လောကမှာကိုယ့်အတွက် အကူညီဖြစ်စေတဲ့ မိတ်ဆွေကောင်းတွေအများကြီးရှိသလို ကိုယ့်အတွက်နေ့တိုင်းလိုလိုမကောင်းတဲ့အမှိုက်တွေကိုပဲလာပုံတက်တဲ့ စိတ်အနှောက်ယှက်ဖြစ်စရာလူတွေလည်းအများကြီးရှိပါတယ်။လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါကိုယ့်အတွက်အကျိုးအမြတ်ကိုပဲကြည့်မပေါင်းရဘူးဆိုတာမှန်ပေမယ့် အခုပြောပြမယ့်လူမျိုးတွေကိုတော့ ကိုယ့်ရဲ့ဘဝ ကိုယ့်ပတ်ဝန်းကျင်မှာထားဖို့မသင့်တော်ပါဘူးနော်။ ဒါဆို သင့်ပတ်ဝန်းကျင်မှာမထားသင့်တဲ့ အဆိပ်လိုလူများတွေက ဘယ်လိုလူတွေဖြစ်မလဲဆက်ဖတ်ကြည့်ရအောင်။

(၁) လေးစားမှုမရှိတဲ့သူ

Source : businessinsider.com

ဘယ်လောက်ပဲရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ထား တဲ့လူနှစ်ယောက်ဖြစ်ပါစေ တစ်ယောက်အပေါ်တစ်ယောက်လေးစားမှုမရှိရင်တော့ အဲ့ဒီဆက်ဆံရေးကအချိန်မရွေးပြတ်တောက်သွားနိုင်ပါတယ်။လူတိုင်းလူတိုင်းမှာတန်ဖိုးတစ်ခုဆိုတာရှိသလို လူလူချင်းလေးစားတက်တဲ့အလေ့အကျင့်ကလည်းတကယ့်ကိုကောင်းမွန်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ကိုယ့်အနေနဲ့ဘယ်လောက်ပဲလေးစားမှုရှိစွာဆက်ဆံနေပါစေ ကိုယ့်အပေါ် Respect မရှိဘူးဆိုရင်တော့အဲ့ဒီလူနဲ့ ပြောဆိုဆက်ဆံရာမှာတကယ့်ကို စိတ်အနှောက်ယှက်ဖြစ်ရတာကြောင့် လေးစားမှုကိုနားမလည်တဲ့သူတွေကိုကိုယ့်ဘဝထဲကရှင်းထုတ်လိုက်တာကောင်းပါတယ်။

(၂) အကျိုးမြတ်ကိုပဲကြည့်ပြီးပေါင်းသင်းတက်သူ

Source : shutterstock.com

အပေါ်မှာပြောခဲ့သလိုပါပဲ ပေါင်းသင်းဆက်ဆံရေးမှာ အကျိုးမြတ်ကိုကြည့်ပြီးပေါင်းမယ်ဆိုရင် ရေရှည်မှာဘယ်လိုမှအဆင် မပြေနိုင်သလို အဲ့ဒီလူနဲ့သင်နဲ့ကြားကခင်မင်ရင်းနှီးမှုကလည်း အကျိုးအမြတ်တွေပေါ်မှာပဲမူတည်နေပါလိမ့်မယ်။ဒီလိုလူတွေက သင့်ထက်အကျိုးအမြတ်ပိုရတဲ့သူတစ်ယောက်တွေ့ရင်အလွယ်တကူပဲ သင့်ကိုပစ်ခွာသွားမှာပါ။ဒါကြောင့်ဒီလိုအကျိုးအမြတ်ကိုကြည့်ပြီးပေါင်းသင်းတက်သူတွေကိုဘဝထဲကရှင်းထုတ်ဖို့အကြံပြုလိုပါတယ်။

(၃) စကားရှုပ်တက်သူ

Source : Freepik

လူတစ်ယောက်နဲ့တစ်ယောက်ကတောက်ကဆဖြစ်သွားအောင်ကြားထဲကသွေးထိုးလှုံဆော်တက်သူတွေထဲဟာ တကယ့်ကို စိတ်ထားအားဖြင့်ရုပ်ညံ့သူတွေလို့ဆိုရပါမယ်။မနာလိုလို့ပဲဖြစ်စေ သူနဲ့တခြားလူတစ်ယောက်ရဲ့ ဆက်ဆံရေးကောင်းမွန်နေတာကိုကြည့်မရလို့ဖြစ်စေ ဗီဇကြောင့်ဖြစ်စေဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်နဲ့ တစ်ယောက်စကားတွေဟိုပို့ဒီပို့လုပ်တက် သူတွေဟာသွေးထိုးရန်တက်ပေးတက်တဲ့မကောင်းတဲ့စိတ်ဓာတ်ရှိသူတွေဖြစ်တာကြောင့် ဘဝထဲကရှင်းထုတ်သင့်တဲ့လူတွေ ထဲကတစ်ယောက်ဖြစ်ပါတယ်။

(၄) စိတ်ညစ်စရာတွေသယ်လာတက်သူ

Source : boundless.org

လူတိုင်းလူတိုင်းမှာစိတ်ညစ်စရာဆိုတာကိုယ်စီရှိတက်ကြတဲ့ အရာတစ်ခုပါ။ဒါပေမဲ့လည်းအမြဲလိုလို ပြဿနာတစ်ခုမဟုတ်တစ်ခုရှိနေပြီး အချိန်တိုင်းစိတ်ညစ်နေတက်တဲ့သူတွေကလည်းလောကမှာတစ်ပုံကြီးရှိပါတယ်။ဒီလိုလူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ သူတို့စီကမရိုးနိုင်လွန်းနဲ့ပြဿနာတွေကိုအမြဲကြားနေရပြီးကိုယ့်ကိုယ်ကိုအပူတွေလာပြီးကူးစက်စေပါတယ်။ကိုယ့်ရဲ့အပူတွေကိုပဲငြီးငြူတက်ပြီးတစ်ဖက်လူနားထောင်ချင်မှန်းမသိ ထောင်ချင်မှန်းမသိပြောနေတက်တဲ့ တစ်ကိုယ်ကောင်းသမားတွေကို ဘဝထဲကရှင်းထုတ်လိုက်ပါ။