ပဲနို့က ကလေးလူကြီးမရွေးနှစ်သက်တဲ့သောက်စရာတစ်ခုပါ။ ပဲနို့ကိုအဆာပြေဖြစ်စေ မနက်စာအတွက်ပဲဖြစ်စေ သောက်သုံးလေ့ရှိကြပါတယ်။ ဒီနေ့မှာတော့ ပဲနို့ဘာကြောင့်သောက်သင့်လဲ ပဲနို့ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကဘာတွေလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ပဲနို့များများသောက်တဲ့ အမျိုးသားတွေဆိုရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ကျစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ နောက်ထပ်ထူးခြားတာတစ်ခုကတော့ ပဲနို့ဟာ အဝလွန်ခြင်းကို ကာကွယ်ပေးသလို ဝနေတဲ့အမျိုးသားအမျိုးသမီးတွေမှာလည်း ခါးပတ်လည်အဆီကျစေဖို့ အထောက်အကူပြုတယ်လို့ သိရပါတယ်။

Source : The Spruce Eats

အပင်ထွက်အာဟာရ phytonutrients တွေပါဝင်မှုများတဲ့ ပဲနို့ဟာ နာတာရှည်ရောဂါရှိသူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကလေးတွေအတွက် အထူးအကျိုးကျေးဇူးပေးတဲ့အာဟာရ တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် သတိထားသင့်တဲ့အချက်က စျေးကွက်မှာ လူကြိုက်များတဲ့ အသင့်သောက်ပဲနို့တွေကိုတော့ အချိုပါဝင်မှုပမာဏကိုချင့်ချိန်သောက်သုံးသင့်ပါတယ်။

ပဲနို့ရဲ့ပရိုတင်းဓာတ်ဟာ နှလုံးရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ amino acids တွေနဲ့ဖွဲ့စည်းထားပါတယ်။ မကောင်းတဲ့ကိုလက်စထရောဓာတ်တွေကို လျော့ကျစေပြီး သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး နှလုံးသွေးကြောကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

Source : Muscle & Fitness

ပဲနို့က အသက်ကြီးလို့ဖြစ်တက်တဲ့ အရိုးပွခြင်းကိုသက်သာစေတဲ့ဆေးတစ်ခွက်ပါ။ အရိုးကြွပ်ဆတ်ခြင်းနဲ့ ကယ်လ်စီယမ်ဆုံးရှုံးခြင်းတို့ကြောင့် သည်အန္တရာယ်ကိုများစေတာပါ။ အသားကရတဲ့ပရိုတင်းက ပဲနို့ပရိုတင်းထက် ဆီးအတွင်းကယ်လ်စီယမ်ရောပါ စွန့်ထုတ်မှုပိုများတယ်လို့ လေ့လာမှုတွေကဖော်ပြထားပါတယ်။ အရိုးသိပ်သည်းမှုကို အားဖြည့်ပေးပြီး အရိုးကျိုးအက်မှုအန္တရာယ်ကို လျော့နည်းစေပါတယ်။