မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်ဒ်က အိုးထရက်ဖို့ဒ်မှာ ပွဲပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းမှာ သမိုင်းရေးထိုးပြီး အမွေအနှစ်တွေ ချန်ထားခဲ့ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ တနင်္ဂနွေနေ့ညနေက ဝက်စ်ဘရွန်းအသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲ ၁၀၀ မြောက်ပွဲစဉ်ကို ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကစားသမားဘဝကို နှေးကွေးစွာစတင်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဆိုးလ်ရှားရဲ့အဓိကပွဲထွက်ကစားသမားတွေထဲကတစ်ဦးအဖြစ် သက်သေပြသထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဖရက်ဒ်ဟာ ပွဲ ၁၀၀ ပြည့်မြောက်ခဲ့ပြီးနောက် အသင်းရဲ့ဂုဏ်ပြုခံကစားသမားများစာရင်းထဲမှာ တစ်နေရာ ရရှိဖို့ ဆက်လုပ်သွားနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

Photo: Goal
မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲ ၁၀၀ ပြည့် ပါဝင်ကစားပေးခဲ့ပြီးနောက် စိတ်ခံစားမှုကို ဖော်ပြဖို့ မေးမြန်းခြင်းခံခဲ့ရတဲ့အခါမှာ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမားက Inside United မဂ္ဂဇင်းကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် တကယ်ကို ပျော်ရွှင်နေပါတယ်။ အဲဒါက ကျွန်တော့်အတွက် အရမ်းကောင်းမွန်တဲ့မှတ်တိုင်တစ်ခုကို ကိုယ်စားပြုပါတယ်။ အဲဒါက အားလုံးရည်ရွယ်တဲ့အရာပါ။ ကိုယ့်လူရာ ဒီဟာကို ကျွန်တော် မျှော်တောင် မမျှော်မှန်းခဲ့ပါဘူး ခင်ဗျား အခု ကျွန်တော့်ကို ပြောတဲ့အချိန်မှာ ကျွန်တော် အံ့အားသင့်သွားခဲ့တယ်။ ကျွန်တော် တကယ်ကို ကျေနပ်မိပါတယ်”

Photo : Bleacher Report
“အဲဒါက အရမ်းကောင်းတဲ့ မှတ်တိုင်တစ်ခုပါ။ ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော် ယူနိုက်တက်အတွက် ပွဲတွေ ပိုကစားပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဒီမှာ သမိုင်းအမွေတွေ ချန်ထားရစ်ခဲ့ချင်တယ်။ အဲဒါက ကစားသမားတိုင်း တစ်နေရာရာမှာ ဖြစ်ချင်တဲ့အရာပါ။ အဲဒီတော့ ကျွန်တော် အကောင်းဆုံးလုပ်သွားဖို့ ကြိုးပမ်းသွားမယ်။ ပွဲတွေ ပိုမိုပါဝင်ကစားပေးပြီး ဒီမှာ သမိုင်းရေးထိုးသွားမယ်”လို့ ပြောကြားခဲ့ပါတယ်။
