Gen Z (ဂျန်ဇီ) လို့ အတိုကောက်ခေါ်နေကြတဲ့ Z မျိုးဆက်ဟာ နောက်ဆုံးပေါ် မျိုးဆက်တစ်ခု ဖြစ်ပါတယ်။ ၁၉၉၆ ကနေ ၂၀၁၅ (တစ်ချို့လည်း ၂၀၁၂ ခုနှစ် သတ်မှတ်ထား) အတွင်း မွေးတဲ့ အခု အသက် ၂၄/၂၅ အောက် လူငယ်တွေကို ဂျန်ဇီတွေလို့ ခေါ်ကြပါတယ်။ Social Media ခေတ် ၊ WiFi ၊ Google ၊ နည်းပညာခေတ်နဲ့အတူ မွေးဖွားကြီးပြင်းလာတဲ့ လူငယ်တွေ ဖြစ်ပြီး စိတ်ဝင်စားဖို့အကောင်းဆုံး မျိုးဆက်တစ်ခုအဖြစ်လည်း သတ်မှတ်ထားတာ ဖြစ်လို့ သူတို့အကြောင်း ဗဟုသုတရစရာအချက်တချို့ကို မျှဝေလိုက်ပါတယ်။

(၁) သမိုင်းမှာ မတူကွဲပြားမှု အများဆုံးမျိုးဆက်ဖြစ်တယ်

Photo: Freepik

Millennials လို့ ခေါ်တဲ့ အသက် ၃၅ နှစ်အောက် လူလတ်ပိုင်းတွေထက်စာရင် အသားအရောင် လူမျိုးရေး ကွဲပြားမှု ပိုပြီး မျှတအားကောင်းလာပါတယ်။ Gen Z အများစု (၇၂%) ဟာ လူမျိုးရေး မျှတမှုကို အရေးကြီးဆုံးကိစ္စတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

(၂) နည်းပညာစွမ်းရည် အမြင့်ဆုံးသူတွေ ဖြစ်ပါတယ်

Photo: Freepik

Gen Z တွေရဲ့ ၉၅% ဟာ အနည်းဆုံး စမတ်ဖုန်းတစ်လုံးစီ ရှိကြပါတယ်။ သူတို့ဟာ နည်းပညာနဲ့ လက်နဲ့ မပြတ်တမ်း သုံးနေတဲ့မျိုးဆက်ဖြစ်ပြီး ဒစ်ဂျစ်တယ်ပလက်ဖောင်းမျိုးစုံ ၊ နည်းပညာသစ်မျိုးစုံကို အကျွမ်းတဝင်ရှိကြသူတွေလည်း ဖြစ်ပါတယ်။

(၃) အာရုံစူးစိုက်နိုင်ချိန် တိုတောင်းတယ်

Photo: Freepik

Gen Z တွေရဲ့ အာရုံစူးစိုက်မှု လိုချင်ရင် သူတို့ရဲ့ပျမ်းမျှ အာရုံစိုက်နိုင်တဲ့ သက်တမ်းကို သိထားဖို့ လိုပါတယ်။ ပျမ်းမျှအားဖြင့် Gen Z တွေရဲ့ Attention Span ဟာ ၈ စက္ကန့်ပါတဲ့။ လူငယ်မျိုးဆက်ကို ဦးတည်ပြီး ကြော်ငြာမယ့်သူတွေအတွက် အရေးကြီးတဲ့ အချက်ဖြစ်ပါလိမ့်မယ်။

(၄) ဆန်းသစ် တီထွင်မှု မြင့်မားတယ်

Photo: Freepik

လွတ်လပ်တဲ့ လေ့လာမှုဟာ ဒီမျိုးဆက်မှာ ထွက်ပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။ Gen Z တွေဟာ သူ့အရင် မျိုးဆက်တွေထက် အွန်လိုင်းပေါ်က ပညာရေးအရင်းအမြစ်တွေကို ရယူနိုင်စွမ်း ပိုမြင့်လာပြီး ပြဿနာတစ်ခုကို ဖြေရှင်းရာမှာလည်း ကိုယ်ပိုင်နည်းလမ်းတွေနဲ့ လုပ်ဆောင်ကြပါတယ်။

(၅) တပြိုင်နက်တည်း အများကြီး ပိုလုပ်နိုင်တယ်

Photo: Freepik

အာရုံစူးစိုက်မှုအနေနဲ့ Gen Z တွေဟာ Millennial တွေလောက် အားမကောင်းတာ မှန်ပေမယ့် သူတို့ရဲ့နည်းလမ်းက ထူးခြားပါတယ်။ တနည်းပြောရရင် သူတို့ဟာ Multi-Taskers တွေလည်း ဖြစ်ပါတယ်။ လက်ထဲ ရှိတဲ့ ဖုန်း တက်ဘလက်ပေါ်မှာတင် ကျောင်းစာတွေ နုတ်စ်မှတ်တာ ၊ အကိုးအကားတွေ ရှာတာ ၊ ပညာရေးသင်ခန်းစာတွေ လေ့လာတာကနေ နည်းပညာသစ်တွေ စူးစမ်းတာ အကုန်ကို လုပ်နိုင်ကြပါတယ်။

ဒီမျိုးဆက်ဟာ လက်ရှိကမ္ဘာ့လူဦးရေအချိုးမှာ တခြား Generation တွေထက် စာရင်အင်အားအကြီးဆုံး မျိုးဆက်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ ၇.၇ ဘီလျံမှာ ၂.၄၇ ဘီလျံ (လူဦးရေရဲ့ ၃၂%) ဟာ Gen Z တွေ ဖြစ်လို့ ကမ္ဘာကြီးရဲ့ အနာဂါတ်ကို သူတို့ပဲ ဦးဆောင်လာတော့မှာပါ။