ဘယ်သူတစ်ဦးတစ်ယောက်မှ ကိုယ့်ရဲ့လက်ရှိအသက်ထက်ပိုပြီး အိုမင်းရင့်ရော်နေတာမျိုး ကြိုက်နှစ်သက်ကြမယ်မထင်ပါဘူး။ဒါပေမယ့်လည်းတစ်ချို့လူတွေအနေနဲ့ မျိုးရိုးဗီဇလက္ခဏာ တွေကြောင့်အရွှယ်မတိုင်ခင်အိုမင်းရင်ရော်နေတာမျိုးရှိသလို တစ်ချို့ကျတော့လည်း မှားယွင်းတဲ့စားသောက်နေထိုင်မှုပုံစံတွေကြောင့် အရွှယ်မတိုင်ခင်အိုမင်းလာရတာတွေရှိပါတယ်။

ဒီတစ်ခေါက်မှာတော့လူတွေနေ့စဉ်ပြုလုပ်နေကြအရာတွေထဲမှာ အရွှယ်မတိုင် ခင်အိုမင်းရင့်ရော်လာစေမယ့် စားသောက်နေထိုင်မှုပုံစံအမှားတွေကိုသတိထားဆင်ခြင်မိစေဖို့ ပြောပြပေးချင် ပါတယ်။

(၁) ဆေးလိပ်နဲ့အရက်သောက်သုံးခြင်း

Source : Armoured Vehicles Latin America

ဆေးလိပ်နဲ့အရက်တွေဟာအမျိုးသားအစုနဲ့ မကင်းတဲ့အရာတွေပါ။ကြိုက်လိုဖြစ်စေ ငြင်းပယ်လို့မရတဲ့အရာတွေကြောင့်ဖြစါစေ ဆေးလိပ်နဲ့အရက်ကိုသောက်သုံးမိကြပါတယ်။ဆေးလိပ်မှာပါဝင်တဲ့ဓာတုပစ္စည်းတွေဟာသင့်ကိုရှိရင်းစွဲအသက်ထက်ပိုပြီးအိုမင်းရင့်ရော်လာစေမှာဖြစ်သလို အဆုတ်ကင်ဆာလို အသက်အန္တရာယ်ရှိတဲ့ရောဂါတွေပါဖြစ်လာနိုင်ပါတယ်။အရက်လည်းထိုနည်းလည်းကောင်းပါပဲ။ဆေးဖြစ်ဝါးဖြစ်မှီရုံကောင်းပေမယ့်လည်းအလွမ်အကျွံသောက်းသုံးမိရင်တော့အန္တရာယ်အများကြီးရှိပါတယ်။

(၂) ကျန်းမာတဲ့အဆီမစားသုံးခြင်း

Source : Shutterstock

အဆီဆိုတာမှာ ကျန်းမာတဲ့အဆီနဲ့ မကျန်းမာတဲ့အဆီဆိုပြီး နှစ် မျိုးရှိပါတယ်။ကျန်းမာတဲ့အဆီတွေဟာ ခန္ဓာကိုယ်အတွက်မရှိ မဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။အိုမီဂါ(၃)ဖက်တီအက်စစ်ကြွယ်ဝစွာပါဝင်တဲ့ သံလွင်ဆီ ငါး ထောပတ်သီး အစေ့အဆန် ဥအမျိုးမျိုးစတဲ့အစားအစာတွေကို မဖြစ်မနေစားသုံးပေးဖို့လိုပါတယ်။ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အဆီဓာတ်မစားသုံးတဲ့အခါ အသားအရေမွဲခြောက်ခြင်း အရေးအကြောင်းများဖြစ်ခြင်းစတဲ့အိုမင်းရင့်ရော်မှုလက္ခဏာတွေ ဖြစ်လာနိုင်လို့ပါ။

 

(၃) ကိုယ်နေဟန်အထားမမှန်ခြင်း

Source : healthworksergo.com

ခန္ဓာကိုယ် ကိုယ်နေဟန်အထားမမှန်ခြင်းကလည်း သင့်ကိုရပ် ရင့်လာစေတဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ကိုယ်နေဟန်ထားမမှန်ခြင်းက ခန္ဓာကိုယ်ရှိကြွက်သားတွေ အရိုးအကြောတွေကို ဟန်ချက်မညီဖြစ်စေပြီး အရိုးနဲ့ကြွက်သားတည်ဆောက်ပုံတွေကို ကမောက်ကမဖြစ်စေကာ ခန္ဓာကိုယ်အချိုးအစားကိုပုံပျက်ပန်းပျက်ဖြစ်လာစေမှာဖြစ်ပါတယ်။အချိန်ကြာလာတဲ့အခါ မမှန်ကန်တဲ့ကိုယ်နေဟန်အထားတွေကြောင့် သင့်ခန္ဓာကိုယ်က တဖြည်းဖြည်းယို့ယွင်းပျက်စီးလာခြင်းပြီး အိုမင်းရင့်ရော်ခြင်းတွေ အစပျိုးလာမှာဖြစ်ပါတယ်။

(၄) စိတ်ဖိစီးမှုများခြင်း

Source : Shutterstock

ဒီအချက်ကတော့ အားလုံးလည်းသိပြီးသားဖြစ်ပါတယ်။စိတ် ဖိစီးမှုဒဏ်ခံစားရသူတွေဟာ စိတ်ဖိစီးမှုမရှိတဲ့သူတွေထက်ပိုပြီး ရုပ်ရင့်စေတယ်လို့ သုတေသနပညာရှင်တွေရဲ့ လေ့လာချက်တွေအရသိရပါတယ်။စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ရှိဆဲလ်တွေ ကိုဆိုးရွှားစွာပျက်စီးထိခိုက်စေတာကြောင့် အရွှယ်မတိုင်အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေမှာဖြစ်ပါတယ်။ဒါကြောင့်အတက်နိုင် ဆုံးစိတ်ဖိစီးစရာအကြောင်းအရာတွေ အဝင်မခံပါနဲ့။ စိတ်ဖိစီး စရာတွေကြုံလာတိုင်းလည်း အမြန်ဆုံးရှင်းထုတ်ပစ်ပါ။

(၅) အိပ်ရေးပျက်ခြင်း

Source : Shutterstock

လူတစ်ယောက်အတွက် တစ်ညကိုပုံမှန်အိပ်စက်ချိန် (၇) နာရီခန့် လိုအပ်တယ်ဆိုပေမယ့်လည်း အိပ်ရေးပျက်စရာအကြောင်းအရာတွေအများကြီးရှိနေပါတယ်။ဥပမာဖုန်းတွေ ဂိမ်းတွေစွဲစွဲလန်းလန်းဆော့လာကြတာကြောင့် ယနေ့ခေတ်လူတွေရဲ့ အိပ်စက်ချိန်တွေဟာ မလောက်ငှကြတော့ပါဘူး။ထိုအခါခေါင်းမူးခေါင်းကိုက်ဖြစ်ခြင်း အားအင်ကုန်ခမ်းပင်ပန်းနွမ်းနွယ်ခြင်း ကိုယ်အလေးချိန်တက်လာခြင်းစတဲ့ မူမမှန်တဲ့ဇီဝကမ ဖြစ် စဉ်တွေကြောင့် ကိုယ့်အသက်ထက်ပိုပြီး အိုမင်းရင့်ရော်လာတာမျိုးတွေဖြစ်လာမှာဖြစ်ပါတယ်။