နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးမှာ စမတ်ဖုန်းတွေရဲ့ အရေးပါမှု ကဏ္ဍကလည်း ပိုမိုကြီးထွားလာပါတယ်။ လူတိုင်းလူတိုင်း ကိုယ်ပိုင်စမတ်ဖုန်းတစ်လုံးစီရှိကြပြီး လူတွေရဲ့နေစဉ်ဘဝကလည်း အဆိုပါ စမတ်ဖုန်းတွေအပေါ်မှာပဲ အချိန်ကုန်ဆုံးမှုများလာကြပါတယ်။

ပုံမှန်ထက်ပိုပြီး အိုင်တီပစ္စည်းတွေကိုအသုံးပြုခြင်းဟာ မကောင်းတဲ့လက္ခာတစ်ရပ်ဖြစ်တာကြောင့် ဒီနေ့မှာတော့ စမတ်ဖုန်းအသုံးပြုခြင်းနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ပြောပြပေးချင်ပါတယ်။

(၁) မှတ်ဉာဏ်စွမ်းရည်ထိခိုက်ခြင်း

Source : Waterford Whispers News

အချိန်ကြာမြင့်စွာ စမတ်ဖုန်းအသုံးပြုခြင်းက ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို များစွာထိခိုက်လာစေပါတယ်။ ဦးနှောက်ရဲ့ အလုပ်လုပ်မှုကို နှောင့်နှေးစေတဲ့အတွက် မကြာခဏ မေ့လျော့တာတွေဖြစ်လာကာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းတွေ ၊ ဖန်တီးနိုင်စွမ်းတွေပါ လျော့ကျလာမှာဖြစ်ပါတယ်။

စမတ်ဖုန်းတွေရဲ့ လွှမ်းမိုးမှုကိုခံရပြီးတဲ့နောက်မှာတော့ စိတ်ဓာတ်ကျခြင်း ၊ စိတ်မပျော်မရွှင်ဖြစ်ခြင်းတွေနဲ့အတူ Depression လို့ခေါ်တဲ့ စိတ်ကျရောဂါပါစွဲကပ်လာနိုင်တာကြောင့် အချိန်အပိုင်းအခြားတစ်ခုနဲ့သာ သုံးသင့်ပါတယ်။

(၂) ကိုယ်အလေးချိန်အဆမတန်တက်လာခြင်း

Source: depositphotos.com

ကိုယ်အလေးအချိန်များခြင်း ၊ အဝလွန်ခြင်းစတဲ့ ပြဿနာတော်တော်များများက စမတ်ဖုန်းအလွန်အကျွံသုံးခြင်းနဲ့ အများကြီး ဆက်နွယ်နေတယ်လို့ဆိုနိုင်ပါတယ်။ ဖုန်းအသုံးပြုသူအများစုက ထိုင်သုံးခြင်း သို့မဟုတ် အိပ်စက်လှဲလျောင်းပြီးသုံးခြင်း စတဲ့နည်းလမ်းတွေနဲ့ အသုံးပြုကြတာ များပါတယ်။ထိုကဲ့သို့ အချိန်အကန့်အသတ်မရှိ ဖုန်းတွေသုံးတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုက မရှိသလောက် ဖြစ်လာတဲ့အတွက် ကိုယ်အလေးအချိန်တက်ဖို့ အခွင့်အရေးပိုများလာတာပဲ ဖြစ်ပါတယ်။

(၃) လူမှုအသိုင်းအဝိုင်းနဲ့ အဆက်သွယ်ပြတ်လာခြင်း

Source : The Costa Rica News.

Social Media တွေမှာ ကမ္ဘာအရပ်ရပ်က ဖြစ်ပျက်နေတဲ့ သတင်းတွေကို သိရှိနိုင်တယ်ဆိုပေမယ့် တကယ့်လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံသလို ကောင်းကျိုးတွေတော့ မရနိုင်ပါဘူး။ အိမ်ထဲမှာပဲဖုန်းတွေသုံးနေခြင်းက ကြာလာတဲ့အခါ လူတွေရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို သွားလာဖို့ခက်ခဲလာမှာ ဖြစ်သလို လူမှုဝန်းကျင်အသိုင်းအဝိုင်းနဲ့လည်း တဖြည်းဖြည်းအဆက်သွယ်ပြတ်လာမှာဖြစ်ပါတယ်။ လူတိုင်းလူတိုင်း ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝလောကကြီးကိုလည်း ခံစားတတ်ဖို့လိုပါတယ်။

(၄) အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေခြင်း

Source: safetyandhealthmagazine.com

စမတ်ဖုန်းတွေကထွက်တဲ့ Radiation လှိုင်းတွေဟာ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ Social Media တွေ ၊ Game တွေကလည်း အိပ်စက်ချိန်ကျော်လွန်တဲ့ အထိ ဦးနှောက်ကို နိုးကြားတက်ကြွစေတာကြောင့် ညဘက်တွေမှာ အိပ်မပျော်တာမျိုး အများဆုံးကြုံတွေ့ကြရတာဖြစ်ပါတယ်။အကောင်းဆုံးကတော့ အိပ်ယာဝင်ခါနီးအချိန်နဲ့ အနည်းဆုံး ၁နာရီခန့်ခြားပြီး ဖုန်းတွေ ၊ အိုင်တီပစ္စည်းတွေကို အသုံးပြုသင့်ပါတယ်။