ယနေ့ခေတ်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်လာကြတာကြောင့် အမျိုးသမီးတွေရဲ့ အားကိုးယုံကြည်မှုကို ရနိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်တော့ပါဘူး။ ဒါကြောင့် အမျိုးသမီးတွေအားကိုးချင်တဲ့ ပုရိသတစ်ယောက်ဖြစ်စေမယ့် အချက်လေးတွေကို တူတူလေ့လာကြည့်ရအောင်။

(၁) တန်ဖိုးထားကြောင်း ပေါ်လွင်အောင် ပြုမူပြောဆိုပါ

Source : lovepanky.com

ချစ်သူများနေ့၊ မွေးနေ့စတဲ့ နေ့တွေမှာ တခမ်းတနားချစ်ပြနေဖို့ထက် လူကြီးလူကောင်းဆန်စေတဲ့အပြုအမူလေးတွေက အမျိုးသမီးတွေရဲ့ နှလုံးသားကို ပိုပြီးလှုပ်ခတ်စေနိုင်ပါတယ်။ ဥပမာ-ကားပေါ်ကဆင်းချိန် ကားတံခါးလေး ဖွင့်ပေးတာမျိုး၊ လမ်းကူးနေချိန် လက်လေး တွဲထားပေးတာမျိုး စတဲ့အပြုအမူလေးတွေက ပိုပြီးနွေးထွေးလုံခြုံမှုပေးနိုင်တယ်လို့ ခံစားရစေမှာဖြစ်ပါတယ်။

(၂) နေရာအလိုက် စမတ်ကျကျ ဝတ်ဆင်ပါ

Source : The Fearless Man

စမတ်ကျတဲ့ ပုရိသတစ်ယောက်ဖြစ်စေဖို့ လမ်းထိပ်မုန့်ဟင်းခါးဆိုင်ကအစ Opera ပွဲအဆုံး လိုက်ဖက်ညီစွာ ဝတ်ဆင်တတ်ဖို့လည်း လိုပါတယ်။ အဝတ်အစားကို စနစ်တကျရွေးချယ်ပြင်ဆင်တတ်ခြင်းကလည်း ကိုယ့် Partner အပေါ် အလေးထားမှုကို လှစ်ဟပြသနေခြင်းတစ်မျိုးဖြစ်ပါတယ်။

(၃) ဟာသဉာဏ်ကြွယ်ပါ

Source : Guardian Soulmates

အမျိုးသမီးတွေအတွက် အနေအေးသူတွေက လုံးဝဆွဲဆောင်မှုရှိစေမှာ မဟုတ်ပါဘူး။ အဓိက သူတို့ကို ရယ်မောပျော်ရွှင်စေနိုင်သူကသာ သူတို့ရဲ့ စိတ်အာရုံကို ပိုမိုဖမ်းစားနိုင်မှာဖြစ်ပါတယ်။ သူမ စိတ်အားငယ်နေချိန် ၊ စိတ်ဓာတ်ကျနေချိန်တွေမှာ ရယ်စရာလေးတွေနဲ့ စိတ်ပျော်ရွှင်အောင် လုပ်ပေးတတ်ဖို့က အဓိကျတဲ့အရာတစ်ခုလို့ ဆိုနိုင်ပါတယ်။

(၄) သူမအကြိုက်လေးတွေ ချက်ကျွေးပါ

Source : kid101.com

ဟင်းချက်တတ်တဲ့ အမျိုးသားလောက် ဆွဲဆောင်အားပြင်းတဲ့သူ ကမ္ဘာပေါ်မှာမရှိနိုင်ပါဘူး။ စားသောက်ဆိုင်ကောင်းတွေ ခေါ်သွားခြင်းထက် ကိုယ်တိုင်အရသာရှိတာလေးတွေ ချက်ကျွေးခြင်းက အမျိုးသမီးတွေအတွက် ဘာနဲ့မှ မလဲနိုင်တဲ့ လက်ဆောင်တစ်ခုပဲဖြစ်ပါတယ်။ သင်ဟာ ဟင်းမချက်တတ်ဘူးဆိုရင်တော့ ခုကစပြီး ဟင်းချက်နည်းတွေ လေ့လာလိုက်ပါ။

(၅) Date လုပ်ဖို့ စီစဉ်တတ်အောင် ကြိုးစားပါ

Source : transthetics.com

သူမနဲ့ မတွေ့ခင်မှာထဲက Date အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ခြင်းကလည်း သင့်ကို အမှတ်ရစေမယ့် အချက်တစ်ခုပါပဲ။ Date လုပ်တဲ့အခါ ဘယ်သွားရမလဲ ၊ ဘာလုပ်ရမလဲဆိုတာ ရေရေရာရာမသိခြင်းထက် First Date တုန်းကလို သူမနဲ့အတူ သွားမယ့် စားမယ့် အစီစဉ်လေးကို ကြိုတင်ပြင်ဆင်ထားခြင်းက သူမကို တန်ဖိုးထားကြောင်း ပေါ်လွင်စေမှာပဲ ဖြစ်ပါတယ်။