လူအတော်များများကတော့ ကော်ဖီကို ကျန်းမာရေးဓါတ်စာအနေနဲ့ သောက်ကြတာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကော်ဖီသောက်မယ်ဆိုရင် ကျန်းမာရေးအကျိုးတွေပါ ရရှိမှာပါ။ အထူးသဖြင့် Black Coffee သောက်ပေးသင့်တဲ့ အကြောင်းရင်းတွေ ရှိပါတယ်။
(၁) အသည်းကျန်းမာရေး အားပေးတယ်
Photo: Freepik
အရက်သောက်တာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ Black Coffee သောက်တာက အသည်းအတွက် ကောင်းပါတယ်။ လေ့လာမှုတွေအရ တစ်ရက်ကို ကော်ဖီ လေးခွက်နဲ့ အထက်သောက်သူတွေဟာ အသည်းအဆီဖုံးမှု ၈၀% ပို နည်းတယ်လို့ ဆိုပါတယ်။ အသည်းကင်ဆာဖြစ်မှုကိုလည်း ၄၀% လျော့ကျစေတယ်လို့ ဆိုကြပါတယ်။
(၂) ပိုပြီး ဉာဏ်ကောင်းစေတယ်
Photo: Freepik
ကဖိန်းဓါတ်က စိတ်ပိုင်းဆိုင်ရာ တက်ကြွနိုးကြားအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိပါတယ်။ ကော်ဖီသောက်လိုက်တဲ့အခါ ကဖိန်းဓါတ်ဟာ အစာချေစနစ်ထဲ ရောက်သွားပြီး သွေးကနေ တစ်ဆင့် ဦးနှောက်ထဲ ရောက်ရာကနေ စိတ်ခံစားမှု ၊ စွမ်းအင် ၊ မှတ်ဉာဏ် ၊ သိမှတ်မှု လုပ်ဆောင်ချက်နဲ့ တုန့်ပြန်မှု ကြာချိန်တွေကို မြှင့်တင်နိုင်မယ့် နျူရွန်တွေကို ပိုမြန်မြန်ဆန်ဆန် လှုံ့ဆွပေးပါတယ်။
(၃) ဝိတ်ကျစေတယ်
Photo: Freepik
Black Coffee ဟာ ဇီဝကမ္မဖြစ်စဉ်ကို ၁၁% ပိုမြန်ဆန်စေနိုင်စွမ်း ရှိပါတယ်။ ဝိတ်ကျချင်တယ်ဆိုရင် ကော်ဖီသောက်ပါ။ ကော်ဖီမှာ ပါတဲ့ ကဖီးဓါတ်က အဆီတွေလောင်ကျွမ်းစေနိုင်စွမ်း ရှိလို့ ဖြစ်ပါတယ်။ ဒီတော့ ဝိတ်ချဖို့အတွက်ဆိုရင် Workout လည်း လုပ်ပါ ၊ Black Coffee လည်း သောက်ပါလို့ အကြံပေးချင်ပါတယ်။
(၄) အရေးကြီးတဲ့ အာဟာရဓါတ်တွေ ပါတယ်
Photo: Freepik
ကော်ဖီဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အကြီးမားဆုံးပါဝင်တဲ့ အဖျော်တစ်မျိုးပါ။ ကော်ဖီမှာ အလွန်အရေးပါတဲ့ Vitamins B2,B3 ၊ B5 နဲ့အတူ မဂ္ဂနီဆီယမ် ၊ မဂ္ဂနီးစ် နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်ပါတယ်။ နောက်တစ်ခုက လူ့ကိုယ်ခန္ဓာဟာ တခြား ဓါတ်တိုးဆန့်ကျင်မှုတွေ ပါတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေထက် ကော်ဖီဆီကနေ အာဟာရအရင်းအမြစ်ကို ပိုစုပ်ယူနိုင်စွမ်း ရှိပါတယ်။
(၅) Type 2 Diabetes အဖြစ် နည်းစေတယ်
Photo: Freepik t
နေ့တိုင်း သကြားနဲ့ ခရမ်မပါတဲ့ Black Coffee သောက်ပေးခြင်းအားဖြင့် ဆီးချိုသွေးချို ဖြစ်မှုကို ပျမ်းမျှ ၇% လျော့ကျစေတယ်လို့ ဆိုပါတယ်။ မနက်ဘက် ကော်ဖီနှစ်ခွက် ပုံမှန်သောက်ပေးခြင်းအားဖြင့် ကော်ဖီမသောက်တဲ့သူတွေထက် Type 2 Diabetes ဖြစ်နိုင်ခြေကို ၂၈% လျော့ကျစေနိုင်ပါတယ်။