လူတိုင်းကတော့ ကိုယ့်အပေါ် အချစ်စစ်အချစ်မှန်နဲ့ချစ်တဲ့ အချစ်မျိုးကို ရှာဖွေနေကြသူတွေ ချည်းပါပဲ။ သင့်အနေနဲ့ စစ်မှန်တဲ့အချစ်ကို လိုချင်တယ်ဆိုရင် စစ်မှန်တဲ့အချစ်က ဘယ်လိုပုံစံမျိုးလဲဆိုတာတော့ သိထားသင့်တယ်မဟုတ်လား။ လောကမှာ စစ်မှန်တဲ့အချစ်က တကယ်ရှိသလို အတုအယောင်ချစ်ခြင်းတွေက လည်းရှိတာကြောင့် ဒီနေ့စာဖတ်ပရိသတ်တွေသိထားသင့်တဲ့ အချစ်စစ် (True Love) နဲ့ အတုအယောင်အချစ် (Fake Love) ကြားက ကွားခြားချက်လေးတွေကို ပြောပြပေးသွားချင်ပါတယ်။
(၁) စွန့်လွတ်အနစ်နာခံခြင်း Vs တစ်ကိုယ်ကောင်းဆန်ခြင်း
Source : Singapore Tatler
အချစ်စစ်ဟာ တစ်ကိုယ်ကောင်းဆန်ခြင်းကင်းတယ်။ တစ်စုံတစ်ဦးကို အမှန်တကယ်ပျော်ရွှင်စေဖို့ဆိုရင် ဘယ်လိုစွန့်လွှတ်အနစ်နာခံခြင်းကိုမဆိုလုပ်ဖို့ အသင့်ရှိနေတက်တယ်။ တစ်ဖက်မှာတော့ အတုအယောင်အချစ်က ကိုယ့်ကျိုးအတွက်သာကြည့်တက်ပြီး တစ်ကိုယ်ကောင်းဆန်ခြင်းတွေနဲ့ ရှင်သန်နေတက်ပါတယ်။
(၂) ရိုးသားမှုကိုလက်ကိုင်ထားခြင်း Vs လိမ်ညာလှည့်ဖျားခြင်း
Source : LIFE HEALTH CARE
အချစ်စစ်က ရိုးသားဖြူစင်တဲ့ ဘဝမှာနေထိုင်ရခြင်းကို အလွန်အမင်းနှစ်သက်ပါတယ်။ အလိမ်အညာမုသားကင်းပြီး သင့်ဘဝရဲ့ မလုံခြုံမှုများနှင့် သသံယများကို ဖယ်ရှားရှင်းလင်းပေးပါလိမ့်မယ်။ တစ်ဖက်မှာတော့ အတုအယောင်အချစ်က လိမ်ညာလှည့်ဖျားမှု မာယာတွေကြားမှာပျော်မွေ့နေသူဖြစ်ပါတယ်။ သင့်ကို စိုးရိမ်စိတ်တွေ မလုံခြုံစိတ်တွေဖြစ်စေပြီး မုသားတွေနဲ့ အမြဲအမှောင်ဖုံးထားပါလိမ့်မယ်။
(၃) ကြင်နာခြင်း Vs ရက်စက်ခြင်း
Source : The Gottman Institute
အချစ်စစ်မှာ နှလုံးသားကြီးကြီး တစ်စုံရှိပါတယ်။ ဆိုလိုတာကတော့ ကြင်နာယုယတက်ပြီး ကရုဏာစိတ်အပြည့်ရှိတဲ့ နှလုံးသားတစ်ခုကို ပိုင်ဆိုင်ထားတာပါ။ ဒါကြောင့် အချစ်စစ်ဟာ သင်နဲ့ထိုက်တန်တာထက်ပိုတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ကြင်နာမှုတွေကို ပေးမှာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ အတုအယောင်အချစ်က နှလုံးသားမဲ့တဲ့အတွက် သင့်ကိုနာကျင်မှုတွေ ရက်စက်တဲ့ ခံစားမှုဝေဒနာတွေပဲပေးမှာ ဖြစ်ပါတယ်။
(၄) ခွင့်လွှတ်ခြင်း Vs အညိုးအတေးထားခြင်း
Source : YouWorkForThem
အချစ်စစ်ဆိုတာ သင့်ရဲ့အားနည်းချက်တွေ ၊ အမှားတွေကို သည်းခံခွင့်လွှတ်ပေးပြီး ကောင်းမွန်တဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲလာသည်အထိ စောင့်ဆိုင်းပေးနိုင်ပါတယ်။ တစ်ဖက်မှာတော့ အတုအယောင်အချစ်ဟာ စိတ်ဆိုးဒေါသထွက်လွယ်တယ် ၊ အမှားတွေကို မှတ်တေးထားတက်တယ် ၊ သင့်ရဲ့ဖြေရှင်းချက်ကိုတောင်နားမထောင်ဘဲ ထင်ရာကိုချက်ချင်း ဆုံးဖြတ်ချက်ချတက်ပါတယ်။
(၅) ရည်မှန်းချက်ကြီးခြင်း Vs အလွယ်တကူအရှုံးပေးခြင်း
Source : Psychology Today
စစ်မှန်တဲ့အချစ်စစ်က သင့်နဲ့အတူ အနာဂတ်တစ်ခုတည်ဆောက်ဖို့ရည်မှန်းချက်ရှိပြီး ကျန်ရှိနေတဲ့ဘဝတစ်လျောက်လုံးမှာ သင့်နဲ့အတူတူဖြတ်သန်းဖို့ စိတ်ကူးထားမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်နဲ့ဆက်ဆံရေးကို ဘယ်ပုံဘယ်နည်းနဲ့မှ အထိအခိုက်ခံမှာမဟုတ်ပဲ ရေရှည်တည်မြဲဖို့ကိုသာ အာရုံစိုက်မှာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ အတုအယောင်အချစ်မှာ သင့်နဲ့အတူတူဖန်တီးမယ့် အနာဂတ် Plan ဆိုတာမျိုးလည်းမရှိပါဘူး။ အမြဲအနိုင်လိုစိတ်ကိုရှေ့တန်းတင်တက်ပြီး ပြဿနာတစ်စုံတစ်ခုတက်တိုင်း လမ်းခွဲဖို့ ဆက်ဆံရေးကိုရပ်တန့်ဖို့ စတဲ့ သင့်နဲ့ ဆက်ဆံရေးကို အလွယ်တကူအရှုံးပေးတဲ့ လုပ်ရပ်မျိုးတွေကိုသာ လုပ်မှာဖြစ်ပါတယ်။