ဆွဲဆောင်မှုရှိအောင် လုပ်တဲ့ တချို့နည်းလမ်းလေးတွေက သင်မထင်ထားလောက်အောင် ရိုးရှင်းပါတယ်။ အခြေခံကျတဲ့ အချက်ကလေးတွေတောင် ဖြစ်နိုင်ပါတယ်။ ရိုးရှင်းသလောက် တကယ်အသုံးဝင်တဲ့နည်းလမ်းလေးတွေထဲကမှ သင့်ရဲ့ ပုံစံကို စက္ကန့်ပိုင်းအတွင်း ပိုကြည့်ကောင်းအောင် ပြောင်းလဲပေးမယ့်နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) နေ့တိုင်း ရေချိုးပါ

Photo: Freepik

နေ့စဉ် ရေချိုးတာက လူတစ်ယောက်ရဲ့ ဆွဲဆောင်မှု Level ကို ချက်ချင်းမြှင့်တင်ပေးနိုင်တဲ့ ရိုးရှင်းတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရေပုံမှန်ချိုးတယ်ဆိုတာ အခြေခံအကျဆုံး တစ်ကိုယ်ရည်သန့်ရှင်းရေး အလုပ်လည်းဖြစ်ပါတယ်။ မနက်အလုပ်မသွားခင် ရေခပ်နွေးနွေးလေး ချိုးပေးသွားတာက အသားအရေပါ သန့်ရှင်းစင်ကြယ်သွားစေပြီး ကိုယ်နံ့ကောင်းစေရုံတင်မဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ခံစားချက် Mood ပါ ပိုပြီး ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။

(၂) မှန်ကန်တဲ့ အလှကုန်ပစ္စည်း သုံးပါ

Photo: Freepik

ဖက်ရှင် Products တွေ သုံးရာမှာလည်း ကိုယ့်အသားအရေ ၊ ကိုယ့်ဆံပင်နဲ့ လိုက်ဖက်တဲ့ အလှကုန်ပစ္စည်းမျိုး သုံးဖို့ အရေးကြီးပါတယ်။ ဥပမာ- Hair Products ဆိုရင် ဆံပင်ထူရင် Pomade မျိုး သုံးသင့်ပြီး Medium-Thick ဆံပင်အတွက် Hair Clay/Mud အမျိုးအစား သုံးသင့်ပါတယ်။ ဆံပင်ပါးသူတွေအတွက် Hair Creme မျိုး ရွေးတာမျိုး ဖြစ်ပါတယ်။ ဆွဲဆောင်မှုအားကောင်းတဲ့သူ ဖြစ်ချင်ရင် ကိုယ်သုံးနေတဲ့ ရေမွှေးအပါအဝင် အလှကုန်ပစ္စည်းရွေးချယ်ရာမှာလည်း မှန်ကန်ဖို့ သတိပြုပါလို့ ပြောချင်ပါတယ်။

(၃) တစ်နေ့ ၁၀ မိနစ် အားကစားလုပ်ပါ

Photo: Freepik

အားကစားလုပ်တာကလည်း ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တိုးတက်ကောင်းမွန်စေပါတယ်။ ဥပမာ မျက်အိတ်ကျတာ ၊ အသားအရေ မကောင်းတာမျိုး ဖြစ်နေရင် မနက်ဘက် ၁၀/၁၅ မိနစ်လောက် ပြေးကြည့်ဖို့ ပြောချင်ပါတယ်။ သွေးလည်ပတ်မှုရှိလာပြီး ချက်ချင်းသိသာတဲ့ အကျိုးပေးပါလိမ့်မယ်။ အားကစားလုပ်ခြင်းအားဖြင့် ကယ်လိုရီ လောင်ကျွမ်းမှု ရှိပြီး ကိုယ်အလေးချိန် မျှတမှန်ကန်စေနိုင်ပါတယ်။

(၄) ကိုယ်နေဟန်ထား မှန်ကန်အောင်နေပါ

Photo: Freepik

ရုပ်ရည်က ကြည့်ကောင်းတယ်ဆိုရင်တောင် Body Posture အချိုးမကျရင်လည်း စတိုင်ကို ထိခိုက်နိုင်ပါတယ်။ လက်ပြင်ကိုင်းနေတာ ၊ ခေါင်းတဆတ်ဆတ် ငြိမ့်တဲ့ အကျင့်လုပ်တာ ၊ လမ်းလျှောက်ရင် သိပ်မြန်တာ ၊ ပုံစံမကျတာတွေကလည်း သင့်ရဲ့ ဆွဲဆောင်မှုကို ပျက်စီးစေနိုင်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်နေဟန်ထားကို အမြဲ အချိုးပြေပြစ်အောင် သတိထားနေထိုင်ပါ။

(၅) ကိုယ်နဲ့ လိုက်ဖက်အဆင်ပြေတဲ့ အဝတ်အစားပဲ ဝတ်ပါ

Photo: Freepik

အဝတ်အစား ဝတ်ရာမှာလည်း ကိုယ်နဲ့ Fit ဖြစ်ပြီး ကိုယ့်ရဲ့ကိုယ်လုံးကိုယ်ပေါက်နဲ့ အဆင်ပြေတဲ့ အဝတ်အစားမျိုး ရွေးချယ်ဖို့ လိုပါယ်။ အရမ်းကျပ်လွန်း/ ချောင်ချိလွန်းတဲ့ အဝတ်အစားတွေက ကိုယ်လုံးကိုယ်ပေါက်ပုံစံကိုပါ ပျက်စီးစေနိုင်ပါတယ်။