လူတိုင်းလူတိုင်းဘဝမှာ စိတ်ဓာတ်ကျရတဲ့အခိုက်အတန့်မျိုး ကြုံဖူးကြမယ်ထင်ပါတယ်။စိတ်ဓာတ်ကျတဲ့ ဝေဒနာဟာ တကယ်ကိုခံရခက်စေပါတယ်။စိတ်ဓာတ်ကျနေပြီဆိုရင် အရာရာတိုင်းကိုအကောင်းမြင်နိုင်စွမ်းမရှိတော့ပဲ ပိုဆိုးတဲ့အခြေအနေဘက်ကိုဦးတည်သွားနေမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ စိတ်ဓာတ်ကျနေချိန်သိထားသင့်တဲ့ဆောင်ရန်ရှောင်ရန်အချက်တွေကိုပြောပြပေးချင်ပါတယ်။
(၁) တစ်ယောက်တည်းမနေပါနဲ့

Source : Freepik
စိတ်ဓာတ်ကျနေချိန်မှာ တစ်ယောက်တည်းနေထိုင်ရတာထက် သူငယ်ချင်းတွေ မိသားစုတွေနဲ့ အချိန်ကုန်သင့်ပါတယ်။ တစ်ယောက်တည်းနေတာက သင့်ကိုအထီးကျန်စေပြီး ခံစားချက်အဆိုးတွေ ဖြစ်ပေါ်စေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေချိန် ကိုယ်အခင်ရဆုံးသူငယ်ချင်းအပေါင်းအသင်းတွေ မိသားစုတွေအချိန်များများကုန်ဆုံးသင့်ပါတယ်။
(၂) အားကစားလုပ်ပါ

Source : Shutterstock
စိတ်ဓာတ်ကျပြီဆိုရင် အိပ်ယာထဲမှာခွေနေတာမျိုး အခန်းထဲအောင်းနေတာမျိုး ပြုလုပ်တက်ကြပါတယ်။ တကယ်တော့ စိတ်ဓာတ်ကျသလိုခံစားနေရတဲ့အချိန်မှာ ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားပိုနေပေးသင့်တာပါ။ ဒါကြောင့် အားကစားတစ်ခုခုလုပ်ဆောင်မျိုး Gym ကစားတာမျိုးနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားလုပ်နေပြီး စိတ်ဓာတ်ကျခြင်းတွေကိုတိုက်ထုတ်ပေးသင့်ပါတယ်။
(၃) မကောင်းတဲ့အတွေးတွေထုတ်ပစ်ပါ

Source : istock
စိတ်ဓာတ်ကျနေချိန်မှာ အရာရာတိုင်းက အဆိုးတွေပဲ မြင်တက်ကြတာသဘာဝတစ်ခုပါပဲ။ဒါပေမယ့်အဲ့ဒီအဆိုးတွေကို မြင်တက်လာတာကလည်း ကိုယ်ရဲ့ စိတ်ကြောင့်ပါ။ဒါကြောင့် စိတ်ဓာတ်ကျနေရင် ကိုယ့်ရဲ့စိတ်ကို ဖိအားတွေထပ်မပေးမိပါစေနဲ့ ။မကောင်းတဲ့ အတွေးတွေ မကောင်းတဲ့အကြောင်းအရာတွေကို ခေါင်းထဲက တက်နိုင်သလောက်ထုတ်ပစ်ပါ။
