လူတိုင်းအချစ်နဲ့ မကင်းကြပါဘူး။ အချစ်နဲ့ မကင်းတဲ့လူသားတွေမလို့ အချစ်ကိုဖက်တွယ်မိတာကလည်း အရမ်းတော့မဆန်းကြယ်လှပါဘူး။ သို့ပေမယ့်လည်း လူတစ်ယောက်ကိုလိုတာထက်ပိုပြီး ချစ်နေမိမယ် ဖက်တွယ်မိမယ်ဆိုရင် ကြုံတွေ့ရမယ့်ပြဿနာတွေဆိုတာရှိပါတယ်။ ဘာတွေဖြစ်မလဲလေ့လာကြည့်ရအောင်။
(၁) ကိုယ့်ကိုယ်ကိုချစ်ဖို့ မေ့လာမယ်
Source : Lukas Leonte
လူတိုင်းက ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးပါလို့ ပြောကြပေမယ့် လူတစ်ယောက်ကို တကယ်နှစ်နှစ်ကာကာချစ်မိပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုချစ်ဖို့ မေ့လာတတ်ကြပါတယ်။ အရာရာ သူမအဆင်ပြေဖို့ကိုပဲ ဦးစားပေးစဉ်းစားလာမိမယ် သူမပျော်ရွှင်ဖို့ပဲကြံဆောင်နေမိမယ်။ ဒီလိုနဲ့ကြာလာတဲ့အခါ ကိုယ့်အတွက်ပျော်ရွှင်မှု ကိုယ့်အတွက်လိုအပ်ချက်တွေဆိုတဲ့အရာတွေက တစ်စထက်တစ်စ ပျောက်ဆုံးလာမှာဖြစ်ပါတယ်။
(၂) သူမရှိရင် အဆင်မပြေတော့သလို ခံစားလာရမယ်
Source : themartinsphotography.com
ဘယ်သွားသွား ဘာလုပ်လုပ် ကိုယ့်ရဲ့ တစ်နေ့တာမှာ သူမက အချိန်တိုင်းနီးပါးပါလာတဲ့အခါ သူမ မရှိရင်အဆင်မပြေတော့သလို ခံစားလာရပါလိမ့်မယ်။ ကိုယ့်ကိုယ့်ကိုယုံကြည်မှုလည်း လျော့နည်းလာပြီး သူမရှိမှ အဆင်ပြေမယ့် ပုံစံမျိုးဖြစ်လာတတ်ပါတယ်။ အကယ်၍သာ သူမနဲ့အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲလိုက်မယ်ဆိုရင် ကိုယ့်ရဲ့ဘဝဟာ အဆုံးအစမရှိတဲ့ ပင်လယ်ပင်မှာ လက်ပစ်ကူးသလို ရည်မှန်းချက်ပျောက်ဆုံးပြီး ဘဝအဓိပ္ပါယ်မဲ့သလိုခံစားရပါလိမ့်မယ်။
(၃) သူငယ်ချင်းမိတ်ဆွေနဲ့ အဆက်သွယ်ပြတ်လာမယ်
Source : unsplash.com
ကိုယ်ရဲ့အချိန်ဇယားတော်တော်များများက သူမအတွက်ပဲ ပုံအပ်ထားတဲ့အခါ ကိုယ်ပတ်ဝန်းကျင်က မိသားစုတွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တဖြည်းဖြည်းအလှမ်းဝေးလာပြီး အဆက်အသွယ် ပြတ်သလိုဖြစ်လာပါလိမ့်မယ်။ သူငယ်ချင်းတွေခေါ်တိုင်းလည်း လျော်တာများလာပြီး သူမနဲ့ပဲအချိန်ကုန်ဆုံးဖို့ တွေးလာပါလိမ့်မယ်။ ဘဝမှာ မိတ်ဆွေအပေါင်းအသင်းဆိုတာကလည်း မရှိမဖြစ်လိုအပ်တာကြောင့် သူတို့ကို ပစ်ပယ်မိတာမျိုး လုံးဝမလုပ်သင့်ပါဘူး။
(၄) စိုးရိမ်သောကတွေ ဖိစီးလာမယ်
Source : The Relate Institute
လူတိုင်းလူတိုင်း ကိုယ်အရမ်းချစ်တဲ့သူတစ်ယောက်ကို စိတ်ပူတာတွေ သဝန်တိုတာတွေ ဆိုတာတော့ရှိကြစမြဲပါ။ သူမနဲ့ ပတ်သက်ပြီး နည်းနည်းလေးမှ စိတ်မချတဲ့ခံစားချက်မျိုးတွေဖြစ်ပြီး ဒီအချိန်ဆိုဘာတွေလုပ်နေမလဲ ဘယ်သူနဲ့ရှိနေမလဲ စသည့်ဖြင့် ကိုယ့်ကိုယ့်ကို အကြိမ်ကြိမ်သတ်နေမိတဲ့ မေးခွန်းတွေနဲ့ စိုးရိမ်သောကတွေ များလာပါလိမ့်မယ်။ စိတ်ဆိုတဲ့အရာက ချဲ့ရင်ချဲ့သလို အဆုံးအစမရှိ ဆက်စပ်တွေးခေါ်တတ်တဲ့ အရာတစ်ခုဖြစ်တာကြောင့် ကိုယ်ရဲ့စိတ်ကပဲ ကိုယ့်ကိုပြန်ဒုက္ခပေးတာမျိုး ဖြစ်လာပါလိမ့်မယ်။




