အချစ်ဆိုတာတကယ်တော့အရမ်းကိုလေးနက်ပါတယ်။အချစ် မရှိတဲ့ တစ်ကိုယ်တည်းဘဝကမပြည့်စုံနိုင်သလို အချစ်ရှိပါလျက် မကောင်းတဲ့လက်တွဲဖော်ကိုပိုင်ဆိုင်ထားရပြီဆိုရင်လည်း နေ့ရက်တိုင်းက စိတ်ဆင်းရဲစရာပါပဲ။ဒီတစ်ခေါက်မှာတော့ ကွီးတို့အနေနဲ့ လူရွေးမှားပြီး စိတ်မညစ်ရစေဖို့ အိမ်ထောင်ဖက်အဖြစ်မရွေးသင့်တဲ့ အမျိုးသမီတွေရဲ့ စရိုက်လက္ခာတွေကို ပြောပြချင်ပါတယ်။

(၁) အတ္တဆန်လွန်းသူ

Source : The Independent

အချစ်ဆိုတာ လူနှစ်ယောက်ပေါင်းဖက်ပြီး အတွဲညီညီတည်ဆောက်မှ ခိုင်မြဲတာမျိုးပါ။သင့်အနေနဲ့ သင်ပိုင်ဆိုင်ထာတဲ့အချစ်ရေးကို ကောင်းမွန်ကောင်ဘယ်လောက်ကြိုးစားနေပါစေ သင်လက်တွဲဖော်ကပါဝင်ခြင်းမရှိပဲ အတ္တဆန်နေမယ်ဆိုရင် ကြိုးစားမှုကအရာထင်မှာမဟုတ်ပါဘူး။ ပြဿနာတွေဖြေရှင်းနေရတာနဲ့ တင် ပျော်ရွှင်တဲ့အနာဂတ်ကိုရောက်မှာမဟုတ်တော့ပါဘူး။

(၂) အညိုးကြီးသူ

Source : Freepik

ကိစ္စအသေးအမွှားလေးကအစ အညိုးအတေးတွေကြီးနေမယ်ဆိုရင် ဘယ်လိုလုပ်သာယာတဲ့ အချစ်ရေးတစ်ခုပိုင်ဆိုင်နိုင်မှာလဲ။အချစ်မှာအဓိကနားလည်မှု ခွင့်လွတ်ပေးမှုသဘောတရားတွေအများကြီးပါဝင်ပါတယ်။တစ်ယောက်အမှားကိုတစ်ယောက်ခွင့်လွတ်ပေးပြီးလမ်းကြောင်းအမှန်ကိုပြပေးနိုင်မှလက် တွဲဖော်ကောင်းပါ။ဒီလိုမှမဟုတ်ပဲ ကိုယ့်ရဲ့အမှားကိုပဲ အချိန် တိုင်းထောက်ပြအနိုင်ယူနေတဲ့ အမျိုးသမီးဆိုရင်တော့ လက် တွဲဖြုတ်လိုက်တာပိုကောင်းမယ်ထင်ပါတယ်။

(၃) လေးစားမှုမရှိသူ

Source : MadameNoire

တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်လေးစားမှုရှိမှသာ ပျော်ရွှင်တဲ့ နှစ်ယောက်ပေါင်းဘဝတစ်ခုဖြစ်မှာပါ။ဒီလိုမှမဟုတ် ပဲ လူကြားသူကြားထဲမရှောင် အပြစ်တင်စကားတွေပြောမယ် အော်မယ် စသည့်ဖြင့်လေးစားမှုမရှိတဲ့လုပ်ရပ်တွေ လုပ်တက် တဲ့သူဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။လူတိုင်းမှာသည်းခံနိုင် တဲ့အတိုင်းအတာတစ်ခုအထိပဲရှိတာမလို့ သည်းခံနိုင်တဲ့အတိုင်းအတာကျော်လွန်ရင် လက်တွဲဖြုတ်မိမှာသေချာပါတယ်။

(၄) ဂုဏ်တွေငွေတွေမက်သူ

Source : The Cheat Sheet

အမျိုးသမီးတိုင်းလိုလိုဂုဏ်တွေငွေတွေမက်တယ်လို့ မပြောနိုင် ပေမယ့် ၁၀၀ မှာ ၇၅ ရာခိုင်နှုန်းလောက်တော့ မသိစိတ်ထဲက ဖြစ်ဖြစ် သိစိတ်ကနေပဲ ဖြစ်ဖြစ် ဂုဏ်တွေငွေတွေရဲ့ အရသာကို နှစ်သက်မက်မောကြပါတယ်။သင်အနေနဲ့ ကိုယ်လက်တွဲဖော် ကိုပြန်လည်ဆန်းစစ်ကြည့်ပါ။သင့်မှာရှိတဲ့ဂုဏ်တွေငွေတွေကို မက်မောလို့ သင့်အနားရောက်လာတာလား သင့်ကိုတကယ် ချစ်မြတ်နိုးလို့လားဆိုတာကိုတော့။ဂုဏ်တွေငွေတွေကြောင့်ဆိုရင်တော့ မတည်မြဲတဲ့လောကကြီးမှာ တစ်ချိန်ချိန်ဂုဏ်ရွှေငွေစည်းစိမ်တွေမရှိတော့ရင် သင့်အနားကထွက်သွားကြမှာပါ။