Mood မကောင်းရင် ဘာလုပ်လုပ် အဆင်ပြေမနေပါဘူး။ စိတ်ခံစားချက်က ကျွန်တော်တို့ရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေကို ဦးစီးတာပါ။ ဒါကြောင့် စိတ်ခံစားချက်စွမ်းရည် Mood အမြင့်ဆုံး ဖြစ်ဖို့အတွက် အရေးကြီးတဲ့ အချက်လေးတွေ မျှဝေပေးချင်ပါတယ်။
(၁) Video Game ကစားပါ

Photo: Freepik
ဗွီဒီယိုဂိမ်းတွေဟာ ဖျော်ဖြေရေးသက်သက်တင် မဟုတ်တော့ဘဲ စိတ်ခံစားချက်ကိုပါ မြှင့်တင်ပေးနိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။ စိတ်အာရုံပိုစူးစိုက်နိုင်စွမ်းတွေ ၊ ပြဿနာတစ်ခုကို ထိုးထွင်းအဖြေရှာနိုင်စွမ်းနဲ့ စိတ်ပျော်ရွှင်တက်ကြွစေနိုင်စွမ်းပါ ပေးပါတယ်။ ဒါကြောင့် Mood သိပ်မကောင်းရင် Video Game ကစားပေးဖို့ အကြံပြုချင်ပါတယ်။
(၂) စာဖတ်ပါ

Photo: Freepik
စာဖတ်ခြင်းကလည်း စိတ်သက်သာရာရဖို့ အကောင်းဆုံးနည်းလမ်းတစ်ခု ပါပဲ။ စိတ်ရှုပ်ထွေးပြီး Mood မဝင်ဘူး ဖြစ်နေရင် လုပ်လက်စ အလုပ်လေးတွေ ရပ်ပြီး စာအုပ်ကောင်းကောင်းတစ်အုပ်ကြည့်သင့်ပါတယ်။ စိတ်စုစည်းမှု ရသွားပြီး ခံစားချက်ပါ ပြောင်းသွားပါလိမ့်မယ်။
(၃) ပြုံးပါ

Photo: Freepik
ဟာသဟာ ထိုင်းမှိုင်းလေးလံနေတဲ့ စိတ်ကို ချက်ချင်းဆိုသလို ရွှင်လန်းသွားအောင် လုပ်ပေးနိုင်ပါတယ်။ ရယ်စရာမရှိဘဲ ပြုံးကြည့်တာနဲ့တင် ဦးနှောက်က စိတ်ခံစားချက်ကို မြှင့်တင်သွားတဲ့ Neurochemicals တွေကြောင့် စိတ်ကြည်လင်သွားတာကို ခံစားမိရမှာပါ။
(၄) အဝတ်အစားသစ် ဝတ်ပါ

Photo: Freepik
Mood ပြောင်းချင်ရင် နောက်ထပ် လုပ်နိုင်တဲ့ နည်းက ရေမိုးချိုး ၊ ဖြီးလိမ်းပြီး အဝတ်အစားသစ်ဝတ်တာမျိုး ဖြစ်ပါတယ်။ တချို့လည်း ဆံပင်ပုံစံသစ်ပြောင်းတာ ၊ Gym ကစားပြီး Body ပြောင်းတာမျိုး လုပ်ကြပါတယ်။
(၅) စိတ်ခွန်အားဖြည့် ရုပ်ရှင်တွေ ကြည့်ပါ

Photo: Freepik
ရုပ်ရှင်တွေက လူတွေရဲ့ စိတ်ခံစားချက်ကို ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ စိတ်ခွန်အားဖြစ်စေမယ့် ရုပ်ရှင်ဇာတ်လမ်းတွေ ၊ တီဗွီရှိုးတွေ ကြည့်ပါ။ တချို့လည်း Motivational Speakers တွေ ပြောတဲ့ TED Talks တွေ ကြည့်တာမျိုး လုပ်သင့်ပါတယ်။
