အခုနောက်ပိုင်း Budget Trip လေးတွေသွားကြတာတော်တော်လေးရေပန်းစားနေပါတယ်။ဟုတ်ပါတယ် ခရီးတစ်ခေါက်သွားဖို့ဆိုတာ လွယ်တော့မလွယ်ပါဘူး။ခရီးသွားခင်မှာလည်း လိုအပ်တာတွေဝယ်ချမ်းကြရသလို ခရီးလမ်းတစ်လျောက် အဆင်ပြေစေဖို့ ကြိုတင်စီစဉ်ရတာတွေ ပိုက်ဆံအလုံအလောက်ထည့်ရတာတွေနဲ့တော်တော်လေးကို ခက်ခဲပါတယ်။
ဒါပေမယ့် ခရီးတော့သွားချင်တယ် ကုန်ကျစရိတ်လည်းသက်သာချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေနဲ့ Budget Trip လေးတစ်ခုထွက်လိုက်ပါ။
(၁) သွားမယ့်နေရာ ကြိုတင်လေ့လာပါ
Source : theatlasedit.com
Budget Trip ဖြစ်တဲ့အတွက် ကိုယ်သွားမယ့်နေရာဒေသကလည်း အရမ်းကိုအရေးကြီးပါတယ်။သွားရေးလာရေးလွယ်ကူမယ့်နေရာ ၊ သယ်ယူပို့ဆောင်ရေး ကောင်းကောင်းရှိတဲ့နေရာ ၊ ကိုယ်နေတဲ့နေရာနဲ့ သိပ်မဝေးတဲ့နေရာမျိုးတွေကိုပဲ သွားလည်သင့်တာဖြစ်ပါတယ်။အကောင်းဆုံးကတော့ ၁ညအိပ် ၂ရက်ခရီးစဉ်က ကုန်ကျစရိတ်လည်းသက်သာစေသလို လည်ပတ်ဖို့အချိန်လည်းကောင်းကောင်းရပါတယ်။
(၂) ရထားနဲ့သွားပါ
Source : Pixabay
ခရီးသွားရင် သွားရေးလာရေးအတွက် ကားတွေလောက်ပဲ အသုံးပြုကြတာများပါတယ်။ဒါပေမယ့် Budget Trip အတွက်အသင့်တော်ဆုံးက ရထားနဲ့ ခရီးသွားခြင်းပါ။ ရထားနဲ့ ခရီးသွားခြင်းက ကုန်ကျစရိတ်လည်းသက်သာစေသလို အတွေ့အကြုံ အသစ်အဆန်းတွေလည်း ရရှိမှာဖြစ်ပါတယ်။ဒါကြောင့် ကုန်ကျစရိတ်သက်သာတဲ့ ခရီးတစ်ခုဖန်တီးချင်ရင်တော့ ရထားနဲ့ခရီးသွားပါ။
(၃) အဝတ်အစားနည်းနည်းပဲပြင်ဆင်ပါ
Source : Travel Fashion Girl
အများစုက ခရီးသွားတဲ့အခါ အဝတ်အစားနဲ့ ပတ်သတ်ပြီး ခေါင်းစားလေ့ရှိကြပါတယ်။ ကိုယ်အနေနဲ့ Budget ခရီးသွားမှာဖြစ်တာကြောင့် အဝတ်အစားအတွက်အရမ်းကြီးခေါင်းစားမနေပါနဲ့။ကိုယ်မှာရှိတဲ့အဝတ်အစားတွေထဲကပဲ အသင့်တော်ဆုံး အဝတ်အစား ၂စုံ လောက်သာထည့်သွားပါ။အကယ်၍ လမ်းမှာ အဝတ်အစားလဲလှယ်ဝတ်ဖို့ လိုအပ်လာရင်လည်း ဒေသထွက်အကျီ ၤလေးတွေ ပေါ့ပေါ့ပါးပါးဝယ်ဝတ်လိုက်လို့ရပါတယ်။
(၄) တည်းခိုစရာနေရာရွေးပါ
Source : Shutterstock
အခုနောက်ပိုင်းခရီးသွားလုပ်ငန်းတွေ တိုးတက်လာတာကြောင့် နေရာတိုင်းလိုလိုမှာ ဟိုတယ်တွေ တည်းခိုစရာတွေ များပြားလာပါပြီ။ Budget Planနဲ့ ခရီးသွားမယ့်သူတွေအတွက်တောင် ဈေးသက်သက်သာသာနဲ့ တည်းခိုနိုင်မယ့်နေရာလေးတွေ ရှိလာပါပြီ။ဈေးနှုန်းအားဖြင့်လည်း သောင်းဂဏန်းဝန်းကျင်လောက်ပဲ ရှိပါတယ်။ ဒီလိုဈေးသက်သက်သာသာနဲ့ တည်းခိုနိုင်မယ့်နေရာလေးတွေကိုတော့ ခရီးမသွားခင်ကတည်းက ကြိုတင်စုံစမ်းထားဖို့လိုပါမယ်နော်။
(၅) ဒေသထွက် အစားအစာတွေစားပါ
Source : Holiday Genie
ကုန်ကျစရိတ် သက်သက်သာသာနဲ့ Budget ခရီးသွားမယ်ဆိုရင်တော့ ဒေသထွက်အစားစာလေးတွေက အကောင်းဆုံးပါပဲ။ခရီးသွားရင် အများစုကနီးစပ်ရာစားသောက်ဆိုင်ကြီးတွေမှာပဲ ဝယ်စားမိကြတာများပါတယ်။တကယ်တော့ စားသောက်ဆိုင်တွေမှာစားတာထက် ကိုယ်သွားလည်တဲ့နေရာရဲ့ ဒေသထွက် အစားစာလေးတွေက ဈေးလည်းသက်သာပြီး အရသာအသစ်အဆန်းလေးတွေကိုလည်း ရရှိစေမှာဖြစ်တာကြောင့် မဖြစ်မနေ မြည်းစမ်းကြည့်ဖို့ အကြံပြုလိုက်ပါတယ်။





