အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ ရရိုးထုံးစံမရှိကြပါဘူး။ ထောင်ပေါင်များစွာသောအခက်အခဲတွေ တားဆီးပိတ်ပင်မှုတွေကို ကျော်ဖြတ်ပြီးမှသာ သင်ဖြစ်တဲ့ အိပ်မက်ပန်းတိုင်ကို ရောက်ရှိနိုင်မှာပါ။ တချို့ကတော့ ကိုယ့်ရဲ့ အိပ်မက်တွေအတွက် ကြိုးစားနေချိန် လမ်းခုလတ်မှာ အကြောင်းပြချက်များစွာနဲ့ လက်မြောက်အရှုံးပေးသွားတက်ကြပါတယ်။ ဒီတစ်ခေါက်ပြောပြပေးချင်တာက အိပ်မက်တွေကိုအကောင် အထည်ဖော်နေတဲ့ လူငယ်တိုင်း ဘာကြောင့်လွယ်လွယ်နဲ့အရှုံးမပေးသင့်ဘူးလဲဆိုတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။
(၁) ကြိုးစားခွင့် အပြည့်ရှိတယ်ဆိုတာ သတိရပါ

Source : lifehacks
အိပ်မက်တွေကို လက်တွေ့အကောင်အထည်မဖော်နိုင်သေးခင်မှာ စိတ်ဓာတ်ကျတာမျိုးရှိနိုင်ပါတယ်။ တစ်ခုသိထားရမှာက ဘယ်အရာမဆို အစပိုင်းမှာ အခက်အခဲဆုံးဆိုတာပါပဲ။ ဒါပေမယ့် သင့်အနေနဲ့ အရာအားလုံးကို နည်းလမ်းမျိုးစုံနဲ့ မကြိုးစားရသေးခင်အချိန်မှာတော့ အဆိုးမြင်တဲ့စိတ်တွေမထားသင့်ပါဘူး။ ဆက်လျောက်ပါ။ ဆက်ပြီးကြိုးစားပါ။ သင့်မှာ ကြိုးစားပိုင်ခွင့် အပြည့်အဝရှိတယ်ဆိုတာမမေ့ပါနဲ့။
(၂) အောင်မြင်မှုက သင့်အနီးအနားမှာပါ

Source : AccountingWEB
ကြိုးစားနေသူတစ်ယောက်အတွက် အောင်မြင်မှုဆိုတာ အနှေးနဲ့အမြန်ရမှာ ဖြစ်ပါတယ်။ အောင်မြင်မှုက သင်တွေးထားတာထက်ကိုပိုပြီး သင့်အနီးအနားမှာရှိနေပါတယ်။ ဒီနေ့ခက်ခဲချင် ခက်ခဲမယ်။ မနက်ဖြန်မှာ ပိုပြီးခက်ခဲကောင်း ခက်ခဲနိုင်တယ်။ သို့သော် နောက်တစ်နေ့မှာတော့ အောင်မြင်မှုရဲ့ လင်းရောင်ခြည်အောက်ကို သင့်ရောက်နေနိုင်ပါတယ်။ ဒါကြောင့် ဘယ်တော့မှလက်မလျော့ပါနဲ့။ ဆက်ပြီးသာကြိုးစားပါ။
(၃) အရှုံးပေးခြင်းဟာ သေဆုံးခြင်းပါ

Source : lifehacks
လူတစ်ယောက်ဟာ အိပ်မက်တွေကို စွန့်လွှတ်လိုက်တဲ့အချိန်မှာ အသက်ရှင်လျက် သေဆုံးသွားတာပါပဲ။ ရည်မှန်းချက်ပျောက်သွားပြီး အိပ်မက်တွေကိုလက်လွှတ်အရှုံးပေးလိုက်ရပြီဆိုရင် ဘဝက အဓိပ္ပါယ်ရှိနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အိပ်မက်တွေအတွက် ဘယ်တော့မှာ အရှုံးမပေးပါနဲ့။ အိပ်မက်ကြီးကြီးရှိလေ စွမ်းအားပိုကြီးလေဖြစ်ပါတယ်။
(၄) အတိတ်ကရှုံးနိမ့်မှုတွေက အနာဂတ်ကိုမဆုံးဖြတ်ပေးနိုင်ဘူးဆိုတာ သတိရပါ

Source : Verywell Mind
အတိတ်ကာလတွေမှာ တစ်ကြိမ် ၊ နှစ်ကြိမ် ကျရှုံးကောင်းကျရှုံးခဲ့ ဖူးပါလိမ့်မယ်။ ဒါပေမယ့် အတိတ်က အရှုံးတွေက သင့်အနာဂတ်ကိုတော့ အဆုံးအဖြတ်ပေးနိုင်မှာမဟုတ်ပါဘူး။ အဓိကအားဖြင့် အတိတ်က ရှုံးနိမ့်ခဲ့မှုတွေကို သင်ခန်းစားယူပြီး ကိုယ့်ကိုယ်ကို အဆင့်မြှင့်တင်ပါ။ မတူညီတဲ့ နည်းလမ်းတွေ မတူညီတဲ့ အတွေးအမြင်အသစ်တွေနဲ့ ဆက်လက်တိုက်ပွဲဝင်မယ်ဆိုရင် သင်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေက လက်တွေ့အကောင်အထည်ဖော်နိုင်လာမှာပါ။ ဒါကြောင့် သင်ဘယ်တော့မှာ အရှုံးမပေးလိုက်ပါနဲ့။
