ခြေရှုပ်တက်တဲ့လူက ဘယ်လောက်ပဲ ကောင်းအောင်ထားထားအချိန်တန်ရင်တော့ ဗီဇကပြလာကြတာပါပဲ။သင့်အနေနဲ့ သင်တို့နှစ်ယောက်တည်ဆောက်ထားတဲ့အချစ်ရေးမှာ လိုအပ် ချက်မရှိအောင်ထားပါစေ ဖောက်ပြန်တက်တဲ့သူကတော့ ဖောက်ပြန်မှာပါပဲ။ဒီတစ်ခေါက်မှာတော့ သင့်ချစ်သူကောင်မလေး နောက်တစ်ယောက်ခြေရှုပ်နေပြီဆိုရင်ပြောင်းလဲလာတဲ့ အမူအကျင့်တွေကို သတိထားမိစေဖို့ပြောပြပေးချင်ပါတယ်။
(၁) အနေဝေးလာမယ်
Source : 123RF.com
အတူတူရှိနေတဲ့အချိန်တွေမှာတောင် အနေဝေးသလိုခံစားလာ ရမယ်။အရင်လိုတီတီတာတာစကားတွေလည်းသင့်ကိုမပြော တော့ဘူး။အေးတိအေးစက်သူစိမ်းတစ်ယောက်လို ခံစားချက် မျိုးခံစားလာရမယ်။ချစ်သူတွေစဖြစ်တဲ့အချိန်ကလို ခံစားချက် မျိုးသူမမှာမမြင်ရတော့ဘူးဆိုရင် နောက်တစ်ယောက်တွေ့နေပြီဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။
(၂) စာပြန်တဲ့အချိန်ကြာလာမယ်
Source : Proženy
ချစ်သူရည်းစားအများစုအတွက် ပေါင်းကူးတံတားက ဆိုရှယ် မီဒီယာတွေပါပဲ။ဆိုရှယ်မီဒီယာတွေပေါ်ကနေပဲ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ကြတယ် စကားတွေပြောကြပါတယ် ။ဒါပေမယ့်အရင်ကသင်နဲ့သူစကားပြောရင်အကြာကြီး Reply ပြန်ဖို့ မစောင့်ရပေမယ့် တဖြည်းဖြည်း Reply ပြန်ဖို့စောင့်နေ ရမယ်။မေးလိုက်ရင်လည်း ရေသောက်နေလို့ ရှုးပေါက်နေလို့ စသည်ဖြင့်အူကြောင်ကြောင်နိုင်တဲ့အဖြေတွေနဲ့ ဆင်ခြင်ပေး မယ်ဆိုရင်တော့ နောက်တစ်ယောက်သူမှ Chat စရာလူရှိနေလို့ ဖြစ်နိုင်ပါတယ်။
(၃) ဖုန်းကိုလက်ကမချဖြစ်နေမယ်
Source : hindustantimes.com
သင်နဲ့အတူတူတွေ့တဲ့အချိန်မှာ ဖုန်းကိုလက်ကမချဖြစ်နေလား တစ်ချက်သတိထားကြည့်ပါ။ရိုးသားတဲ့သူတစ်ယောက်ဆိုရင် သူဖုန်းထဲကို Sms စာတိုတွေဝင်တာ ဖုန်းခေါ်လာမှာ စသည်ဖြင့် ကြောက်နေမှာမဟုတ်ပါဘူး။တစ်ဖက်မှာလည်း တတိယလူ တစ်ယောက်ရှိနေပြီဆိုရင်တော့ သင့်နဲ့အတူရှိနေတဲ့အချိန် ဖုန်းဝင်လာမှာ Sms စာတိုတွေဝင်လာမှာကြောက်လန့်စိုးရွံနေတဲ့ အမူအရာတွေတွေ့နေရပြီဆိုရင်တော့ သင်နဲ့ အတူမရှိတဲ့အချိန် မှာအချိန်မှန်ဖုန်းခေါ်နေတဲ့သူတစ်ယောက်ရှိနေလို့ ဖြစ်နိုင်ပါတယ်။
(၄) အပြင်သွားဖို့ငြင်းလာမယ်
Source : The Christian Broadcasting Network
သာမာန်ချစ်သူစုံတွဲတွေ ဒိတ်ကြတယ် အပြင်လျောက်သွားကြ တယ်ဆိုတာသဘာဝပါ။ဒါပေမယ့်သင့်ကအပြင်သွားဖို့ ခေါ် လိုက်တိုင်း အကြောင်းပြချက်တစ်ခုခုပြပြီးငြင်းဆိုနေမယ်ဆိုရင်တော့ အပြင်မှာသင်နဲ့ တွဲသွားလို့ အဆင်မပြေနိုင်တဲ့ အရာတစ်ခု ခုရှိနေလို့ပါ။ဇာတ်ရှုပ်ထားတဲ့သူတစ်ယောက်အနေနဲ့ ဘယ် သွားသွားနောက်ကျောမလုံဖြစ်နေမှာ သေချာပါတယ်။
(၅) ဖုန်းခေါ်တိုင်းမအားဘူး
Source : imgflip.com
ရိုးသားတဲ့ကောင်မလေးဆိုရင် ကိုယ်ချစ်သူဖုန်းခေါ်တာကိုပဲ စောင့်နေမှာသေချာပါတယ်။ဒါပေမယ့် ကိုယ်ခေါ်လိုက်တာဖုန်းက မအားဖြစ်နေမယ် ဖုန်းအားပြန်ရင်လည်းမကိုင်ပြန်ဘူး Missed Call တွေ့လဲတော်ရုံပြန်မခေါ်ဘူးဆိုရင်တော့ တစ်ဖက်မှာ ဖုန်းပြောစရာလူ အာရုံထားစရာလူတစ်ယောက်ရှိနေတာ ဖြစ်နိုင်ပါတယ်။





