စိတ်ညစ်စရာများနဲ့ ပြည့်နှက်နေတဲ့ သမီးရည်းစားဆက်ဆံရေးတစ်ခုက သင့်ကို ပျော်ရွှင်စေမှာမဟုတ်သလို အချိန်ကြာလာတဲ့အခါ စိတ်ဖိစီးမှုတွေကိုပဲ ခံစားရစေမှာပါ။ သင်က သင့်ချစ်သူကို ချစ်လွန်းလို့သာ ဆက်ဆံရေးကို မဖြတ်တောက်နိုင်ဘဲ တစ်ယောက်တည်း ကြိုးစားနေရတယ်ဆိုရင်တော့ သေချာပြန်လည် ဆန်းစစ်ဖို့ လိုနေပါပြီ။
ရန်မဖြစ်ကြတဲ့ ချစ်သူ၊ သမီးရည်းစားတွေတော့ မရှိဘူးဆိုပေမယ့် သင်တို့နှစ်ယောက်က အမြဲတမ်း တကျက်ကျက်နဲ့ ရန်ဖြစ်ပြီး ဘယ်လိုမှ ညှိုနှိုင်းလို့အဆင်မပြေတော့ဘူးဆိုရင်တော့ စောစောစီးစီး လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။
သင့်အနေနဲ့ အခုဖော်ပြပေးမယ့် အချက်အလက်တွေအားလုံးနဲ့ တိုက်ဆိုင်နေမယ်ဆိုရင်တော့ သင်တို့ရဲ့Relationship က တချိန်မဟုတ် တချိန်မှာ ပြိုလဲသွားမှာပဲဖြစ်ပါတယ်။
သင့်ချစ်သူက သင်နဲ့ အတူတူ အချိန်ကုန်ဆုံးဖို့အတွက် ရှောင်နေပြီလား

သင့်ချစ်သူက အမှန်တကယ် အလုပ်များနေတာလား။ အချိန်ပေးနိုင်ရဲ့သားနဲ့ သင့်ကို တမင်ရှောင်နေတာလားဆိုတာ သင် အသိဆုံးပါ။ သင့်ချစ်သူက သင့်ကို တကယ်ချစ်ရိုးမှန်ရင် အလုပ်များနေတဲ့ကြားကတောင် သင့်အတွက် အချိန်မရ ရအောင် ရှာဖွေပေးမှာပါ။
သင်ကိုယ်တိုင်က ပြောင်းလဲသွားနေပြီလား

တစ်စုံတစ်ယောက်က သင့်ကို တကယ်ချစ်တယ်ဆိုရင် သင့်ရဲ့အမူအကျင့်တွေကိုလည်း လက်ခံပေးနိုင်ပါတယ်။ ဒါပေမဲ့ သင် စိတ်ဝင်စား ဝါသနာပါတဲ့အရာတွေကို သူ့အတွက်နဲ့ အကုန်ပြောင်းလဲပစ်နေရတယ်။ စွန့်လွှတ်နေရတယ်ဆိုရင်တော့ အချိန်ကြာလာတဲ့အခါမှာ မိမိကိုယ်ကို ပျောက်ဆုံးသွားသလို ခံစားရပြီး မွန်းကြပ်လာပါလိမ့်မယ်။
စကားပြောလိုက်တိုင်းမှာ ရန်ဖြစ်နေရပြီလား

အကြောင်းအရာတစ်ခုခုကို အစချီပြီး စကားပြောလိုက်တိုင်းမှာ အမြဲတမ်း ရန်ဆောင်နေရမယ် အငြင်းပွားနေရမယ်ဆိုရင်တော့ ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။ မိမိရဲ့ကိုယ်ပိုင်အတွေးအမြင်ကို ဖော်ပြခြင်းက ကောင်းတယ်ဆိုပေမယ့်လည်း ကိစ္စအသေးအမွှားလေးကအစ ငြင်းခုံနေရမယ်ဆိုရင်တော့ အခြေအနေမဟန်ပါဘူး။
သူ့အကြောင်းတွေးလိုက်တာနဲ့ စိတ်ညစ်နေရပြီလား

သမီးရည်းစား စစဖြစ်တုန်းကဆိုရင် ချစ်ကြည်နူးစရာတွေနဲ့ ပြည့်နှက်နေတာကြောင့် ကိုယ့်အတွက် သူတစ်ယောက်တည်း ရှိရင်တောင် လုံလောက်ပြီလို့ ထင်မှတ်တတ်ကြပါတယ်။ ဒီလိုနဲ့ သမီးရည်းစားသက်တမ်းကြာလာသည်နှင့်အမျှ ရင်ခုန်စရာတွေလည်း လျော့နည်းသွားတတ်ပါတယ်။
ဒါပေမဲ့ ကိုယ့်ချစ်သူက ကိုယ့်အတွက် စိတ်ညစ်စရာတွေပဲ ယူဆောင်လာမယ် ကိုယ့်ကို စိတ်မပျော်စေတော့ဘူးဆိုရင်တော့ ထိုအခြေအနေကနေ အမြန်ဆုံးရုန်းထွက်လိုက်ပါ။
သင်က သင့်ချစ်သူအတွက် ဦးစားပေးစာရင်းထဲမှာ မပါတော့ဘူးလား

လူတိုင်းက ကိုယ်ချစ်တဲ့သူတိုင်းကို ဦးစားပေးလေ့ရှိပါတယ်။ တကယ်လို့ သင့်အနေနနဲ့ သင့်ချစ်သူရဲ့ဦးစားပေးစာရင်းထဲမှာ ရှိမနေတော့ဘူးဆိုရင်တော့ သေချာပါတယ်။ သင့်ချစ်သူက သင့်ကို မချစ်တော့ပါဘူး။
စာဖတ်သူအနေနဲ့ မိမိရဲ့အခြေအနေတွေအားလုံးက အခုဖော်ပြသွားတဲ့အချက်တွေနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ သင်က တကယ်ပဲ လက်ရှိအခြေအနေကို ကျေနပ်သလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ။
နှစ်ရှည်လများ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ခံနိုင်တယ်။ ကိုယ်က ချစ်နေရရင် ပြီးရော၊ သူ့ဘေးနားမှာ ရှိနေရုံနဲ့တင် ကျေနပ်တယ်ဆိုရင်တော့လည်း ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်တော့ပါဘူး။
Source: Brightside.me
