နေပူထဲအသွားများတဲ့အခါ Sunburn လို့ခေါ်တဲ့ နေလောင်ခြင်းပြဿနာတွေ ဖြစ်တက်ပါတယ်။ နေလောင်တဲ့အခါ အသားအရေနီမြန်း ရောင်ရမ်းတာတွေ အရေပြားဆဲလ်တွေပျက်စီးတာတွေဖြစ်နိုင်ပါတယ်။ ဒီနေ့မှာတော့ နေလောင်ခြင်းကိုသက်သာစေဖို့ အကောင်းဆုံးကုစားနည်းများကိုပြောပြပေးသွားမှာပါ။
![]()
Source : Healthline
နေလောင်ခြင်းကို သက်သာဖို့ဆိုရင် အလွယ်ကူဆုံးကုထုံးတစ်ခုက ရေအေးနဲ့ ရေချိုးပေးတာ ဒါမှမဟုတ် ရေစိုအဝတ်နဲ့ ရေလောင်တဲ့အရေပြားပေါ် ၁၀ မိနစ် (သို့) ၁၅ မိနစ်လောက်ကပ်ပေးတာဖြစ်ပါတယ်။ ယောင်ရမ်းနာကျင်မှုတွေ သက်သာဖို့ဆိုရင် ရေထဲမှာ မုန့်ဖုတ်ဆော်ဒါအနည်းငယ်ရောစပ်ဖျော်ပြီး ရေချိုးတာ ရေစိုအဝတ်ကပ်တာမျိုးလုပ်နိုင်ပါတယ်။ အထူးသတိထားရမှာတစ်ခုက ရေချိုးတဲ့အခါ နေလောင်ဒဏ်ရာတွေကို ဆပ်ပြာအပြင်းစားတွေနဲ့ ဆေးကြောတာမျိုး လုံးဝမလုပ်ပါနဲ့။
နေလောင်ဒဏ်ကြောင့်အသားအရေ ခြောက်သွေ့သောယားယံနေတယ်ဆိုရင် အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးနိုင်ပါတယ်။ သို့သော် အဖုအပိန့်တွေရှိနေတယ်ဆိုရင်တော့ အစိုဓာတ်ထိန်းခရင်မ်လိမ်းခြင်းကိုရှောင်ကြဉ်ရပါမယ်။ ရှားစောင်းလက်ပတ်ဟာ နေလောင်ခြင်းမှတဆင့်ဖြစ်ပေါ်လာတဲ့ နာကျင်မှုနှင့်ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ အကယ်၍ နေလောင်ဒဏ်ရာက ပြင်းထန်တယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်တာ သို့ Silvadene လို့ခေါ်တဲ့ နေလောင်ဒဏ်ရာအတွက် လိမ်းဆေးခရမ်င်တွေသုံးပေးနိုင်ပါတယ်။
နေလောင်ဒဏ်ကြောင့် အရည်ကြည်ဖုတွေထွက်နေတယ်ဆိုရင် ခြောက်သွေ့သန့်စင်တဲ့ ပတ်တီးစည်းထားပေးဖို့လိုပါတယ်။ အရည်ကြည်ဖုတွေပေါက်ပြီး ရောဂါပိုးမွှားတွေ ဝင်ရောက်ကူးစက်နိုင်တာကြောင့် ပတ်တီးစည်းပေးထားတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အကယ်၍ အရည်ဖုတွေသက်သာချင်တယ်ဆိုရင်တော့ နေလောင်ဒဏ်အတွက် အသုံးပြုနိုင်တဲ့ ပဋိဇီဝဆေး ခရင်မ်ခပ်ပါးပါးလိမ်းပေးနိုင်ပါတယ်။

Source : Freepik
နောက်ထပ်တစ်ခုက နေလောင်ခြင်းနဲ့အတူ ရေဓာတ်ခမ်းခြောက်ခြင်းတွေ ဖြစ်နိုင်တာကြောင့် နေပူထဲအသွားအလာများသူတွေအနေနဲ့ ရေများများသောက်တာ ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေစားပေးဖို့လိုအပ်ပါတယ်။ နေပူထဲသွားတဲ့အခါမှာလည်း ချည်သား သို့မဟုတ် ပွလျောင်းပြီးချောင်ချောင်ချိချိရှိတဲ့အဝတ်အစားတွေကို ဝတ်ပေးသင့်ပါတယ်။ နောက်ဆုံးအနေနဲ့ နေလောင်ဒဏ်ရာက အရောင်ကျသွားခြင်းမရှိဘူး နာကျင်ကိုက်ခဲမှုတွေမသက်သာဘူး အဖျားတက်လာပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းကိုသာ အမြန်ဆုံးသွားဖို့ အကြံပြုချင်ပါတယ်။
