အတွေးတွေက သင့်ဘဝရဲ့ပျော်ရွှင်မှုပေါ်မှာ များစွာအကျိုးသက်ရောက်မှုရှိပါတယ်။ အပြု သဘောဆောင်တဲ့အတွေးတွေက သင့်ရဲ့စိတ်ဓာတ်တက်ကြွမှုကို အမြင့်ဆုံးရောက်အောင်မြှင့်တင်ပေးနိုင်သလို စိတ်ပျက်အားငယ်စေတဲ့ အတွေးတွေကြောင့်လည်း သင့်ရဲ့စိတ်ဓာတ်ကို ဟိုးအောက်ဆုံးအထိ ဆွဲချသွားနိုင်ပါတယ်။ ဒီနေ့စာဖတ်ပရိသတ်တွေအတွက်မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဘဝကိုပိုမိုပျော်ရွှင်စေမယ့် အတွေးအခေါ်နဲ့နည်းဗျူဟာတချို့အကြောင်းပဲဖြစ်ပါတယ်။
(၁) သေးသေးလေးတွေကနေစတင်ပါ

Source : Dating & Relationships – LoveToKnow
Ferrari ပြိုင်ကားဝယ်စီးတာ ဒေါ်လာတစ်သောင်းတန်အိမ်တစ်အိမ် ပိုင်ဆိုင်တာတွေက လူတိုင်းကိုပျော်ရွှင်ရစေမှာပါ။ သို့သော်လည်း စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာကတော့ သေးငယ်တဲ့အရာလေးတွေမှာတွေ့နိုင်မှာဖြစ်ပါတယ်။ ဥပမာ သင်ချစ်တဲ့သူတွေကို မနက်တိုင်းချစ်တယ်လို့ ပြောပေးတာ ၊ ကျေးဇူးတင်ပါတယ်လို့ ပြောတာမျိုးပါ။ ကျွန်တော်တို့အများစုလျစ်လျူရှုထားမိတဲ့ ဒီလိုသေးငယ်တဲ့အရာတွေကသာ စစ်မှန်တဲ့ပျော်ရွှင်မှုကိုပေးနိုင်မှာဖြစ်ပါတယ်။
(၂) တခြားသူတွေကိုပျော်ရွှင်အောင်လုပ်ပေးပါ

Source : 123RF
သင်ကိုယ်တိုင်ပျော်ရွှင်မှုကိုခံစားရစေဖို့ အရင်ဆုံးလုပ်ရမှာတစ်ခုက တခြားသူတွေကိုပျော်ရွှင်အောင်လုပ်ပေးတာပါပဲ။ မယုံမရှိပါနဲ့ တခြားသူတွေကိုပျော်ရွှင်အောင် များများကူညီလေ သင့်ဘဝမှာလည်း ပိုမိုပျော်ရွှင်ရလေပါပဲ။ ပျော်ရွှင်မှုဆိုတာ တစ်ကိုယ်ကောင်းဆန်တဲ့အရာမဟုတ်တာကြောင့် သင်ပြုလိုက်တဲ့ကံက သင့်ထံပြန်လာမှာ အသေအချာပါပဲ။
(၃) သင်ပေးသလောက် သင်ပြန်ရမှာပါ

Source : Daily Inspirations
ဘဝမှာ သင်ပေးသလောက် သင်ပြန်ရမယ်ဆိုတာကို အသေအချာနှလုံးသွင်းထားဖို့လိုပါတယ်။ အများစုကတော့ ရနိုင်တာထက်ပိုပြီး မျှော်လင့်မိတက်ကြပါတယ်။ ဒီတော့ ကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့အခါ စိတ်ပျက်ခြင်း ဝမ်းနည်းခြင်းတွေသာ ခံစားရမှာပါ။ ဒါကြောင့် သင့်ဘဝမှာ ပေးကမ်းစွန့်ကြဲခြင်းတွေ အကူညီတွေကိုများများပေးပါ။ သင့်အနေနဲ့ များများပိုပြီးပျော်ရွှင်လာရမှာပါ။
(၄) တိုးတက်အောင်လုပ်ဆောင်ပါ

Source : Wall-Street.ro
တစ်စုံတစ်ခုကို တိုးတက်အောင်မြင်အောင်လုပ်ဆောင်နိုင်တဲ့အခါမှာ လူတွေရဲ့ ချီးမွန်းခြင်းကနေဖြစ်စေ ကိုယ့်ကိုယ်ကို ဂုဏ်ယူဝမ်းမြောက်ခြင်းကနေဖြစ်စေ ပျော်ရွှင်တဲ့ခံစားမှုကိုသင်ခံစားရနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ တစ်ရက်ထက်တစ်ရက် သင့်ကိုတိုးတက်ပြောင်းလဲမှုရှိစေတဲ့အရာတွေကို လုပ်ဆောင်သွားပါ။ ကောင်းမွန်တဲ့တိုးတက်ပြောင်းလဲခြင်းတွေက ကျွန်တော်တို့ကို ပျော်ရွှင်မှုပေးနိုင်ပါတယ်။
