မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အေစီမီလန်အသင်းနဲ့ ကစားရမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွက် အလွန်ဝမ်းမြောက်နေပြီး အီဘရာဟီမိုဗစ် အိုးထရက်ဖို့ဒ်ကို စွန့်ခွာပြီးကတည်းက ပြသနေတဲ့ ခြေစွမ်းကို အထင်ကြီးမိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ မတ်လ ၁၁ ရက်နေ့ အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ပွဲစဉ်အဖြစ် အေစီမီလန်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပြီး အေစီမီလန်မှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ ဒါလော့အနေနဲ့ ယင်းပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်တဲ့အခြေအနေရှိတယ်လို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ အီဘရာဟီ မိုဗစ်ဟာ ၂၀၁၈ ခုနှစ် မတ်လမှာ ယူနိုက်တက်ကို စွန့်ခွာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်သွားရတော့မှာဖြစ်ပါတယ်။

Photo: Metro

အသက် ၃၉ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူးကြီးဟာ မန်ချက်စတာယူနိုက်တက်အသင်းကို လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလား ရရှိအောင် ကူညီပေးခဲ့ဖူးသူဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီမှာ ရရှိခဲ့တဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာနောက်ပိုင်း အိုးထရက်ဖို့ဒ်မှာ ကစားသမားဘဝ ကာလတိုတောင်းခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားက ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ အေစီမီလန်အသင်းကို ပြန်သွားပြီး ပွဲ ၄၀ မှာ ၂၇ ဂိုးသွင်းယူထားတဲ့ ဆွီဒင်တိုက်စစ်မှူးကို ကြီးမားတဲ့ဒဏ်ရာရရှိပြီးနောက် ပြန်လာနိုင်မှုအတွက် ချီးကျူးပြောကြားခဲ့ပါတယ်။

“အဲဒါက ကောင်းမွန်တဲ့ မွေးနေ့လက်ဆောင်ပဲ။ မဟုတ်ဘူးလား။ ဒီမဲခွဲတာကို စောင့်ကြည့်တာကိုပေါ့။ မဲခွဲရာမှာ ကျွန်တော်တို့အတွက် ခက်ခဲတာက အစဉ်အလာရှိပါတယ်။ ဒီပွဲက ခင်ဗျား ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်လိမ့်မယ်လို့ ခံစားရမယ့် မဲခွဲမှုတွေထဲက တစ်ခုပါ။ အဲဒါက စောင့်မျှော်နေရမယ့် ဒီလိုပွဲစဉ်မျိုးရှိတာက ကျွန်တော်တို့အတွက် ကောင်းပါတယ်။ ဒီအသင်းက စိန်ခေါ်မှုတွေလိုအပ်ပြီး ကျွန်တော်တို့ စိန်ခေါ်မှုတွေကို နှစ်သက်ပြီး အဲဒီစိန်ခေါ်မှုတွေကို ပွေ့ဖက်မှာပါ”

Photo : The Telegraph

“အေစီမီလန်ရဲ့ သမိုင်းကြောင်း အစဉ်အလာအရ ကျွန်တော်တို့ ကြိုဆိုရမယ့် အရမ်းကောင်းမွန်တဲ့အသင်းဖြစ်ပြီး ကျွန်တော်တို့ သွားကစားရမယ့်ကွင်းကလည်း အရမ်းကောင်းမွန်တဲ့ကွင်းပါ။ ကျွန်တော်တို့ အဲဒီပွဲစဉ်ကို စောင့်မျှော်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။