အိမ်မှာအိမ်စည်းကမ်း ကျောင်းမှာကျောင်းစည်းကမ်းရှိသလို အလုပ်ခွင်မှာလည်း စည်းကမ်းစနစ်တွေရှိပါတယ်။ တချို့လိုက်နာတဲ့စည်းကမ်းရှိတဲ့ဝန်းထမ်းတွေရှိသလို တချို့ကလည်း စည်းကမ်းတွေကို ဖောက်ဖျက်တက်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ကောင်းမွန်တဲ့ ဝန်ထမ်းတိုင်းလိုက်နာသင့်တဲ့ အလုပ်ခွင်အလေ့အထတွေကိုပြောပြပေးချင်ပါတယ်။
Source : Newcastlebeach
(၁) အလုပ်တွေကို Deadline သတ်မှတ်ပါ – အလုပ်တာဝန်တစ်ခုစီတိုင်းအတွက် deadline တွေကိုသေချာလေးသတ်မှက်ထားပြီးလုပ်ပါ။ တကယ်လည်း ပြီးစီးအောင်လုပ်ပါ။ ဒီလိုလုပ်ခြင်းက ကိုယ့်ကိုလုပ်ဖော်ကိုင်ဖက်တွေက လေးစားစေသလို ကိုယ်တိုင်မှာလည်း ယုံကြည်ချက်တွေတိုးစေနိုင်ပါတယ်နော်။
(၂) ရုံးကိုစောစောသွားပါ – ရုံးကို တတ်နိုင်သမျှစောစောလေးသွားပါ။ ဒါမှ ရုံးမှာ ကြိုတင်ပြင်ဆင်စရာရှိတာတွေကိုလည်း ပြင်ဆင်နိုင်မှာပါ။ မပြီးပြတ်သေးတာတွေ၊ မပြည့်စုံသေးတာတွေကို ပြီးပြည့်စုံအောင်လုပ်ဖို့လည်း အချိန်ရရှိစေမှာပါ။ ရုံးချိန်ထက် အနည်းဆုံး (၁၅) မိနစ်လောက် စောရောက်တတ်တဲ့ အကျင့်ကိုမွေးမြူပါ။ ရုံးတက်ချိန်မှန်တဲ့ ဝန်ထမ်းတွေကို အလုပ်ရှင်တွေ အများစုက သဘောကျနှစ်ခြိုက်ကြပါတယ်။
(၃) နေ့လယ်စာကို အပြင်ထွက်စားပါ – နေ့လယ်စာစားတဲ့အခါ အပြင်ထွက်စားတာက စိတ်ဖိစီးမှုပြေလျော့စေပြီး အလုပ်တွေကို ပိုပြီး ကောင်းကောင်းလုပ်စေနိုင်ပါတယ်။ ဖန်တီးနိုင်စွမ်းနဲ့ အာရုံစူးစိုက်မငကို ပိုကောင်းစေပါတယ်။ ထမင်းချိုင့်ယူလာရင်လည်း ရုံးကလူတွေစုပြီး အပြင်မှာ စားတာက ပျော်ရွှင်မှုတွေရရှိစေမှာပါ။
Source : Pinterest
(၄) ဖုန်းကို ခပ်ဝေးဝေးထားပါ – ဖုန်းက အနားမှာရှိနေရင် အလုပ်ကို အာရုံမရောက်ဘဲ ဖုန်းဆီအာရုံရောက်နေတက်ပါတယ်။ ဖုန်းကအနားမှာရှိတဲ့အခါ အလုပ်ချိန်အတွင်း ဖေ့ဘုတ်ခ်သုံးမိတာမျိုးတွေဖြစ်စေနိုင်ပြီး အကောင်းဖြစ်ဖို့ထက် အဆိုးဖြစ်ဖို့ကများသွားပါပြီ။ ဒီတော့ အလုပ်လုပ်နေချိန်မှာတော့ ဖုန်းကို ခဏလောက်ခပ်ဝေးဝေးထားပေးပါ။
(၅) အနားပေးပါ – အလုပ်ခွင်မှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ချင်ဇောနဲ့ တစ်ချိန်လုံး အလုပ်တွေပဲ ဖိလုပ်မနေပါနဲ့။ တစ်နာရီကြာတိုင်း (၁၅) မိနစ်လောက် နားပေးပါ။ အဝေးကိုကြည့်တာမျိုးဖြစ်ဖြစ်၊ ကော်ဖီထဖျော်တာမျိုးဖြစ်ဖြစ်၊ လမ်းလျှောက်တာမျိုးဖြစ်ဖြစ်၊ ရေထသောက်တာမျိုးဖြစ်ဖြစ်ပြုလုပ်ပေးပါ။