ဝိတ်ချဖို့ဆိုတာ အတော်လေး ခက်ပါတယ်။ ဝိတ်ချချိန်မှာလည်း Energy Level ထိန်းဖို့ မလွယ်ပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဝိတ်ချမှုဆိုတာ စနစ်ကျတဲ့ Lifestyle အပြောင်းအလဲတွေ ၊ Diet စားသုံးမှုပုံစံတွေ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ခွန်အားလည်း ဆုံးရှုံးမှု မရှိဘဲ ကိုယ်အလေးချိန်ချနိုင်မယ့် အစားအသောက်တချို့ကို မျှဝေပေးချင်ပါတယ်။
(၁) ခြံထွက်ကြက်ဥ

Photo: Freepik
ဝိတ်ချဖို့ စဉ်းစားထားရင် ကြက်ဥစားဖို့ တိုက်တွန်းချင်ပါတယ်။ ကြက်ဥက ချက်ပြုတ်ပြင်ဆင်ရ လွယ်ကူ ရိုးရှင်းပြီး အမျိုးမျိုးလည်း လုပ်စားလို့ ရပါတယ်။ပရိုတိန်းမြင့်တဲ့ အစားအစာလည်း ဖြစ်လို့ Energy တက်ဖို့လည်း အထောက်အကူ ဖြစ်ပါတယ်။
(၂) အစိမ်းရောင် အရွက်တွေ

Photo: Freepik
ကိုယ်အလေးချိန် လျှော့ချချင်ရင် ကိုယ်စားမယ့် အစားအသောက်ထဲမှာ အစိမ်းရင့်ရောင် အသီးအရွက်တွေ များများပိုပါဖို့ အကြံပေးချင်ပါတယ်။ အစိမ်းရင့်ရောင် အသီးအရွက်တွေဟာ အမျှင်ဓါတ် ၊ ဗိုက်တာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝတာကြောင့် ဝိတ်ချရာမှာလည်း ထိရောက်မှုပြီး အာဟာရတန်ဖိုးလည်း မြင့်မားပါတယ်။
(၃) အဆီမြင့်တဲ့ ငါး

Photo: Freepik
အဆီများတဲ့ ငါးတွေ ( ဆယ်လ်မွန် ၊ တူနာ နဲ့ ဆာဒင်း) စားတာကလည်း ဝိတ်ချရာမှာ အကျိုးများပါတယ်။ ဒီငါးတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပရိုတိန်းနဲ့ အိုမီဂါ သရီးတွေ အပြင် ဝိတ်ကျဖို့နဲ့ ကိုယ်အလေးချိန် ထိန်းညှိဖို့ အထောက်အကူ ဖြစ်စေမယ့် ဗိုက်တာမင် ဒီ တွေ ပါဝင်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ခံစားချက်ကို ထိန်းညှိနိုင်တဲ့ ဗိုက်တာမင် B6 လည်း ပါဝင်တာကြောင့် ကျန်းမာရေးအကျိုးကျေးဇူး များတဲ့ အစားအသောက်တွေလို့ ညွှန်းချင်ပါတယ်။
(၄) ထောပတ်သီး

Photo: Freepik
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီပါဝင်မှုမှာ ထောပတ်သီးက နာမည်ကြီးပါတယ်။ ထောပတ်သီးဟာ ကိုယ်အလေးချိန်ထိန်းချုပ်ရာမှာလည်း နာမည်ကြီးတဲ့ သစ်သီးတစ်မျိုးပါ။ တခြား သစ်သီးတွေနဲ့ မတူတာက ထောပတ်သီးမှာ ကျန်းမာရေးနဲ့ ညီတဲ့ အဆီတွေ ၊ အမျှင်နဲ့ ရေဓါတ်တွေ ကြွယ်ဝတာဖြစ်လို့ ဝိတ်ချဖို့တင် အထောက် အကူ ဖြစ်တာ မဟုတ်ဘဲ စွမ်းအင်ကုန်ခမ်းမှုပါ နည်းပါးပါတယ်။
(၅) အချဉ်ဓါတ်ပါတဲ့ အသီး

Photo: Freepik
လီမွန် ၊ သံပရာ ၊ ဂရိတ်ဖရု ၊ ရှောက် စတဲ့ အချဉ်သီးတွေမှာ ဗိုက်တာမင် ၊ အမျှင် နဲ့ ရေဓါတ် ပေါများတဲ့အပြင် ပိုတက်ဆီယမ်ဓါတ်လည်း ဖြည့်တင်းပေးနိုင်စွမ်း ရှိပါတယ်။ အားကစားလုပ်ချင်စိတ် နည်းနေရင် အချဉ်ဓါတ်ပါတဲ့ အသီးလေးတွေ စားပေးနိုင်ပါတယ်။
