ချမ်းသာချင်တယ်။ အောင်မြင်ပေါက်ရောက်ချင်တယ်ဆိုတာ လူတွေရဲ့ စိတ်အာသီသတစ်ခု ဖြစ်ပါတယ်။ ချမ်းသာအောင်မြင်အောင် လူတွေဟာ ကိုယ်ယုံကြည်တဲ့နည်းလမ်းတွေအတိုင်း လိုက်လုပ်ကြတာပါပဲ။ အောင်မြင်ဖို့အတွက် တချို့အရာတွေကို မဖြစ်မနေ အကောင်အထည် ဖော်ပေးဖို့ လိုပြိး တချို့အချက်တွေကို ပြတ်ပြတ်သားသား ရှောင်ကြဉ်ဖို့ လိုပါတယ်။

(၁) ရည်မှန်းချက် ကင်းမဲ့ခြင်း

Photo: Freepik

ရည်မှန်းချက် ပန်းတိုင် မရှိရင် အောင်မြင်မှုရဖို့ ခက်ပါတယ်။ လူတော်တော်များများဟာ ချမ်းသာကြီးပွားပြီး အထက်တန်းကျကျ နေချင်ကြပေမယ့် တကယ်တမ်းမှာ ပြတ်သားတဲ့ ရည်မှန်းချက်ပန်းတိုင် မရှိတာ များပါတယ်။ ဒီလို ဖြစ်ရတဲ့အကြောင်းရင်းတစ်ခုက ထက်သန်ပြင်းပြတဲ့ စိတ်ဆန္ဒမရှိတာကြောင့် ဖြစ်ပါတယ်။ ပြင်းပြတဲ့ဆန္ဒရှိမှ အောင်မြင်မှု ရနိုင်တဲ့အထိ သွားမယ့် ရည်မှန်းချက်ဆိုတာ ရှိလာမှာ ဖြစ်ပါတယ်။

(၂) ပညာရှာလိုစိတ် မရှိခြင်း

Photo: Freepik

အရမ်း ချမ်းသာချင်တာပဲ ဖြစ်ဖြစ် ထိပ်တန်းရောက် အောင်မြင်ကျော်ကြားချင်တာပဲ ဖြစ်ဖြစ် ကိုယ်ဖြစ်ချင်တဲ့နေရာကို ရောက်လာဖို့ လိုအပ်တဲ့ ပညာအရည်အသွေးတွေ ပြည့်မီနေဖို့ လိုပါတယ်။ ပညာအရည်အချင်း အစွမ်းအစ အားနည်းနေရင် ကိုယ်မျှော်လင့်ခဲ့တဲ့အရာတွေက မျှော်လင့်ချက်လောက်ပဲ ဖြစ်နေပြီး တကယ်လက်တွေ့ အောင်မြင်မှု ရလာမှာမဟုတ်ပါဘူး။

(၃) လူမှုဆက်ဆံရေးပညာ မတတ်ခြင်း

Photo: Freepik

အောင်မြင်ဖို့အတွက် လူမှုဆက်ဆံရေးပညာ မတတ်လို့လည်း မဖြစ်ပါဘူး။ ဘယ်လောက်တော်တော် အပေါင်းအသင်းကောင်းကောင်း ရှာမပေါင်းတတ်ရင် ၊ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းနေရင်လည်း ဖြစ်သင့်သလောက် အထက်ရောက်လာမှာ မဟုတ်ပါဘူး။ဒါကြောင့် အေင်မြင်ဖို့ဆို လူမှုဆက်ဆံရေးကောင်းမွန်ဖို့လည်း မဖြစ်မနေ လိုပါတယ်။

(၄) စည်းစနစ်နဲ့ မနေထိုင်ခြင်း

Photo: Freepik

စည်းစနစ်ဆိုတာ နေရာတိုင်းမှာ လိုအပ်ပါတယ်။ အမြင့်ရောက်ချင်တဲ့သူဟာ သူ့ဘဝကို စနစ်တကျ ကိုင်တွယ်စီမံဖို့ အမြဲပဲ လိုအပ်ပါတယ်။ စည်းမဲ့ကမ်းမဲ့ အောင်မြင်လာသူဟာ ရေရှည်အောင်မြင်မှုကို ခံစားရမှာ မဟုတ်ပါဘူး။