ဒေါသစိတ်ကြောင့် ဆုံးရှုံးမှုတွေ ခင်မင်မှုတွေ ပြဿနာတွေအများကြီးဖြစ်တက်ပါတယ်။ တချို့သူတွေကတော့ ဒေါသကိုလွယ်လွယ်နဲ့ မထိန်းချုပ်နိုင်တာကြောင့် ဒေါသနောက်မှာ ပြဿနာတွေတန်းစီတက်လာတက်ပါတယ်။ ဒါကြောင့် ထိန်းချုပ်ရခက်တဲ့ဒေါသစိတ်ကို ဒီနည်းလမ်းတွေနဲ့ ထိန်းကြည့်ကြရအောင်ပါ။

(၁) ဒေါသဖြစ်နေချိန် တစ်ယောက်တည်းနေပါ

Source : Pixabay

ဒေါသဖြစ်နေချိန်မှာ လူတွေနဲ့ စကားမပြောဘဲ တစ်ယောက်တည်း ထဲနေပေးကြည့်ပါ။ မျက်စိကို မှိတ်ထားပြီး ကိုယ့်စိတ်ကို အေးချမ်းတဲ့ နေရာတစ်နေရာ ရောက်သွားတယ်လို့ ပုံဖော်ကြည့်ပါ။ ဒီလိုမှမဟုတ်ရင်လည်း အေးချမ်းတည်ငြိမ်တဲ့ ဂီတလေးတွေဖွင့်ပြီး နားထောင်ပေးပါ။

(၂) လှုပ်လှုပ်ရှားရှားနေကြည့်ပါ

Source : Westend61

အိမ်အလုပ်လုပ်တာ (သို့) လမ်းလျှောက်တာတွေ လုပ်ကြည့်ပါ။ ချွေးလေးထွက်ပြီး တင်းနေတဲ့ ကြွက်သားလေးတွေက ပြေလျော့သွားရင် ကိုယ့်ရင်ထဲမှာ ရှိနေတဲ့ ဒေါသစိတ်တွေ နည်းနည်းတော့ ပျောက်သွားမှာပါ။ လမ်းမလျှောက်ချင်တဲ့သူတွေအတွက် ကိုယ့်ရဲ့ ကြွက်သားတွေကို ပြေလျော့သွားစေဖို့ လေ့ကျင့်ခန်းလုပ်ပေးတာ၊ အကြောဆန့်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

(၃) ကိုယ့်ကိုယ်ကို ဆုံးမပါ

Source : iNews

မိမိကိုယ်ကို ဆုံးမပါ/နှစ်သိမ့်ပါ။ ဒီဒေါသဖြစ်နေတဲ့ စိတ်ကြောင့် ကိုယ့်မှာ ဘာအကျိုးထူးရသွားလဲ ပြန်စဉ်းစားကြည့်ပါ။ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အရာရာဟာ ပြန်ပြီးအဆင်ပြေသွားပါလိမ့်မယ်ဆိုပြီး မှတ်ယူလိုက်ပါ။

(၄) တခြားလူတွေနဲ့ စကားမပြောပါနဲ့

Source : Serengeti Post

အတက်နိုင်ဆုံး တခြားလူတွေနဲ့ စကားမပြောဖြစ်အောင် နေပေးပါ။ ဒေါသထွက်နေတဲ့အချိန်မှာ တခြားသူတစ်ယောက်နဲ့ စကားပြောရင် အမှားတွေ ပါသွားတက်ပါတယ်။ ဒါကြောင့် လူတွေနဲ့ စကားပြောတာထက် တစ်ယောက်ထဲ အေးအေးဆေးဆေး နေတာ ပိုကောင်းပါတယ်။