အချိန်တိုင်းပျော်ရွှင်နေတဲ့ စုံတွဲတွေကိုမြင်ရင် အားကျမိကြတာ သဘာဝပါ။ဘာကြောင့်လဲဆိုရင် Relationship တော်တော်များများက ပျော်ရွှင်မှုထက် အဆင်မပြေမှုတွေ ပြဿနာတွေက ပိုများတာကြောင့် ပျော်ရွှင်နေတဲ့ စုံတွဲတွေကိုတွေ့ရင်အားကျမိကြတာဖြစ်ပါတယ်။ဒါဆိုရင်အဆင်မပြေမှုတွေများတဲ့ စုံတွဲတွေကြားမှာ ကွီးတို့အနေနဲ့ရော လက်ရှိပိုင်ဆိုင်ထားတဲ့အချစ်ရေးကို သာယာပျော်ရွှင်စွာမဖြတ်သန်းချင်ဘူးလား။ Yes ဆိုရင်တော့ အခုပြောပြ မယ့်လျို့ဝှက်ချက်လေးတွေကို ဖတ်ကြည့်လိုက်ပါအုန်းနော်။
(၁) ပြဿနာတွေကို လူသိရှင်ကြားထုတ်ဖော်မပြဘူး
Source : rd.com
ဘယ်စုံတွဲမှ ပြဿနာတစ်စုံတစ်ရာမရှိပဲ မဖြတ်သန်းကြပါဘူး။ ပျော်ရွှင်နေတဲ့စုံတွဲတွေမှာလည်း ရန်ဖြစ်တဲ့အချိန်ဆိုတာရှိပါတယ်။ဒါပေမယ့်ရန်ဖြစ်တိုင်းလူသိရှင်းကြား ဆိုရှယ်မီဒီယာပေါ်မှာချပြတာမျိုး လူကြားသူကြားထဲပြဿနာဖြစ်မျိုးမလုပ်ကြပါဘူး။နှစ်ကိုယ်ကြားပဲတိတ်တဆိတ်ဖြေရှင်းကြပါတယ်။တကယ်ချစ်တဲ့သူတွေအတွက်တော့ ပြဿနာဆိုတာ ၂၄ နာရီမပြည့်ခင်မှာပဲပြန်အဆင်ပြေသွားတက်တာမျိုးပါ။
(၂) တစ်ယောက်ကိုတစ်ယောက်အလွန်အမင်းမချုပ်ချယ်ဘူး
Source : We Are The Wanderers
ချုပ်ချယ်မှုကိုလူတိုင်းမလိုချင်ကြပါဘူး။ချုပ်ချယ်မှုရှိတဲ့လူတစ်ယောက်အနားမှာလည်းကြာကြာမနေနိုင်ကြတာလူ့သဘာဝပါ။ဒါကြောင့်ပျော်ရွှင်နေတဲ့စုံတွဲတွေအနေနဲ့ တစ်ယောက်ကို တစ်ယောက်ချစ်သလို လွတ်လပ်မှုကိုလည်းခံစားစေကြပါတယ်။ကိုယ်ပိုင်အချိန်ပေးကြတယ်။မလိုအပ်တဲ့နေရာတွေမှာစည်းကမ်းချက်တွေအရမ်းမထုတ်ကြပါဘူး။ဒီလိုယုံကြည်စွာလွတ်လပ်မှုပေးထားပေမယ့် ကိုယ့်ချစ်သူအပေါ်စည်းမဖောက်မိဖို့ အထူးဂရုပြုကြပါတယ်။
(၃) အချစ်နဲ့ကိုယ်ရေးကိုယ်တာမရောဘူး
Source : Verywell Health
နှစ်ယောက်လုံးကဘယ်လောက်ပဲအလုပ်များတဲ့သူတွေဖြစ်နေပါစေသီးသန့်အချိန်ဆိုတာလေးတော့ရှိကြပါတယ်။ကိုယ်ချစ် သူနဲ့တွေ့နေချိန် ဖုန်းတွေ လက်တော့တွေ အလုပ်တွေအားလုံးကိုမေ့ပြီး တစ်ယောက်အပေါ်တစ်ယောက်အပြည့်မဝအချိန်ပေးကြတာမျိုးပါ။အဓိကအားဖြင့်အချစ်ကအချစ် အလုပ်ကအလုပ် ဒီလိုမျိုးတစ်ကန့်စီခွဲထားကြတာပါ။ဒါကလည်းစုံတွဲတွေအတွက်ပျော်ရွှင်မှုကိုဖြစ် ပေါ်စေနိုင်မယ့်အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။
(၄) အပြိုင်အဆိုင်အရွဲ့မတိုက်ကြဘူး
Source : Pinterest
လူငယ်ပိုင်းစုံတွဲတွေမှာအဓိကပြဿနာတစ်ခုကမာနကိုရှေ့ တန်းတင်မိကြတာပါ။လူတိုင်းမှာမာနရှိတယ်ဆိုပေမယ့်လည်း အဲ့ဒီမာနကပဲကိုယ်အတွက်ပျော်ရွှင်စရာအရာတွေကိုဖျက်စီးနေတာဆိုတာတော့သတိပြုသင့်ပါတယ်။တကယ်တော့တစ်ယောက်ကမှားနေရင်တောင်တစ်ယောက်ကပြုပြင်ထိန်းသိမ်းပေးရမှာပါ။အပြိုင်အဆိုင်အရွဲ့တိုက်နေကြမယ်ဆိုရင်တော့ ပျော်ရွှင် မှုရဖို့နေနေသာသာ အမြန်ဆုံးအဆုံးသတ်သွားနိုင်ပါတယ်။




