ယနေ့ခေတ်မှာ လူတွေဟာနေ့နဲ့ညမှားနေသလားထင်ရလောက်အောင် အိပ်စက်မှုပုံစံတွေလွဲမှားနေကြပါတယ်။ညဘက်မှာ အိပ်ရေးပျက်ထားတဲ့လူတစ်ယောက်အနေနဲ့ နေ့ဘက်မှာဘယ် လောက်ပဲအိပ်အိပ်ညဘက်မှာအိပ်သလာက်တော့ အိပ်ရေးဝသလိုခံစားရမှာမဟုတ်ပါဘူး။ဒါ့အပြင်အိပ်ရေးပျက်တဲ့ညတွေ များလာတဲ့အခါ ခန္ဓာကိုယ်ပေါ်မှာဆိုးကျိုးတွေဖြစ်ပေါ်လာစေ မှာဖြစ်ပြီး တက်ကြွလန်းဆန်းမှုတွေပျောက်ဆုံးကာ စိတ်ဖိစီးမှု ဝေဒနာ စိတ်ကျဝေဒနာတွေကိုပါခံစားလာရမှာဖြစ်ပါတယ်။ဒါကြောင့်သင့်အနေနဲ့ ညဘက်အိပ်ချင်ပေမယ့်လည်း အိပ်မရဖြစ်နေတယ်ဆိုရင်တော့ဒီနည်းလမ်းလေးတွေလုပ်ဆောင်ကြည့်ဖို့အကြံပြုချင်ပါတယ်။
(၁) အားကစားလုပ်ပါ
Source : liveabout.com
အားကစားလုပ်ခြင်းက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေကို ပုံမှန်ဖြစ်စေပြီးသွေးလည်ပတ်မှုကောင်းစေကာညဘက်မှာကောင်းကောင်းအိပ်ပျော်စေမှာဖြစ်ပါတယ်။အားကစားလုပ်ခြင်းဟာစိတ်ဖိစီးမှုတွေကိုလည်းလျော့ကျစေမှာဖြစ်ပြီး ညဘက်မှာခေါင်းချလိုက်တာနဲ့ အိပ်ပျော်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။ဒါကြောင့် ညနေဘက်တွေမှာ (၁) နာရီလောက်အချိန်ပေးပြီး Gym ကစားခြင်း Carido ကစားခြင်း စတဲ့ လေ့ကျင့်ခန်းတွေကိုပြုလုပ်ပေးဖို့အကြံပြုလိုပါတယ်။
(၂) ဖုန်းသုံးတာလျော့ပါ
Source : Mother Nature Network
ကျွန်တော်တို့အများစုဟာ အိပ်မရလိုဖုန်းသုံးလေ ဖုန်းသုံးလို့ အိပ်မရလေနဲ့ လုံးလည်ချာလည်လိုက်ပြီး ည ၂ နာရီ ၃ နာရီ ထိုးသွားတဲ့ရက်တွေအများကြီးကြုံဖူးကြမှာပါ။တကယ်တော့ ဖုန်းတွေလက်တော့တွေဖြစ်တဲ့ အိုင်တီပစ္စည်းတွေကို အိပ်ချိန်နဲ့ အနည်းဆုံး (၁) နာရီခွာပြီးအသုံးပြုသင့်ပါတယ်။ ဖုန်းတွေလက်တော့တွေက သင့်ရဲ့ အိပ်စက်မှုကိုအနှောက်ယှက်ဖြစ်စေတာကြောင့် အိပ်ချိန်နဲ့ ခွာပြီးအသုံးပြုဖို့ အိပ်ခါနီးမှာလည်း ဖုန်းတွေလက်တော့တွေကိုစက်ပိတ်ပြီးကိုယ်နဲ့ ခပ်လှမ်းလှမ်းမှာ ထားအိပ်ဖို့အကြံပြုလိုပါတယ်။
(၃) သာယာငြိမ့်ညောင်းတဲ့ သီချင်းလေးတွေနားဆင်ပါ
Source : Reader’s Digest Canada
သီချင်းတွေရဲ့ စွမ်းအားကလည်းတတယ့်ကိုအံ့မခန်းလောက်ပါပဲ။အားငယ်နေသူကိုစိတ်ဓာတ်တက်ကြွစေသလို စိတ်ညစ်နေသူကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့စွမ်းအားတွေအများကြီးရှိပါတယ်။ညဘက်တွေမှာအိပ်ပျော်ရခက်ခဲသူတွေအနေနဲ့လည်း အိပ်စက်မှုကိုအထောက်အကူဖြစ်စေမယ့် သာယာငြိမ့်ငြောင်းတဲ့သီချင်းလေးတွေ ရေကျသံ ငှက်ကလေးတွေရဲ့ အော်သံစတဲ့ သဘာဝတေးသံစဉ်လေးတွေကိုနားထောင်းပေးခြင်းကလည်း မိနစ်ပိုင်းအတွင်းမှာတင်သင့်ကိုအိပ်ပျော်စေမှာ ဖြစ်ပါတယ်။
(၄) အိပ်ယာထဲကထလိုက်ပါ
Source : Shutterstock
အိပ်မရလို့ အိပ်ယာထဲမှာ လူးလိမ့်နေခြင်းက သင့်ကိုပိုပြီး အိပ်စက်ရခက်ခဲစေပါတယ်။သင့်အနေနဲ့ အိပ်မပျော်ဖြစ်နေပြီဆိုရင် အိပ်ယာထဲကထလိုက်ပါ။အိမ်ရှေ့နဲ့နောက်ဖေးလမ်းလျောက်ပြီး ရေသောက်တာမျိုး ခဏဖြုတ်ထိုင်နေလိုက်ပါ။ပြီးမှပြန်ပြီးအိပ်ယာထဲဝင်အိပ်လိုက်ပါ။အခန်းမီးကိုလည်းလင်းထိန်နေအောင်ဖွင့်မထားပါနဲ့။ညအိပ်မီးမှိန်မှိန်လေးထားပြီးအိပ်မယ်ဆိုရင်သင့်ကိုပိုပြီအိပ်ပျော်စေမှာဖြစ်ပါတယ်။
(၅) ဆရာဝန်နဲ့တိုင်ပင်ပါ
Source : Medical News Today
အိပ်ရခက်ခဲနေတယ်ဆိုပြီး လမ်းဘေးဆေးဆိုင်ကဆေးမြှီးတိုတွေနဲ့တော့ သင့်ရဲ့ပြဿနာကိုမဖြေရှင်းလိုက်ပါနဲ့။တကယ်တက်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ကုသမှုခံယူပြီးမှသာ ဘယ်လိုဆေးတွေသောက်သုံးသင့်တယ် ဘယ်လိုကုထုံးတွေကိုခံယူသင့်တယ်ဆိုတာကိုသေချာလေးတိုင်ပင်သင့်ပါတယ်။အိပ်မပျော် တဲ့ပြဿနာကပေါ့ဆသင့်တဲ့အရာတစ်ခုမဟုတ်တာကြောင့် လိုအပ်ရင် သေချာလေးဆေးကုသမှုခံယူဖို့အကြံပြုချင်ပါတယ်။