လူတိုင်းလူတိုင်းမှာ စိတ်ညစ်တွေအနည်းနဲ့ အများရှိကြတာပါပဲ။ သို့သော်လည်း စိတ်ညစ်တဲ့အချိန်မှာ ညစ်လိုက်မယ် ခဏပဲပြီးရင်စိတ်ညစ်စရာတွေမေ့ပြီး ပျော်ပျော်ပြန်နေတက်တဲ့ သူတွေကိုမြင်ဖူးကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ် ဘဝဆိုတာ အဆိုးတလှည့်အကောင်းတလှည့်ဆိုတာကို လက်ခံထားလိုက်ရင် ဘယ်အရာမှသင့်ကိုအကြာကြီးစိတ်ညစ်နေစေမှာမဟုတ်ပါဘူး။ ဒီနေ့မှာတော့ ပျော်ပျော်နေတက်ခြင်းကပေးတဲ့ ကောင်းကျိုးတွေအကြောင်းမျှဝေပေးချင်ပါတယ်။

(၁) ကျန်းမာစေတယ်

Source : Men’s Health Week NZ

ပျော်ပျော်နေခြင်းက ကျန်းမာခြင်းတွေကိုယူဆောင်လာပေးတဲ့အလေ့အကျင့်ကောင်းတစ်ခုပါပဲ။ လူတစ်ယောက်မှာစိတ်ဖိစီးမှု စိုးရိမ်ပူပန်မှုတွေလျော့နည်းပြီး စိတ်ချမ်းသာနေတယ်ဆိုရင် ကိုယ်ခံစွမ်းအားလည်းမြင့်တက်ပြီး ကျန်းမာနေစေပါတယ်။ ဒါကြောင့်အသက်ရှည်ကျန်းမာခြင်တယ်ဆိုရင် ပျော်ပျော်နေတက်တဲ့ လူတစ်ယောက်ဖြစ်ဖို့လိုတာပေါ့။

(၂) ငယ်ရွယ်နုပျိုစေတယ်

Source : Follione

ပျော်ပျော်နေတက်သူတွေကိုကြည့်လိုက်ပါ။ အမြဲသွက်လွက်တက်ကြွပြီး ဆယ်ကျော်သက်တစ်ယောက်လို လျင်မြန်ဖျက်လက်နေတက်ပါတယ်။ ဒါကလည်း ပျော်ပျော်ရွှင်ခြင်းကနေရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတစ်ခုပါပဲ။ စိတ်ပျိုရင် ကိုယ်နုတယ်ဆိုသလို စိတ်ကိုပျော်ရွှင်ခြင်းတွေနဲ့ ဝန်းရံထားတဲ့အခါ ခန္ဓာကိုယ်မှာလည်း နုပျိုခြင်းတွေကို ပိုင်ဆိုင်လာစေတာဖြစ်ပါတယ်။

(၃) မိတ်ဆွေပေါများစေတယ်

Source : Reductress

ဟုတ်ပါတယ် ပျော်ပျော်နေတက်သူတွေက လူချစ်လူခင်များတယ် မိတ်ဆွေအပေါင်းအသင်းပေါများတယ်ဆိုတာ ငြင်းလို့မရတဲ့အမှန်တရားတစ်ခုပါ။ ပျော်ပျော်နေတက်သူတွေဟာ ကိုယ်တိုင်လည်းပျော်အောင်နေတက်ကြသလို ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်းပျော်ရွှင်မှုတွေကူးစက်စေပါတယ်။ ဒါကြောင့် မိတ်ဆွေအပေါင်းအသင်းပေါများတာပါ။

(၄) စိတ်ဖိစီးမှုနည်းစေတယ်

Source : Freepik

ပျော်ပျော်နေတက်သူတွေမှာလည်း စိတ်ဖိစီးမှုဆိုတာရှိကြတာပါပဲ။ သို့သော်လည်း အကြာကြီးစိတ်ညစ်မခံကြတဲ့အတွက် စိတ်ဖိစီးမှုတွေရဲ့ဒဏ်ကို များများစားစားမခံစားကြရတော့ပါဘူး။ ဒါကြောင့် ပျော်ပျော်နေတက်သူတွေကိုကြည့်မယ်ဆိုရင် စိတ်ဖိစီးမှုမရှိသလောက်နည်းတယ်လို့ ထင်ရတာပါ။