လူတိုင်းအတွက် Self-confidence ရှိဖို့က နံပါတ်တစ်အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားသူတွေဟာ အသက်မွေးဝမ်း ကျောင်းဆိုင်ရာနှင့် ပေါင်းသင်းဆက်ဆံရေးကဏ္ဍတွေမှာ အောင်မြင်မှုပိုရလေ့ရှိကြပါတယ်။ စာဖတ်သူဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းသူတစ်ယောက်ဆိုရင် ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်လိုက်ပါ။ Self-confidence ရှိလာစေမယ့် ထိရောက်တဲ့အကြံပြုချက်တချို့ ကိုပြောပြပေးသွားမှာပါ။
(၁) အဆိုးမြင်စိတ်ကိုကန့်သတ်ပါ

Source : Freepik
အဆိုးတွေကို ကြိုတင်တွေးထားတယ်ဆိုတာက အဆိုးဆုံးအခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့ အကူညီဖြစ်စေပေမယ့် မကောင်းမြင်စိတ်က သင့်ကို ကြီးစိုးလာမယ်ဆိုရင်တော့ သင့်ရဲ့စိတ်ခံစားမှုအားလုံးကို ထိန်းချုပ်သွားနိုင်မှာဖြစ်ပါတယ်။ ထိုအခါ သင့်မှာကြောက်စိတ်တွေ ယုံကြည်မှုပျောက်ဆုံးတာတွေ ပိုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိစ္စတိုင်းကို အဆိုးမြင်တဲ့အတွေးတွေနဲ့ လေးလေးနက်နက်မတွေးပါနဲ့။ အပြုသဘောဆောင်တဲ့အတွေးတွေလည်း တွေးပေးပါ။
(၂) သံသယတွေကိုတိုက်ထုတ်ပါ

Source : Freepik
မသေချာမရေရာမှုများနှင့် သံသယစိတ်ဆိုတာ လူတိုင်းမှာရှိတက်တာပဲ မဟုတ်လား။ သို့သော် သံသယစိတ်တွေကြောင့် ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေကို ဟန့်တားဖျက်စီးခွင့်မပေးလိုက်ပါနဲ့။ တစ်စုံတစ်ခုကို သံသယဖြစ်လာပြီဆိုရင် ” ငါဒီအခြေအနေကို ကျော်လွှားနိုင်တယ် ၊ ငါ အကောင်းဆုံးလုပ်နိုင်တယ်”ဆိုတဲ့စကားမျိုး ကိုယ့်ကိုယ်ကိုပြောပေးပါ။ သံသယစိတ်တွေကို တိုက်ထုတ်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုတိုးလာစေနိုင်ပါတယ်။
(၃) အကြောက်တရားကိုရင်ဆိုင်ပါ

Source : Freepik
အကြောက်တရားကို အမြဲတမ်းရှောင်ပုန်းနေလို့ မရပါဘူး။ တစ်ခါတစ်လေမှာ ကြောက်တဲ့အရာကို တည့်တည့်ရင်ဆိုင်ဖို့ လိုအပ်ပါတယ်။ အကြောင်တရားကိုမျက်နှာချင်းဆိုင်လိုက်ခြင်းက ကြောက်စိတ်တွေလျော့သွားစေမယ့် နည်းလမ်းကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေပါတယ်။ ဥပမာ သင်ကလူတွေနဲ့စကားပြောဖို့ကြောက်နေလား ၊ မြင့်တဲ့နေရာတွေကို တက်ရမှာကြောက်တက်လား ၊ အမှောင်ထဲမှာနေရတာကိုကြောက်လား။ ကိုယ်ကြောက်တဲ့အရာတွေကိုသေးသေးလေးစပြီး လုပ်ကြည့်ပါ။ ကြောက်စိတ်တွေလျော့လာတာနဲ့ ကိုယ့်ကိုယ်ကိုလည်း ပိုပြီး ယုံကြည်မှုတိုးလာမှာပါ။
(၄) တခြားသူတွေရဲ့ လွှမ်းမိုးမှုကိုမခံပါနဲ့

Source : Freepik
တခြားလူတစ်ယောက်က ကိုယ့်အပေါ်မှာအများကြီးလွှမ်းမိုးထားမယ်ဆိုရင် ကိုယ့်ကိုယ်ကို စတင်ပျောက်ဆုံးလာမယ်ဆိုတာကို သတိပြုသင့်ပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လေးစားအားကျရသူတွေရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ့်ကို သူတို့နဲ့ တစ်ထပ်တည်း ပုံတူလိုက်ပွားနေမိမယ်ဆိုရင်တော့ ကိုယ်ပိုင်ယုံကြည်မှုဆိုတာလည်းရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ပုံစံအတိုင်းသာ ရှင်သန်ပါ။ တခြားသူတွေရဲ့အလုံးစုံ လွှမ်းမိုးမှုအောက်မှာမနေပါနဲ့။
