မတူညီတဲ့ နေရာတွေမှာ ၅ ရက် အိပ်ရုံနဲ့ ဒေါ်လာ ၂၀၀၀ (မြန်မာငွေ ၂၈ သိန်းကျော်) ပေးမယ့် အလုပ်တစ်ခုကို ကျန်းမာရေးဝက်ဘ်ဆိုက်တစ်ခုမှာ တင်ထားပါတယ်။

Photo: Ladders
Sleep Standards ဆိုတဲ့ ကျန်းမာရေး ဝက်ဘ်ဆိုက်တစ်ခုက အိပ်စက်မှု အရည်အသွေး လေ့လာရေးအတွက် အခုလို စိတ်လှုပ်ရှားစရာ အလုပ်တစ်ခုကို ကမ်းလှမ်းနေတာ ဖြစ်တယ်လို့ UPI သတင်း ဆိုပါတယ်။ Sleep Standards ဝက်ဘ်ဆိုက်ဟာ အိပ်စက်မှုကျန်းမာရေး အကြံပေးတဲ့ ဝက်ဘ်ဆိုက်တစ်ခုလည်း ဖြစ် ၊ အိပ်စက်မှုအကူထုတ်ကုန်တွေလည်း Review လုပ်တဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ဒီအစီအစဉ်မှာ ပါမယ့်သူဟာ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟော်တယ်အပါအဝင် မတူညီတဲ့ ပတ်ဝန်းကျင်တွေမှာ ၅ ည အိပ်စက်ဖို့ အချိန်ပေးရမှာပါ။ ဒီအတွက် ကုန်ကျစရိတ်အားလုံးကို ဝက်ဘ်ဆိုက်ကနေ ပေးသွားမှာ ဖြစ်ပြီး ရွေးချယ်ခံရတဲ့သူကိုလည်း ဒေါ်လာ ၂၀၀၀ သက်သက် ပေးသွားမယ်လို့ ဆိုပါတယ်။

Source : ACTIVE
“သင့်ကို ရွေးလိုက်ပြီ ဆိုရင် ညတိုင်းမှာ အိပ်စက်မှု ပတ်ဝန်းကျင်သစ်မှာ သင့်ကို ပို့ဆောင်သွားမှာပါ။ ဒီပတ်ဝန်းကျင်တစ်ခုချင်းစီမှာ သင့်ရဲ့ အိပ်စက်မှုအရည်အသွေးကို ပိုကောင်းစေမယ်လို့ ထင်ရတဲ့ များစွာသော ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေကိုလည်း ဂရုတစိုက် ထိန်းညှိပေးသွားပါမယ်။” လို့ ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။
ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ အစီအစဉ်အတွက် လျှောက်လွှာကို မတ်လ ၃၀ ရက်နေ့အထိ လက်ခံသွားမယ်လို့ ဆိုပါတယ်။
