ယနေ့ခေတ်မှာ လူကြီးလူငယ် မရွေးဖက်ရှင်နဲ့ ပတ်သတ်ပြီး တော်တော်လေးအလေးပေးလာကြပါပြီ။ဖက်ရှင်ကလည်း လူတစ်ယောက်ကိုအများကြီးပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားတွေရှိပါတယ်။ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေတာကလည်း ကိုယ်ဝတ်ဆင်တဲ့ ဖက်ရှင်ပေါ်မှာလည်းအများကြီးမူတည်နေပါတယ်။ဒီတစ်ခေါက်မှာတော့ ဖက်ရှင်ကျကျဝတ်ဆင်ချင်သူတိုင်း ရွေးချယ်သင့်တဲ့ အဝတ်အစားအရောင်တွေကိုပြောပြပေးချင်ပါတယ်။

(၁) အနက်ရောင်

Source : pinterest.com

ဖက်ရှင်နဲ့ ပတ်သတ်ပြီး ဘယ်ချိန်ပဲဖြစ်ဖြစ် ရိုးအီမသွားတဲ့ အရောင်ကတော့ အနက်ရောင်ပဲ ဖြစ်ပါတယ်။ အနက်ရောင်ဖက်ရှင်တွေဟာ အမျိုးသားတိုင်းလိုလိုလည်း ကြိုက်နှစ်သက်တဲ့ အရောင်တစ်မျိုးဖြစ်ပြီး ပေါ့ပေါ့ပါးပါးအပြင်သွားရင်ပဲ ဝတ်မလား ပွဲတက်အဝတ်အစားအဖြစ်ပဲ ဝတ်ဆင်မလားအဆင်ပြေစေတဲ့ အရောင်တစ်မျိုးပါ။All Black အနေနဲ့လည်း ဝတ်ဆင်နိုင်သလို ၊ အရောင်အနုအရင့် မရွေး တွဲဖက်လို့ဝတ်ဆင်လို့အကောင်းဆုံး အရောင်တစ်မျိုးပဲ ဖြစ်ပါတယ်။

(၂) ကာကီရောင်

Source : Pinterest

အမျိုးသားအများစုကြိုက်နှစ်သက်တဲ့ အရောင်ထဲမှာ ကာကီရောင်ကလည်း ထိပ်ဆုံးက ပါဝင်မယ်ထင်ပါတယ်။ကာကီရောင်ဟာ Classic ဆန်တဲ့အရောင်တွေထဲကတစ်ခုပါ။တခြား အရောင်တော်များများနဲ့လည်း တွဲဖက်ဝတ်လို့ အကောင်းဆုံးဖြစ်တာကြောင့် ကာကီရောင်ကတော့ သင့်ကို ဖက်ရှင်ကျစေမယ့် ရွေးချယ်စရာအရောင်တစ်မျိုးဖြစ်ပါတယ်။

(၃) အဝါရောင်

Source : Pinterest

အဝါရောင်ဖက်ရှင်တွေကတော့ လက်ရှိမှာရေပန်းအစားဆုံးအရောင်တွေထဲက တစ်ခုဖြစ်ပါတယ်။အမျိုးသားတွေအနေနဲ့ ကြိုက်နှစ်သက်ချင်မှ ကြိုက်နှစ်သက်ကြမှာပါ။ဒါပေမယ့် အဝါရောင်က သင့်ရဲ့ ဖက်ရှင်ကိုလူအများကြား ထင်းသွားစေပြီး မြင်သူတိုင်းငေးကြည့်ရလောက်အောင်စွမ်းဆောင်မှုရှိစေမှာဖြစ်ပါတယ်။အဝါတောက်တောက်ဖက်ရှင်တွေဝတ်ရဲတယ်ဆိုရင်တော့ စဉ်းစားမနေနဲ့တော့။ဖက်ရှင်ကျတဲ့ သူတစ်ယောက်ဖြစ်ဖို့ အခုပဲဝတ်ဆင်လိုက်ပါ။

(၄) မိုးပြာရောင်

Source : pinterest.com

ကာကီရောင် ဂျင်းရောင် အနက်ရောင်တို့နဲ့ တွဲဖက်ဝတ်ဆင်လို့ အကောင်းဆုံး အရောင်ငတော့ မိုးပြာရောင်ပါ။မိုးပြာရောင်က အမြင်အေးစေပြီး ခပ်သန့်သန့်စတိုင်မျိုးကို ပေးစွမ်းမယ့်အရောင်တစ်မျိုးဖြစ်ပါတယ်။မိုးပြာရောင်ဟာ ဖက်ရှင်ကျတဲ့လူတစ်ယောက်အသွင်ကိုဆောင်စေတာကြောင့် ဒီနှစ်အတွင်းမှာလည်း လူကြိုက်အများဆုံးအရောင်တစ်ခုအဖြစ်ရပ်တည်နေပါတယ်။

(၅) စစ်စိမ်းရောင်

Source : pinterest.com

ဖက်ရှင်နယ်ပယ်မှာ စစ်စိမ်းရောင်နဲ့ ပတ်သတ်တဲ့ အဝတ်အစားတွေ အသုံးဆောင်ပစ္စည်းတွေ ရေပန်းစားနေတာသတိထားမိကြလား။ စစ်စိမ်းရောင်ဟာတည်ကြည်ရင့်ကျက်တဲ့အသွင်ကိုဆောင်စေပါတယ်။စစ်စိမ်းရောင်နဲ့ အလိုက်ဖက်ဆုံးက ကာကီနဲ့ အနက်ပါ။တခြား သောအရောင်တွေနဲ့လည်း တွဲဖက်ဝတ်နိုင်ပေမယ့် ကာကီရောင် နဲ့အနက်ကတော့ လုံးဝဖက်ရှင်ကျတဲ့သူတွေ အမြဲဝတ်ဆင်လေ့ ရှိတဲ့ကာလာရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။