အမျိုးသားတစ်ယောက်အတွက် ဝတ်စားဆင်ယင်မှုကအရမ်းကိုအရေးကြီးပါတယ်။ အလုပ်အကိုင် ၊ ပေါင်းသင်းဆက်ဆံရေး၊ အမျိုးသမီးတွေရဲ့ အာရုံစိုက်မှု စသည်ဖြင့် နေ့စဉ်ဘဝအတွက် တစ်ထောင့်တစ်နေရာက အရေးပါတယ်လို့ပြောလို့ရပါတယ်။ ုါကြောင့် ဒီနေ့မှာတော့ အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့စတိုင်ကျမှုကို လျော့မသွာစေဖို့ လက်ရှောင်ရမယ့် ဝတ်စားဆင်ယင်မှုပုံစံတွေ ပြောပြပေးချင်ပါတယ်။

(၁) အရမ်းကြပ်တဲ့ အဝတ်အစားတွေ

Source: Cleveland Clinic’s Health Essentials

အရမ်းကြပ်တဲ့ အဝတ်အစားတွေဝတ်တာဟာ အမျိုးသားတစ်ယောက်ကို ကြည့်ရဆိုးစေပါတယ်။ အားကစားလုပ်တဲ့ချိန်၊ ရေကူးတဲ့ချိန်တွေကလွဲရင် တခြားအချိန်တွေမှာ အရမ်းကြပ်တဲ့ ဂျင်းဘောင်းဘီတွေ တီရှပ်တွေ မဝတ်တာ အကောင်းဆုံးပါ။ လေ့လာမှုတွေအရ အရမ်းကြပ်တဲ့ အဝတ်အစားတွေ ဝတ်ထားတဲ့အမျိုးသားတွေက အမျိုးသမီးတော်တော်များများက နှစ်သက်သဘောကျလေ့မရှိကြောင်း ဖော်ပြထားပါတယ်။

(၂) V ပုံစံတီရှပ်

Source: Itl.cat

လည်ပင်း V ပုံစံ တီရှပ်၊ ဆွယ်တာတွေဟာ တစ်ချို့ ရင်အုံကြီးတဲ့ အမျိုးသားတွေအတွက် တမူထူးခြားစေတာ မှန်ပါတယ်။ ဒါပေမယ့် ရှိသင့်တာထက် ပိုပြီးအောက်ကိုရောက်တဲ့ V-Neck တွေကတော့ အဆင်မပြေနိုင်ပါဘူး။

(၃) ကိုယ်နဲ့မတော်တဲ့ အဝတ်အစားများ ဝတ်ဆင်ခြင်း

Source: Mainline Menswear

အင်္ကျီပွပွ ဘောင်းဘီဂွကျကြီးတွေက ခေတ်စားခဲ့တဲ့ ဖက်ရှင်ရေစီးကြောင်းတစ်ခု ဖြစ်ပေမယ့် ထင်ထားသလောက်တော့ ဆွဲဆောင်မှုမရှိပါဘူး။ ဒီလိုဝတ်စားထားတာက သင့်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ ဝတ်စားဆင်ယင်မှုကို ဂရုမစိုက်တဲ့ပုံပေါက်စေပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အချိုးအစားနဲ့ ကိုက်ညီတဲ့ အဝတ်အထည်တွေကိုပဲ ဦးစားပေးရွေးချယ်သင့်ပါတယ်။

(၄) တွန့်ကြေနေတဲ့ အဝတ်အစားတွေ ဝတ်ဆင်တာ

Source: Tools of Men

မီးပူတိုက်ပြီးမှ ဝတ်သင့်တဲ့ အဝတ်အစားနဲ့ မီးပူမတိုက်လည်း ဝတ်လို့ရတဲ့ အဝတ်အစားဆိုပြီး ရှိပါတယ်။ တွန့်ကြေနေတဲ့ အဝတ်အစားတွေ ဝတ်ဆင်မယ်ဆိုရင် လူတွေရဲ့အမြင်မှ မသင့်တော်ပါဘူး။ အကယ်၍ သင်က စီးပွားရေးလုပ်နေသူ (သို့) လူအများနဲ့ ထိတွေ့ ဆက်ဆံနေရသူဖြစ်တယ်ဆိုရင်တော့ အဝတ်အစားတွေကို မီးပူတိုက်ပြီး ဝတ်ဖို့ အကြံပေးပါရစေ။