များသောအားဖြင့် ယောင်္ကျားလေးတွေဟာ Skin Care လုပ်ဖို့ အချိန်ပေးလေ့ မရှိပါဘူး။ မျက်နှာသစ်မယ် ၊ မုတ်ဆိတ်ရိတ်မယ် ဒီလောက်ပဲ လုပ်ဖြစ်ကြပါတယ်။ ဒါကြောင့် အခုကစပြီး Facial Care လုပ်ဖို့ စဉ်းစားထားရင် ဆောင်ထားသင့်တဲ့ ပစ္စည်းလေးတွေအကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) အမျိုးသားသုံး မျက်နှာသစ်‌ဆေး

Photo: Freepik

မျက်နှာသစ်ဆေးဆိုတဲ့အတိုင်း မျက်နှာမှာ ရှိတဲ့ မွေးညင်းပေါက်တွေက အညစ်အကြေးတွေ ဖယ်ရှားပေးပြီး အစိုဓါတ် ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်တော့မယ်ဆိုရင် အများဆုံး တစ်ရက် ၂ ကြိမ်ထက် မသုံးပါနဲ့။ အသားအရေတွေ တွန့်လာနိုင်လို့ ဖြစ်ပါတယ်။

(၂) အစိုထိန်းခရမ်

Photo: Freepik

Moisturizer ကဝယ်မယ်ဆိုရင် ဝက်ခြံမဖြစ်စေနိုင်တဲ့ Non-Comedogenic ပါတာမျိုး ရွေးပါ။ Moisturizer မှာ မနက်ခင်းနဲ့ ညနေခင်းသုံးဆိုပြီး ရှိပါတယ်။ မနက်ခင်းသုံးမှာ အန္တရာယ်ရှိ နေရောင်တွေကနေ ကာကွယ်ပေးနိုင်တဲ့ SPF 30 ပါရှိပါတယ်။ ညဘက်သုံးကတော့ အစိုဓါတ် ထိန်းညှိပေးဖို့အတွက် သုံးတာ ဖြစ်ပါတယ်။

(၃) Facial Scrub

Photo: Freepik

လူ့အရေပြားမှာ မြင်ရတဲ့ အညစ်အကြေးတွေနဲ့ ပိတ်ဆို့ပြီး ညစ်ထေးနေတတ်ပါတယ်။ မွေးညင်းပေါက်တွေမှာ ချေးညှော်တွေနဲ့ ပိတ်နေတတ်တာကြောင့် တစ်ပတ်ကို သုံးခါလောက် မျက်နှာချေးချွတ်တာမျိုး လုပ်ပေးသင့်ပါတယ်။

(၄) Eye Cream

Photo: Freepik

အမျိုးသားတွေ အသုံးနည်းတဲ့ Facial Care ထုတ်ကုန်ပါ။ မျက်လုံးတစ်ဝိုက်ဆိုတာ မျက်နှာမှာအားအနည်းဆုံးနေရာ ဖြစ်ပြီး ကော်လာဂျင်ထုတ်ပေးမှုလည်း နည်းပါတယ်။ ဒါကြောင့် မျက်လုံးတစ်ဝိုက် အရေတွန့်တာတွေ အရင်ဖြစ်လာတတ်ပါတယ်။ Eye Cream က ရေဓါတ်ဖြည့်ပေးတဲ့အပြင် ကော်လာဂျင်ထုတ်မှုလည်း ပိုမြှင့်ပေးနိုင်ပါတယ်။

(၅) Facial Mask

Photo: Freepik

Facial Mask တွေလည်း အလွယ် ဝယ်သုံးလို့ ရပါတယ်။ အသားအရေစိုပြေဖို့နဲ့ မျက်နှာက အဆိပ်အတောက်တွေ ဖယ်ရှားဖို့အတွက် သုံးတာ ဖြစ်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ် သုံးနိုင်ပါတယ်။