နေ့စဉ်လူတွေနဲ့ ထိတွေ့ သွားလာလှုပ်ရှားရုန်းကန်နေသူအတွက်တော့ ချွေးနံဆိုးထွက်ခြင်းက တကယ်ကိုစိတ်ညစ်စရာကိစ္စတစ်ခုပါ။ကိုယ်ရဲ့ ခန္ဓာကိုယ်မှ ချွေးနံ့ဆိုးတွေထွက်နေခြင်းကြောင့် ဘေးပတ်ဝန်းကျင်ကလူတွေကိုလည်း စိတ်အနှောက်ယှက်စေဖြစ်သလို ကိုယ်တိုင်လည်းယုံကြည်မှုလျော့နည်းစေပါတယ်။ဒီနေ့မှာတော့ ခန္ဓာကိုယ်မှ ချွေးနံ့ဆိုးထွက်ခြင်းကို ကုသနိုင်မယ့် နည်းလမ်း (၅) မျိုးကိုပြောပြပေးချင်ပါတယ်။
(၁) ရေ
Source : Medical News Today
ပူပြင်းပြီး ချွေးထွက်များတဲ့ရာသီတွေမှာ ခန္ဓာကိုယ်အတွက် ရေဓာတ်ပြန်လည်ဖြည့်တင်း ရေများများသောက်ပေးဖို့လိုပါတယ်။ သောက်မယ့်ရေထဲကို သံပရာသီးတစ်စိတ်ခန့် ညှစ်သောက်ပေးပါက ပိုပြီးထိရောက်မှုရှိမှာဖြစ်ပါတယ်။ရေနဲ့သံပရာသီးဟာ ခန္ဓာကိုယ်ကအဆိပ်အတောက်တွေကိုဖယ်ရှားပေးတဲ့အပြင် ချွေးနံ့ဆိုးတွေကိုလည်းသက်သာစေမှာဖြစ်ပါတယ်။
(၂) ပန်းသီးရှာလကာရည်
Source : Reader’s Digest
ချွေးနံ့ဆိုးတွေထွက်ခြင်းကို ကာကွယ်ပေးနိုင်မယ့်အကောင်းဆုံးသဘာဝပစ္စည်းတစ်ခုကတော့ ပန်းသီးရှာလကာရည်ပါ။ပန်းသီးရှာလကာရည်ကိုအနဲ့ငယ်ကို ရေနဲ့အသင့်အတင့်ရောစပ်ပြီး ချိုင်းမှာလိမ်းလို့ရတဲ့ ချွေးနံ့ပျောက်ဆေးအဖြစ်အသုံးပြုနိုင် မှာဖြစ်ပါတယ်။
(၃) ကျောက်ချဉ်
Source : Jidiletter.co
ချွေးနံ့တွေကို အကောင်းဆုံးသက်သာစေမယ့် နည်းလမ်းလေးတစ်ခုကတော့ ကျောက်ချဉ်ဖြစ်ပါတယ်။ကျောက်ချဉ်ကိုသွေး ပြီးချွေးနံ့ အများဆုံးထွက်စေတဲ့ ချိုင်းလိုနေရာတွေမှာလိမ်းပေး ရင်သိသိသာသာချွေးနံပျောက်ကင်းစေမှာဖြစ်ပါတယ်။
(၄) မုန့်ဖုတ်ဆိုဒါ
Source : nolisoli.ph
မုန့်ဖုတ်ဆိုဒါကတော့ အနံ့အသက်ဆိုးတွေကိုကာကွယ်ပေးနိုင် တဲ့နေရာမှာဆရာတစ်ဆူပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ကမလိုလား အပ်တဲ့ ဘက်တီးရီးယားတွေကို သေစေတဲ့အပြင် ချွေးနံ့ဆိုးတွေထွက်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။အသုံးပြုနည်း ကတော့ မုန့်ဖုတ်ဆိုဒါစားပွဲတင်ဇွန်းတစ်ဇွန်းစာကို သံပုရာရည် အနဲငယ်နဲ့ သမအောင်မွှေပြီး ချိုင်းမှာလိမ်းပေးရမှာဖြစ်ပါတယ်။
(၅) တစ်ကိုယ်ရည်သန့်ရှင်းမှု
Source : shutterstock
ချွေးနံ့ဆိုးတွေရဲ့ အဓိကတရားခံဟာလည်း တစ်ကိုယ်ရေ သန့် ရှင်းမှုနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ချွေးထွက်များတဲ့သူ တွေအနေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုကိုပိုပြီး ဂရုစိုက်သင့်ပါတယ်။တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်ပုံမှန်ရေချိုးခြင်း သန့်ရှင်းပြီးအနံ့အသက်ကင်းစင်တဲ့အဝတ်အထည်များဝတ်ခြင်းစသည့် ဖြင့်တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ရမှာဖြစ်ပါတယ်။





