ဖုန်းတစ်လုံးဟာ သုံးတာ ကြာလေလေ ပြဿနာရှိလာလေလေပါပဲ။ ဖုန်းသုံးရ နှေးကွေးလာမယ် ၊ ဘက်ထရီကြာကြာ အသုံးမခံတာတွေ ဖြစ်လာမယ်။ ဒီထဲမှာ ဘက်ထရီနဲ့ ပတ်သက်လို့ ကြာကြာ အသုံးခံဖို့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) Location Services တွေ သတိထားပါ

Photo: Reader’s Digest

GPS Data သုံးရင်လည်း ဘက်ထရီ ကြာကြာ မခံတတ်ပါဘူး။ တချို့ Apps တွေကတော့ GPS ရှိမှ အလုပ်လုပ်တာ မှန်ပေမယ့် ဒီ Apps ကို တကယ်သုံးမှပဲ GPS ဖွင့်ထားဖို့ အကြံပေးချင်ပါတယ်။

(၂) Notifications ဖွင့်တာ ဂရုစိုက်ပါ

Photo: Reader’s Digest

Apps တွေကို Noti တက်လာအောင် ဖွင့်တာကလည်း ဘက်ထရီပါဝါစားစေပါတယ်။ ကွန်ရက်ကနေ Noti တစ်ခု ရတဲ့အခါတိုင်း ဖုန်းဟာ ဘက်ထရီ သုံးစွဲမှု ရှိပါတယ်။ Settings ထဲမှာ မလိုတဲ့ Noti option တွေကို ပိတ်ထားပါ။

(၃) အနက်ရောင် Wallpaper သုံးပါ

Photo: Reader’s Digest

AMOLED display သုံးမယ်ဆိုရင် ပိုပြီး အလင်းနဲ့ကာလာစုံလင်ဖို့ Screen ပေါ်က pixel တစ်ခုချင်းစီဟာ ဘက်ထရီပါဝါကို ပိုပြီး သုံးစွဲလာပါတယ်။ ဒါကြောင့် ကိုယ့် Wallpaper ကို အနက်ရောင် သုံးပါ။ ဒါမှမဟုတ် Apps တွေကို Dark Themes သုံးပါ။

(၄) Airplane Mode သုံးပါ

Photo: Reader’s Digest

ဖုန်းဆိုတာ ဆယ်လူလာကွန်ရက်ကို ချိတ်ဆက်ဖို့ အမြဲကြိုးစားနေတာပါပဲ။ ဖုန်းတစ်လုံးဟာ ကွန်ရက်နဲ့ ချိတ်ဆက်မှုဖြတ်တောက်ထားရင် ဘက်ထရီကုန်မှု လျော့ကျပါတယ်။ Airplane Mode ဖွင့်ထားခြင်းအားဖြင့် ဖုန်းကို ဆယ်လူလာကွန်ရက်နဲ့ အဆက်ဖြတ်ထားပြီး ဘက်ထရီပါဝါ အကုန်မမြန်အောင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။
တချို့လည်း ဖုန်းမှာ အမြဲတမ်း WiFi တွေ ဖွင့်ထားမိတတ်ပါတယ်။ WiFi သုံးစရာမရှိရင် ပိတ်ထားတာက ဘက်ထရီကျန်းမာရေးအတွက် ကောင်းပါတယ်။

(၅) နောက်ကွယ်က Apps တွေ ရှင်းပါ

Photo: Reader’s Digest

တချို့ Apps တွေက ကိုယ်သုံးမနေဘူးဆိုရင်တောင် နောက်ကွယ်မှာ အလုပ်လုပ်နေတတ်တာကြောင့် ဖုန်းဘက်ထရီအကုန် မြန်စေပါတယ်။ ဒါကြောင့် မသုံးဘဲ ဖွင့်ထားတဲ့ Apps တွေ ပိတ်ထားပါ။

(၆) Brightness လျှော့ထားပါ

Photo: Reader’s Digest

ဖုန်း Screen တစ်ခုဟာ တောက်ပမှု မြင့်လေလေ ဘက်ထရီစားလေလေပါပဲ။ ဘက်ထရီအစားသက်သာအောင် ဖုန်းကို Brightness Level လျှော့ထားပါ။

(၇) ဖုန်း အပူမလွန်ပါစေနဲ့

Photo: Reader’s Digest

ဖုန်းဘက်ထရီ ပူလေလေ အားကုန်မြန်လေလေဖြစ်ပြီး ဘက်ထရီသက်တမ်းကျလေလေ ဖြစ်ပါတယ်။ ဖုန်းကို တိုက်ရိုက်နေရောင်အောက်ထားတာ ၊ တောက်လျှောက် အားသွင်းထားတာနဲ့ ဘောင်းဘီကျပ်ကျပ်ထဲ ထည့်သယ်သွားတာမျိုး ရှောင်ပါ။