ချစ်သူနှစ်ယောက်ရန်ဖြစ်တယ်စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာ စုံတွဲတိုင်းလိုလိုဖြစ်နေကြပါ။ဒါပေမယ့်တစ်ချို့စုံတွဲတွေက ရန်ဖြစ်ပြီး မိနစ်ပိုင်းအကြာမှာပဲ ပြန်အဆင်ပြေသွားကြပေမယ့် တစ်ချို့ကျတော့ ပြဿနာတွေပိုပိုကြီးလာပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် နောက်ဆုံးလမ်းခွဲကြရတဲ့အထိဖြစ်ပျက် သွားမျိုးတွေအများကြီးရှိပါတယ်။
ရန်ဖြစ်တာချင်းအတူတူ သူများတွေက ခဏလေးနဲ့ ပြန်အဆင်ပြေပေမယ့် ကိုယ်တွေ ကတော့ ရှင်းမနိုင်အောင်ပြဿနာတွေပိုပိုကြီးနေပြီဆိုရင်တော့ အခုပြောပြမယ့် အချက်တွေလုပ်နေမိလားဆိုတာ ပြန်လည်သုံးသပ်ကြည့်ပါ။
(၁) အနာဟောင်းပြန်ဆွတာ
Source : wellsanfrancisco.com
စုံတွဲတွေရန်ဖြစ်စကားများပြီဆိုရင် အနိုင်မခံအရှုံးမပေးစကား နိုင်လုကြတာသဘာဝပါ။ဒီလိုစကားနိုင်လုတဲ့အထဲမှာ အဆိုးဆုံးက တစ်ချိန်ကအမှားတွေကို ပြန်ပြောပြီး အနာဟောင်းကိုဆွတာပဲဖြစ်ပါတယ်။ဘယ်သူကမှကိုယ့်ရဲ့ အတိတ်ကမှားခဲ့တဲ့ အရာတွေ ဒဏ်ရာဟောင်းတွေကို ပြန်ပြောပြီးစကားနိုင်လုရင် သည်းမခံနိုင်ကြပါဘူး။ထိုအခါပြဿနာကပိုပြီးကြီးထွားလာနိုင်ပါတယ်။
(၂) အရွဲ့တိုက်တာ
Source : dissolve.com
ရန်ဖြစ်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်အရွဲ့တိုက်တာကလည်းအမှားတွေပိုပြီဖြစ်လာနိုင်တာပဲရှိပါတယ်။အဓိကအားဖြင့် လူငယ်ပိုင်းစုံတွဲတွေမှာပိုပြီးအဖြစ်များကြပါတယ်။လူငယ် မာနကရှေ့ကခံနေတဲ့အတွက် နင်တောင်လုပ်သေးတာပဲဆိုတဲ့ စိတ်နဲ့ ပြန်ပြီးအရွဲ့တိုက်တက်ကြတာပါ။အရွဲ့တိုက်ခြင်းရဲ့ နောက်ဆုံးရလဒ်က ပြဿနာတွေပိုရှင်းရတာပါပဲ။ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက်အရွဲ့မတိုက်ပါနဲ့။
(၃) လမ်းခွဲစကားပြောတာ
Source : marriagehelper.com
ပြဿနာဖြစ်တိုင်း လမ်းခွဲစရာမလိုလဲ လမ်းခွဲစကားပြောနေမိ ခြင်းက တကယ့်ကိုမှားယွင်းတဲ့လုပ်ရပ်တစ်ခုပါ။မိန်းကလေးပဲ ဖြစ်ဖြစ်ယောကျာ်းလေးဘက်ကပဲဖြစ်ဖြစ် ပြဿနာတစ်ခုဖြစ် ရင်အရင်ဆုံးဖြေရှင်းရမှာပါ။ဖြေရှင်းတာလည်းမရှိ ပြေလည် ဖို့ညှိနှိုင်းတာလည်းမရှိ တကယ်လည်းမခွဲနိုင်ပါပဲ လမ်းခွဲစကား ထပ်ခါထပ်ခါပြောနေမယ်ဆိုရင်တော့ သင့်ကိုတကယ်ပဲ လမ်းခွဲသွားပါလိမ့်မယ်။
(၄) မဖြေရှင်းပဲပစ်ထားတာ
Source : newarticleworld.com
ပြဿနာတစ်ခုဖြစ်ရင်ဖြေရှင်းမှပြေလည်မှာပါ။မဖြေရှင်းပဲ ပစ်ထားပါများရင်ကြာလာတဲ့အခါ တစ်ယောက်ရဲ့ ရင်ထဲမှာ ဒဏ်ရာတွေစုပုံလာတက်ပြီး တစ်ချိန်မှအကြီးအကျယ်ထပြီးပေါက်ကွဲမိတာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ပြဿနာတစ်ခုဖြစ်ရင် ချက်ချင်းဖြေရှင်းပါ။ဘယ်အရာကိုမကျေနပ်တာလည်း ဘယ်လိုဖြစ်တာလဲသေချာမေးပြီး ညှိနှိုင်းပါ။




