လူတစ်ယောက်ဘယ်လောက် လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသလဲ (Productive) ဆိုတာကို ရလဒ်နဲ့ တိုင်းတာပါတယ်။ Productive ဖြစ်ဖို့ဆိုရင် အလုပ်တွေကို ဖိဖိစီးစီး ထိထိရောက်ရောက် လုပ်နိုင်တဲ့သူတွေဆီကနေ အတုယူဖို့ လိုပါတယ်။ Productive ဖြစ်ဖို့ တော်တဲ့မော်တဲ့သူတွေ ဘယ်လို လုပ်ကြသလဲ။
(၁) ဂိမ်းလို သဘောထားပါ

Photo: realmenrealstyle
လုပ်စရာရှိတဲ့အလုပ်တွေကို ဂိမ်းပွဲတစ်ခုလို တွေးကြည့်ပါ။ အလုပ်ဖြစ်ခြင်းရဲ့ အရေးကြီးတဲ့သော့ချက်က စနစ်တကျရှိခြင်း Systemization ပါပဲ။ ဂိမ်းတွေမှာဆိုရင် Gameplay ပေါ်လိုက်ပြီး သူ့အပိုင်းနဲ့သူ လုပ်သွားရမယ့် အလုပ်လေးတွေ ၊ ပြီးမြောက်ရမယ့် တာဝန်တွေနဲ့ လိုက်နာရမယ့် စံကျင့်ထုံး SOP တွေ ပါရှိပါတယ်။ မတူညီတဲ့ အဆင့်လေးတွေကို မြင်ပြီး အဓိက လုပ်ရမယ့်အချက်ကို ကိုင်တွယ်နိုင်ခြင်းက ဂိမ်းတစ်ပွဲကို အောင်မြင်စေတဲ့ အချက် ဖြစ်သလိုပဲ ကိုယ့်ရဲ့အလုပ်အကိုင်တွေကို ထိရောက်အောင်မြင်စေရေးမှာလည်း အခရာကျပါတယ်။
(၂) Plan အတိုင်း လုပ်ပါ

Photo: realmenrealstyle
Productive ဖြစ်ဖို့အတွက် အရေးတကြီး လိုက်နာရမယ့်အချက်တစ်ခုက ရိုးရှင်းပါတယ်။ အဲ့ဒါကတော့ Plan အတိုင်း သွားဖို့ပဲ ဖြစ်ပါတယ်။ အလုပ်တစ်ခု ထမြောက်အောင်မြင်ဖို့အတွက် ဗျူဟာတစ်ခု ချမှတ်ထားဖို့ လိုပါတယ်။ အစီအစဉ်တစ်ခု အစီအစဉ်ကျနမှုပေါ်လိုက်ပြီး အလုပ်တွေ ပြီးမြောက်အောင်မြင်မှု ရှိတယ်/မရှိဘူးဆိုတာ ဖြစ်လာတာပါ။ Plan ရဲ့ သဘောကတော့ တရားသေမထားသင့်ဘဲ ပြောင်းလွယ်ပြင်လွယ် Flexibility ဖြစ်ဖို့ကိုလည်း ထည့်တွက်ရမှာ ဖြစ်ပါတယ်။
(၃) ကိုယ့်ပါးစပ်ထဲ ရောက်လာတာကို သတိထားပါ

Photo: realmenrealstyle
မျှတမှန်ကန်တဲ့ စားသုံးမှုပုံစံကလည်း လူရဲ့ အလုပ်လုပ်နိုင်စွမ်းပေါ် သက်ရောက်မှုရှိပါတယ်။ အာဟာရဟာ စွမ်းအင် Levels ပေါ် အကြီးအကျယ် သက်ရောက်မှုရှိပါတယ်။ စွမ်းအင် Level တက်လာရင် လုပ်နိုင်ကိုင်နိုင်စွမ်းလည်း မြင့်မားလာမှာပါပဲ။ ဒါက ချက်ချင်းမသိသာပေမယ့် ရေရှည် အလုပ်လုပ်ဆောင်နိုင်စွမ်းကို အဆုံးအဖြတ်ပေးတဲ့အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်စားမယ့်အစားအစာကိုလည်း Productive ဖြစ်ရေးမှာ အားပေးအောင် ဂရုစိုက်ပါ။
(၄) ဘောပင်နဲ့ စာရွက် သုံးပါ

Photo: realmenrealstyle
နည်းလမ်းဟောင်းကြီးဖြစ်ပေမယ့် လုပ်ကိုင်နိုင်စွမ်း တက်စေဖို့ သိပ်ကို အသုံးဝင်တဲ့ စနစ်တစ်ခုက စာရွက်နဲ့ ဘောပင်တွေ သုံးပြီး ကိုယ့်ရဲ့ တစ်နေ့တာ လုပ်စရာတွေ ၊ စိတ်ကူးနဲ့ အတွေးတွေ ချရေးတာပဲ ဖြစ်ပါတယ်။ နည်းပညာခေတ်မှာ လက်နဲ့ စာရေးမှတ်သားတဲ့သူတွေ နည်းလာချိန်မှာ ဒီနည်းဟောင်းကြီးကို ပြန်တူးဖော်အသုံးပြုကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။
