Attitude လို့ ခေါ်တဲ့ စိတ်နေသဘောထားက လူတစ်ယောက်ရဲ့ ဘဝကို ဦးဆောင်ပါတယ်။ မကောင်းတဲ့ အတွေးအမြင် သဘောထား ရှိသူဟာ မကောင်းတဲ့ လုပ်ရပ်တွေပဲ လုပ်ဖြစ်မှာပါပဲ။ ကောင်းတဲ့အမြင်နဲ့ ရှေးရှုထားတဲ့ သူဟာ ကောင်းတဲ့လုပ်ရပ်တွေပဲ ပိုလုပ်ဖြစ်မှာ သေချာပါတယ်။ ဒီလိုမျိုး ဘဝကို ဦးဆောင်နေတဲ့ စိတ်နေသဘောထားကို အကောင်းဆုံးပုံစံ ဖြစ်ဖို့ ဘယ်လိုစိတ်နေသဘောထားတွေ ရှိသင့်သလဲ။

(၁) အကောင်းမြင်မှု

Photo: Freepik

အကောင်းမြင်စိတ်ဟာ သင့်မှာ ရှိထားသင့်တဲ့ သဘောထားတွေထဲက ထိပ်ဆုံးထားရမယ့် အရာ ဖြစ်ပါတယ်။ ကောင်းတဲ့စိတ်နဲ့ ဦးဆောင်မှ ကောင်းတာ လုပ်ဖြစ်မှာပါ။ ပညာတွေ အများကြီး မတတ်ရင် နေပါစေ။ စိတ်ကောင်းနှလုံးကောင်းထားပြီး နေထိုင်သွားမယ်ဆိုရင်ကို အတော်ကြီး ဟုတ်နေပြီလို့ ဆိုရမှာပါ။

(၂) ကျေးဇူးတင်တတ်မှု

Photo: Freepik

မုဒိတာနဲ့ ကျေးဇူးသိတတ်ခြင်းဟာ ယဉ်ကျေးပြီး အဆင့်မြင့်တဲ့ လူတွေရဲ့လက်ကိုင်တရားပါပဲ။ ကျေးဇူးမတင်တတ်တဲ့သူ ၊ လူတွေပေါ် ဂရုဏာနဲ့ မုဒိတာ မထားနိုင်သူဟာ လူ့လောကအတွက် အဖျက်သမား ဖြစ်လာနိုင်ပါတယ်။ သေးသေးမွှားမွှားကအစ ကိုယ့်မှာ ရှိနေတာ ၊ ကိုယ့်ကို ဖြစ်တည်ခွင့်ပေးတာတွေအပေါ် ကျေးဇူးတင်တတ်ဖို့ လိုပါတယ်။

(၃) မြင့်မြတ်မှု

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် ပိုပြီး လေးစားစရာကောင်းတဲ့သူအဖြစ် ရိုသေကိုင်းညွှတ်နိုင်အောင် နေထိုင်မယ်လို့ သဘောထားတာဟာလည်း လူတိုင်းမှာ ရှိသင့်တဲ့ စိတ်နေသဘောထားပါပဲ။ ကိုယ်ကျင့်တရားကောင်းအောင် နေတာ ၊ ဘဝရည်မှန်းချက်တွေကို ဖြစ်အောင် ဖန်တီးတာ ၊ အရည်အချင်းတွေ ဖြည့်တင်းနေတာဟာ ကိုယ့်ကိုယ်ကိုယ် ကြီးကျယ် မြင့်မြတ်အောင် တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။

ဒီသဘောထားတွေဟာ အခြေခံကျတဲ့ သဘောထားတွေ ဖြစ်သလို နေ့စဉ်ဘဝမှာ အမြဲပါဝင်နေသင့်တဲ့ နိစ္စဒူဝလက်ကိုင်တရားတွေလည်း ဖြစ်ပါတယ်။