ကိုယ်ထက်အသက်ငယ်တဲ့ကောင်မလေးတွေကို သဘောကျတဲ့ ကွီးတွေရှိလား။ချာတိတ်မလေးတွေကိုချစ်သူတော်မယ်ဆိုရင် ထင်သလောက်မလွယ်ကူပါဘူးနော်။ရည်းစားဖြစ်ဖို့ ပိုးပန်းရာမှာလည်း အခက်အခဲတွေအများကြီးရှိသလို ရည်းစားဖြစ်သွားရင်လည်း လိုက်နာရမယ့်အချက်တွေအများကြီးရှိပါတယ်။ဒါကြောင့် သင်ဟာ ကိုယ့်ထက်အသက်ငယ်တဲ့ချာတိတ်မလေးတစ်ယောက်ကို ချစ်သူတော်တော့မယ်ဆိုရင် ဒီအချက်တွေ မဖြစ်မနေ သိထားဖို့လိုပါတယ်။

(၁) စမတ်ကျကျနေတက်ရမယ်

Source : Shutterstock

အသက်ငယ်တဲ့မိန်းကလေးအများစုက စမတ်ကျတဲ့ ကိုကိုတွေကိုပိုပြီးသဘောကျတက်ကြတာပါ။ဒါကြောင့် သင့်ရဲ့ အဝတ်အစား အနေအထိုင်အပြောအဆိုကအစ စမတ်ကျကျနဲ့ အထာကျနေသူတစ်ယောက်ဖြစ်ဖို့အရမ်းကိုအရေးကြီးပါတယ်။ကောင်မလေးရဲ့ အမြင်မှာ ထော်လော်ကန့်လန်ဖြစ်စေမယ့် အဝတ်အစားမျိုး ဖက်ရှင်မျိုးတွေကိုလုံးဝရှောင်ကြည်ပြီး တည်ငြိမ်သူတစ်ယောက်အဖြစ် စမတ်ကျကျနေတက်ရပါမယ်။

(၂) ရင့်ကျက်မှုရှိရပါမယ်

Source : Shutterstock

ကိုယ်သဘောကျတဲ့ကောင်မလေးက ကိုယ့်ထက်အသက်ငယ်မယ်ဆိုရင် သူမထက်စာရင် ကိုယ့်ရဲ့အတွေးအခေါ်တွေ စကားပြောဆိုပုံတွေက ပိုပြီးတည်ငြိမ်ရင့်ကျက်နေမှအဆင်ပြေမှာပါအချိန်တိုင်းရုပ်တည် နဲ့ နေဖို့မလိုပါဘူး။စကားပြောရာမှာတည်ကြည်မှုရှိပြီး လူကြီးလူကောင်းဆန်စွာနေထိုင်ရင်အဆင်ပြေပါတယ်။

(၃) နားလည်သည်းခံပေးတက်ရမယ်

Source : Shutterstock

အသက်ကြီးကြီးငယ်ငယ်မိန်းကလေးတွေသဘာဝကိုကကိုယ့်ချစ်သူအပေါ် ဆိုးချင်နွဲ့ချင်ကြတာပါ။ဒီထဲမှာမှ အသက်ငယ်တဲ့ ကောင်မလေးတွေဆိုရင်ပိုပြီးတောင် ဆိုးနွဲ့ချင်ကြပါသေးတယ်။ချာတိတ်မလေးတွေက သာမာန်မိန်းကလေးတွေထက်ပိုရစ်တာ ဆိုးတာနွဲ့တာတွေရှိတက်တာကြောင့် ကိုယ်အနေနဲ့ နားလည်းသည်းခံပေးပြီး ချော့တက်ဖို့လည်းလိုပါတယ် ။အဓိကအားဖြင့်သူတို့ ကအချော့ကြိုက်ကြတဲ့သူတွေမလို့ပါ။

(၄) လမ်းပြဦးဆောင်နိုင်ရမယ်

Source : Shutterstock

ချစ်သူစုံတွဲတစ်ခုက ယောကျာ်းလေးတွေက ဦးဆောင်နိုင်သူ တစ်ယောက်ဖြစ်ဖို့အရမ်းကိုအရေးကြီးပါတယ်။အသက်ငယ် တဲ့ကောင်မလေးတွေကိုချစ်သူတော်ထားတဲ့ကိုကိုတွေဆိုရင် ပိုပြီး ဦးဆောင်လမ်းပြနိုင်သူတစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်။ သူတို့ကိုအကြံဉာဏ်ကောင်းတွေပေးနိုင်တာ ဦးဆောင်နိုင်တာ အမှားအမှန်ကိုခွဲခြားပြနိုင်တာ စသည့်ဖြင့်ကိုယ်ကလမ်းပြသူ တစ်ယောက်ဖြစ်နေမှသာ ကိုယ့်အပေါ်ယုံကြည်အားကိုးကာအချစ်တွေပိုမှာပါ။