နေရာတိုင်းမှာ First Impression ကောင်းရဖို့ဆိုတာ အင်မတန်အရေးပါလှပါတယ်။ အထူးသဖြင့် အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေအမြင်မှာ ဆွဲဆောင်မှုရှိနေစေဖို့ အသေးစိတ်သတိထားရမယ့်အချက်လေးတွေကို တင်ပြပေးလိုက်ပါတယ်နော်။

(၁) တစ်ကိုယ်ရည် သန့်ရှင်းမှု

Source : FashionBeans

Branded တွေဝတ်ဆင်နေခြင်းထက် သန့်ရှင်းသပ်ရပ်တဲ့အသွင်ပြင်ရှိအောင် ဖြီးလိမ်းပြင်ဆင်ထားခြင်းက သင့်ကို ပိုပြီး Smart ကျစေမှာပါ။ ဘာလို့လဲဆိုရင် တကိုယ်ရည်သန့်ရှင်းမှုရှိခြင်းက ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့လူတစ်ယောက်အဖြစ် ထုတ်ဖော်ပြသနိုင်လို့ပါပဲ။

(၂) ဖိနပ်ရွေးချယ်မှု

Source : thegentlemansjournal.com

လူတစ်ဦးနဲ့တစ်ဦး တွေ့ဆုံခိုက် ပထမဆုံးသတိပြုမိစေတဲ့အရာတွေမှာ ဖိနပ်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကိုယ်နဲ့လိုက်ဖက်မှုရှိပြီး အရည်သွေးမြင့်တဲ့ ဖိနပ်အမျိုးစားကို ရွေးချယ်တတ်ခြင်းက သင့်ကို ပိုပြီး Gentleman ဆန်စေမှာဖြစ်ပါတယ်။

(၃) Fitting ကျတဲ့ အနောက်တိုင်းဝတ်စုံ

Source : iStock

အမျိုးသားတစ်ယောက်ချင်းစီတိုင်းအတွက် Suit ကောင်းကောင်းတစ်စုံဆိုတာ ရှိကိုရှိထားသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ပုခုံးအကျယ်နဲ့ Fit ဖြစ်စေမယ့်ကုတ်အင်္ကျီ ၊ ကိုယ့်အရပ်နဲ့ ကွက်တိဖြစ်စေမယ့် အောက်ခံအင်္ကျီ လက်ရှည်၊ ဘောင်းဘီရှည်ကို ရွေးချယ်ဝတ်ဆင်တတ်မှသာ ပျိုမေတို့အမြင်မှာ စမတ်ကျနေနိုင်မှာဖြစ်ပါတယ်။

(၄) ဖက်ရှင်ကျတဲ့ Accessories ပစ္စည်း

Source : iStock

ကိုယ့်ရဲ့အဝတ်စားနဲ့ လိုက်ဖက်မှုရှိတဲ့ Accessories လေးတွေ တွဲဖက်ဝတ်ဆင်တတ်ခြင်းကလည်း သင့်ကို Fashion အမြင်ရှိသူတစ်ယောက်အဖြစ် ထင်ဟပ်စေပါတယ်။ အမျိုးသားတစ်ယောက်အနေနဲ့ အဓိကကျဆုံး Accessories ပစ္စည်းကတော့ အရည်သွေးမြင့်တဲ့ နာရီကောင်းကောင်းတစ်လုံးဝတ်ဆင်ထားရုံနဲ့ လုံလောက်ပြီလို့ ဆိုနိုင်ပါတယ်။

(၅) ရေမွှေးနဲ့ Personality

Source : FragranceX.com

ရေမွှေးတွေဟာ ကိုယ်ဟာ ဘယ်လိုလူမျိုးတစ်ယောက်ဆိုတာကို ဖော်ပြနိုင်မယ့် အချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ ရေမွှေးအမျိုးစား ရွေးချယ်သုံးစွဲတတ်ဖို့ကလည်း မဖြစ်မနေလိုအပ်ပါတယ်။ အမျိုးသားတွေအနေနဲ့ စူးရှတဲ့ရနံ့မျိုးထက် ရနံ့သင်းသင်းလေးတွေက ပိုပြီး လူကြီးလူကောင်းဆန်စေမှာ ဖြစ်ပါတယ်။