လူတိုင်းမှာ သူ့အကြိုက်နဲ့သူပါ။ ဒီအချက်ကို သေချာ သိချင်ရင် သင့်သူငယ်ချင်းတွေကို လက်ဖက်ရည်ဆိုင် ခေါ်သွားကြည့်ပါ။
ယမကာနဲ့ ပတ်သက်လာရင် တချို့သူတွေက ပိုလို့တောင် ဇီဇာကြောင်ပါတယ်။ ဂျိမ်းစ်ဘွန်းကိုပဲကြည့်။ သူဆို အမြဲ ဗော့ဒ်ကာ မာတီနီ သောက်တယ်။ ဥပမာအနေနဲ့ ပြောတာ ဖြစ်ပါတယ်။ အခုပြောမှာက ယောင်္ကျားထုအကြား လူကြိုက်များပြီး သောက်သုံးလေ့ရှိကြတဲ့ ယမကာတချို့အကြောင်းပါပဲ။
(၁) Rum & Coke

Photo: noseychef
ရမ်ကိုလာအတွဲက နာမည်ကြီးပါတယ်။ ရမ်ရဲ့ ချိုမြမြဟာ Coke နဲ့ တွဲစပ်လိုက်တဲ့အခါ ပါးစပ်ထဲ စွဲကျန်ခဲ့တာမျိုးပါ။ နောက်တစ်ချက်က သိပ်ကုန်ကျစရိတ်မများဘဲ သောက်နိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရမ်ထက် ဝီစကီကို ပိုသဘောကျသူတွေကတော့ JD လို့ခေါ်ကြတဲ့ Jack Daniel နဲ့ Coke တွဲသောက်ရတာကို ပိုသဘောကျကြပါတယ်။
(၂) ဘီယာ

Photo: bighospitality
ဘီယာကတော့ ယောင်္ကျားလေးတိုင်းလိုလို သဘောကျကြမှာပါ။ အရသာပေါ်လိုက်ပြီး ဘီယာကိုမှ Stout ကြိုက်သူ Lager ကြိုက်သူနဲ့ Ale ကြိုက်သူတွေဆိုပြီးပဲ ကွဲချင် ကွဲသွားနိုင်ပါတယ်။ ဘီယာက ပေါ့ပေါ့ပါးပါး သောက်လို့လည်း အဆင်ပြေပါတယ်။
(၃) Gin & Tonic

Photo: chowhound
Gin Tonic ကလည်း ငြိမ့်ငြိမ့်လေးနဲ့ ယစ်မူးချင်သူတွေအကြိုက်တွေ့မယ့် ယမကာဖြစ်ပါတယ်။ Gin ကတော့ နာမည်ကျော် ကော့တေးလ်တိုင်းမှာ အဓိက အဆာပလာပါပဲ။ Tonic ရဲ့ ကွဲပြားတဲ့ ရနံ့ Gin နဲ့ တွဲစပ်ချိန်မှာ အစပ်အဟပ်တည့်ပြီး အရသာပိုရွှင်လာစေပါတယ်။
(၄) ဝီစကီ

Photo: vega
ဝီစကီကတော့ Manliest Drink ပါပဲ။ အပြင်းစားအရသာကြိုက်တဲ့အမျိုးသားတွေအတွက် ယမကာစာရင်းမှာ ဝီစကီကို ချန်ထားခဲ့လို့ မရပါဘူး။
(၅) Cognac

Photo: Decanter
ကော့ညက်တို့ ဝိုင်တို့ဟာ Formal ကျကျ သောက်ဖို့ သိပ်ကောင်းတဲ့ ယမကာအမျိုးအစား ဖြစ်ပါတယ်။ ဧည့်ခံပွဲတက် သောက်စရာဖြစ်ပြီး များသောအားဖြင့် ဘားမှာ ယောင်္ကျားတွေ သိပ်မမှာဖြစ်တဲ့ ယမကာဆိုလည်း မမှားပါဘူး။
