ဆွဲဆောင်မှုရှိခြင်းဟာ ရုပ်ရည်ချောမောတာထက် ပိုပြီး အရာရောက်ပါတယ်။ ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ နေရာမှာ တစ်ခါတလေ ဘာရယ်မဟုတ်တဲ့ အရာလေးတွေကြောင့်လည်း Attractive ဖြစ်သွားတတ်ပါတယ်။ အခုပြောမယ့်အရာတွေကလည်း သိပ်အပန်းတကြီး လုပ်စရာမလိုဘဲ ကိုယ့်ကို လူတွေ သဘောကျလာစေမယ့် အရာလေးတွေပဲ ဖြစ်ပါတယ်။

(၁) ပြုံးပြုံးရွှင်ရွှင်နေပါ

Photo: Freepik

ပြုံးတာ ဘာခက်လို့ပါလဲ။ ပြုံးဖို့အတွက် ဘယ်တန်ဖိုးကြီးပစ္စည်းမှ ဝယ်သုံးစရာလည်း မလိုပါဘူး။ ပြုံးဖို့အတွက် ကိုယ့်မျက်နှာလေးကို အကြောလျှော့ထားပြီး ဖိအားကင်းကင်းနဲ့ နေကြည့်ဖို့ပဲ လိုပါတယ်။ အပြုံးတစ်ပွင့်ဟာ လူတစ်ယောက်ကို နှစ်ဆပို နှစ်လိုစရာ ကောင်းစေပါတယ်။

(၂) အားကစားလုပ်ပါ

Photo: Freepik

အားကစားလုပ်ခြင်းဟာ ကျန်းမာရေးအကျိုးများရုံတင်မဟုတ်ပါဘူး။ စိတ်ရော ရုပ်ပါ ကြည်လင်လန်းဆန်းစေပါတယ်။ အဖွဲ့လိုက် ကစားတဲ့ အားကစားတွေပဲ လုပ်လုပ် Gym ကစားတာလိုမျိုး တစ်ဦးချင်းပဲ ကစားကစား အားကစားလုပ်သူတွေဟာ တက်ကြွရွှင်လန်းပြီး ဆွဲဆောင်မှု ရှိနေတတ်ပါတယ်။

(၃) ပေါင်းတတ်သင်းတတ်ပါ

Photo: Freepik

အလိုက်ကမ်းဆိုးသိခြင်းကလည်း ဆွဲဆောင်မှုတစ်မျိုးပါပဲ။ လူတွေကို ခင်ခင်မင်မင် ပျူပျူငှာငှာ ဆက်ဆံတတ်သူကို အများသူငါ ချစ်ခင်တတ်ကြစမြဲပါ။ လူမှုရေးကျမ်းကြေသူတွေဟာ လူတွေအကြားမှာ အမြဲပဲ ပေါ်ပြူလာဖြစ်ကြပါတယ်။ ဒါကြောင့် လူတွေအကြား ထင်ရှားချင်ရင် လူတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးထူထောင်ပါ။

(၄) ကြည့်ကောင်းအောင် ဝတ်စားတယ်

Photo: Freepik

ခန့်ခန့်ညားညား နဲ့ တန်ဖိုးကြီး အဝတ်အစားတွေ ဝတ်ဖို့ မဟုတ်ပါဘူး။ ဝတ်တာစားတာကို ကြည့်လိုက်တာနဲ့ လူတွေ မျက်လုံးထဲ အချိုးကျနေဖို့ ဖြစ်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ အဝတ်အစားလေးတွေကို ဖြူဖြူစင်စင် လျှော်ဖွပ်ဝတ်ပါ။ မီးပူကျလေး ဘာလေး ထိုးဝတ်ပါ။ အရောင်လိုက်ဖက်အေင်လည်း ဝတ်ပါ။ ဒါဆိုရင်ကို အတော်လေး အဆင်ပြေပြေနဲ့ ဆွဲဆောင်မှု ရှိနေမှာ ဖြ်စပါတယ်။