စိတ်ဓာတ်ကျခြင်းဆိုတာ အချိန်မရွေးဝင်ရောက်လာနိုင်တဲ့ အရာတစ်ခုပါ။ လူတိုင်းရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိဖို့လိုသလို စိတ်ပိုင်းဆိုင်ရာမှာလည်း ကြံ့ခိုင်မှုရှိမှသာ အောင်မြင်ပျော်ရွှင်တဲ့ဘဝတစ်ခုပိုင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ စိတ်ဓာတ်ကျခြင်းကိုလျော့ကျစေမယ့် အလေ့အကျင့်ကောင်းများအကောင်းမျှဝေပေးချင်ပါတယ်။

Source : PhotoPin
စိတ်ဓာတ်ကျနေလို့ မအိပ်နိုင်မစားနိုင်ဘူးဆိုရင် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပြင် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပါထိခိုက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကျန်းမာစေဖို့ အာဟာရရှိတဲ့အစားအစာတွေစားပါ။ ညဘက်တွေကောင်းကောင်းအိပ်ပျော်အောင်ကြိုးစားပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
စိတ်ဓာတ်ကျနေချိန်မှာလူတိုင်း များစွာသောအတွေးတွေကို တွေးမိတက်ကြပါတယ်။ ဒီအတွေးများစွာထဲမှာမကောင်းတဲ့အတွေးတွေကပိုများပါတယ်။ဒါကြောင့် သင့်အနေနဲ့ မကောင်းတဲ့အတွေးတွေ တွေးနေမိခြင်းကိုချက်ချင်းရပ်တန့်လိုက်ပါ။
စိတ်ဓာတ်ကျတယ်ဆိုတဲ့အခြေအနေအပေါ်မှာ သင့်အနေနဲ့ ထိုင်ပြီး စိတ်ညစ်နေမယ့်အစား အပြောင်းအလဲဖြစ်စေမယ့်အရာတစ်ခုခုလုပ်ဆောင်ပါ။ ဥပမာ Gym သွားလိုက်တာမျိုး မလုပ်ဖူးတဲ့ ဝါသနာအသစ်တစ်ခုခုလုပ်ဆောင်တာမျိုး စသဖြင့် စိတ်ဓာတ်ကျခြင်းကိုအာရုံပြောင်းသွားစေမယ့် အရာတွေလုပ်ပေးသင့်ပါတယ်။

Source : PatientsEngage
ကိုယ့်ဘဝမှာအရင်းနှီးရဆုံးသူတွေ ဥပမာ မိဘ ညီကိုမောင်နှမ သူငယ်ချင်း စသည်ဖြင့်သူတို့တွေနဲ့ အချိန်များများကုန်ဆုံးပါ။ စကားပြောပါ။ ကိုယ့်ရဲ့ လက်ရှိအခြေနေကိုရင်ဖွင့်ပြောပြပြီး အကြံဉာဏ်တောင်းကြည့်ပါ။
