အိုင်တီခေတ်ကိုရောက်ရှိလာတာနဲ့ အမျှ ဆိုရှယ်မီဒီယာတွေဟာလည်း လူတွေရဲ့ နေ့စဉ်ဘဝမှာ မပါမဖြစ်အခန်းကဏ္ဍတစ်ခုကနေပါဝင်လာပါတယ်။အလုပ်အတွက်ဖြစ်စေ ဈေးရောင်း ဝယ်ရေးအတွက်ဖြစ်စေ ဖျော်ဖြေရေးအတွက်ဖြစ်စေ နည်းအမျိုးမျိုးနဲ့ ဆိုရှယ်မီဒီယာတွေကိုသုံးလာကြပါတယ်။

ဆိုရှယ်မီဒီယာဆိုတာကလည်း လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုဖြစ်တာကြောင့် သုံးတက်ရင်ဆေးဖြစ်သလို မသုံးတက်ရင်ဘေးဖြစ်စေမယ့်အရာတွေရှိပါတယ်။ဒီတစ်ခေါက်မှာတော့ လူတိုင်းသတိထားသင့်တဲ့ ဆိုရှယ်မီဒီယာပေါ်မှာ မလုပ်သင့်တဲ့လုပ်ရပ်တစ်ချို့ကို သတိပြုဆင်ခြင်မိစေဖို့ ပြောပြပေးချင်ပါတယ်။

(၁) အလွန်အကြူးဓာတ်ပုံတင်ခြင်း

Source : New York Post

ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံတင်တာဟာ အပြစ်တစ်ခုတော့မဟုတ်ပါဘူး။ကိုယ့်ရဲ့ အမှတ်တရဓာတ်ပုံလေးတွေ သူငယ်ချင်းအပေါင်းအသင်းတွေ မိသားစုတွေနဲ့ အမှတ်တရရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို လူတိုင်းလွတ်လပ်စွာတင်နိုင်ပါတယ် တင်လဲတင်ကြပါတယ်။ဒါပေမယ့် နေ့တိုင်းလိုလိုထမင်းစားရေသောက်ကအစ ပုံတွေတင်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဖုန်ထမယ်ဆိုရင်တော့ လူမြင်ကပ်စေမှာသေချာပါတယ်။

(၂) ဝေဖန်ရေးများခြင်း

Source : Shutterstock

လူတစ်ယောက်နဲ့ တစ်ယောက် ဝေဖန်ထောက်ပြတယ်ဆိုတာကောင်းတဲ့အချက်တစ်ခုပါ။လူတိုင်းလူတိုင်း လွတ်လပ်စွာပြောဆိုဝေဖန်နိုင်တယ်ဆိုပေမယ့် အမြဲတမ်းအဆိုးဘက်ကနေ ဝေဖန်ရေးတွေများ နေမယ်ဆိုရင် အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ဝေဖန်တာနဲ့ အပြစ်ပြောတာကိုတော့ ခွဲခြားသိမြင်တက်ဖို့လည်း လိုပါတယ်။မဟုတ်ရင်တော့ ကိုယ်ဟာအဆိုးမြင်ဝါဒီသမားတစ်ယောက်အဖြစ် လူတွေအထင်သေးခြင်းခံရနိုင်ပါတယ်။

(၃) အကြွားပိုစ့်တွေတင်ခြင်း

Source : iStock

လူတိုင်းလူတိုင်းက အစားကောင်းအသောက်ကောင်းလေးတွေစားရတဲ့အခါ နေရာကောင်း ကောင်းတစ်ခုရောက်တဲ့အခါ ပစ္စည်းကောင်းကောင်းလေးတွေရတဲ့အခါမှာ ဂုဏ်ယူဝင့်ကြွား စွာနဲ့ ကိုယ်ရဲ့ ဆိုရှယ်မီဒီယာပေါ်တင်တက်ကြပါတယ်။ဒါပေမယ့်လည်းအချိန်တိုင်းလိုလို နာမည်ကြီး Branded တွေအကြောင်း ကားအကောင်းစားတွေ Party တွေ Club တွေ စားသောက်ဆိုင်ကောင်းကောင်းတွေနဲ့ Rich Kid အထာဖမ်းပြီး အကြွားပို့စ်တွေတင်နေမယ်ဆိုရင်တော့ တဖြေးဖြေးလူတွေအမြင်ကပ်လာနိုင်ပါတယ်။

(၄) အချစ်ရေးပြဿနာတွေတင်ခြင်း

Source : Shutterstock

ချစ်သူစုံတွဲတိုင်း ပြဿနာနဲ့ မကင်းကြပါဘူး။ရန်မဖြစ်တဲ့စုံတွဲလဲမရှိပါဘူး။ဒါပေမယ့် ဆိုရှယ်မီဒီယာပေါ်အထိ ကိုယ်နဲ့ ကိုယ် ချစ်သူနှစ်ယောက်ရဲ့ အတွင်းရေးပြဿနာတွေကို ချပြတာ တော့လုံးဝမကောင်းပါဘူး။တကယ်လို့ ကိုယ်အနေနဲ့ တစ်ယောက်တည်းမွန်းကျပ်နေရင် ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ရင်ဖွင့်လိုက်ပါ။သူငယ်ချင်းမရှိဘူးဆိုရင်လည်း နောက်ဆုံးကိုယ့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ Only Me နဲ့ စာရေးပြီတင်ပါ။ဒါဆိုဘယ်သူမှလဲ ကိုယ့်ရဲ့အတွင်းရေးပြဿနာကို မသိနိုင်သလို ကိုယ့်အနေနဲ့ စိတ်ထဲပေါ့သွားမှာဖြစ်ပါတယ်။