပြီး ညနေအပြင်ကပြန်ရောက်မှ ရေအဝချိုးတက်တာပါ။တကယ်တော့မနက်ခင်းမှရေချိုးလိုက်ခြင်းကအညောင်းအညာပြေစေသလို စိတ်ကြည်လင်လန်းဆန်းစေပြီး စိတ်ဖိစီးမှုကိုလည်းလျော့ကျစေပါတယ်။

(၄) စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်စာတွေဖတ်ပါ

Source : Shutterstock

မနက်အိပ်ယာနိုးတာနဲ့ လူအများစုကဖုန်းတွေပဲသုံးနေမိကြတာပါ။စာဖတ်ခြင်းကသင့်အတွက်အကောင်းဆုံးသောစွမ်းအားတွေကိုပေးစွမ်းတယ်ဆိုတာမေ့လျော့နေတက်ပါတယ်။လက်ရှိနယ်ပယ်အသီးသီးကအောင်မြင်နေတဲ့ပုဂ္ဂိုလ်တိုင်းလိုလိုမနက်ခင်းကိုစာဖတ်ခြင်းနဲ့စတင်ကြပါတယ်။မနက်ခင်းမှာစိတ်ကိုအဆိပ်အတောက်ဖြစ်စေမယ့်သတင်းတွေ Post တွေကိုလူမှုကွန်ယက်တွေဖုန်းတွေသုံးပြီးကြည့်မယ့်အစား စာတစ်အုပ်သာကောက်ကိုင်လိုက်ပါ။

(၅) စိတ်ပူပန်မှုတွေကိုလျော့ချထားပါ

Source : Shutterstock

တစ်နေ့တာလုံးခွန်အားအပြည့်နဲ့ လန်းဆန်းနေဖို့ မနက်ခင်းမှာ မကောင်းတဲ့အတွေးတွေ စိတ်ပူပန်စရာတွေကိုမေ့ပျောက်ထားဖို့လည်းလိုပါမယ်။မထင်မှတ်ကြုံလာရတဲ့ စိတ်ညစ်စရာတွေကိုလည်းအတက်နိုင်ဆုံးမေ့ပျောက်ထားပါ။မဟုတ်ရင်တော့ သင့်ရဲ့တစ်နေ့တာလုံးက စိတ်ညစ်စရာတွေနဲ့ဖြတ်သန်းနေရတော့မှာမလို့ လန်းဆန်းတက်ကြွမှုဆိုတာလည်းရှိလာနိုင်မှာမဟုတ်ပါဘူး။