တချို့အလေ့အကျင့်တွေက ညဘက်မှာလုပ်ဆောင်ရင်ပိုပြီးအကျိုးများစေတဲ့အရာတွေရှိပါတယ်။ အချိန်အခါအပေါ်မူတည်ပြီး သက်ရောက်တဲ့အကျိုးကျေးဇူးကလည်း ကွာခြားသွားတာကြောင့် အခုပြောပြမယ့်အရာတွေကို ညဘက်မှာလုပ်ဆောင်ဖို့အကြံပြုချင်ပါတယ်။
(၁) ယောဂကျင့်ခြင်းနှင့်တရားထိုင်ခြင်း
![]()
Source: Healthline
မနက်ခင်းတွေမှာ အချိန်မရတာကြောင့် လေ့ကျင့်ခန်းတွေ မလုပ်ဖြစ်တာများပါတယ်။ ညနေခင်းအချိန်တွေမှာ ယောဂကျင့်ခြင်းဟာ အတွေးတွေ စိတ်ခံစားမှုတွေကို စုစည်းမိစေပြီး တင်းမာမှုတွေကို လျှော့ကျစေပါတယ်။ ယနေ့ခေတ်မှာ တရားထိုင်ခြင်းကလည်း ခေတ်စားလာနေပါပြီ။ အိပ်ယာပေါ်မှာ (၁၀) မိနစ်ခန့် တရားထိုင်ခြင်းက သင့်အတွက် အကျိုးများစွာဖြစ်ထွန်းစေပါတယ်။
(၂) နေ့လည်စာပြင်ဆင်ခြင်းနှင့် အဝတ်အစား ပြင်ဆင်ခြင်း

Source: Money Crashers
ညဘက်မှာ နောက်နေ့အတွက် အကုန်ပြင်ဆင်ထားမယ်ဆိုရင် အချိန်ကုန်သက်သာစေသလို မနက်ခင်းမှာ အလျင်စလိုပြင်ဆင်ရခြင်းမှလည်း ကင်းဝေးစေပါတယ်။ ခက်ခက်ခဲခဲ ဆုံးဖြတ်ရတာတွေကိုလည်း ရှောင်လွဲနိုင်မှာပါ။ မနက်ခင်း ဝတ်သွားမယ့်ဝတ်စုံကို ညကတည်းက ပြင်ဆင်ထားမယ်ဆိုရင် အနည်းဆုံး (၁၅) မိနစ်ခန့် အချိန်ပိုထွက်လာတာကြောင့် မနက်ခင်း စာဖက်တာ (သို့) ကော်ဖီသောက်တာတွေကို အေးအေးဆေးဆေး ပြုလုပ်နိုင်မှာပါ။
အကယ်၍ နေ့လည်စာကို ရုံးမှာပဲစာဖြစ်တယ်ဆိုရင် ညကတည်းက ကြိုတင်ပြင်ဆင်ထားခြင်းကလည်း ကောင်းတဲ့အရာတခုပါ။ မနက်ခင်း ပြင်ဆင်ချက်ပြုတ်ရတာကြောင့် ရုံးချိန်နောက်ကျမှုတွေကနေ ရှောင်လွဲနိုင်မှာပါ။
(၃) စာရေးခြင်း နှင့် တစ်နေ့တာ အစီအစဉ်ဆွဲခြင်း

Source: Shutterstock
နာမည်ကြီး စာရေးဆရာတွေ ညဘက်ရဲ့အေးချမ်းခြင်းကို သဘောကျတာကြောင့် ညဘက်မှာဘဲ စာရေးလေ့ရှိကြပါတယ်။ အဲ့ဒီအပြင် လုပ်ငန်းလုပ်ကိုင်တဲ့သူတွေဟာလဲ သူတို့ရဲ့တနေ့တာကို ညဘက်တွေမှာ ကြို စီစဉ်လေ့ရှိကြပါတယ်။ မနက်ပိုင်းမှာမှ ပြင်ဆင်ရင် အရေးကြီးတဲ့ကိစ္စတွေကျန်ခဲ့တာမျိုးတွေ ရှိတတ်လို့ဘဲ ဖြစ်ပါတယ်။
(၄) လမ်းလျှောက်ခြင်း

Source: Sutter Health
နောက်တခုကတော့ လမ်းလျှောက်တာနဲ့ ပက်သတ်ပြီး မနက်ပိုင်းထက် ညနေပိုင်;တွေမှာ လမ်းလျှောက်တာဟာ ပိုပြီးသင့်တော်ပါတယ်။ စိတ်ပူပန်မှုတွေကိုလဲ လျော့ကျစေနိုင်သလို ညဘက် အိပ်စက်တဲ့ခါမှာလဲ သက်တောင့်သက်သာဖြစ်စေပါတယ်။ စိတ်ကူးသစ်တွေလဲ အဲ့လိုချိန်မှာပေါ်လာတတ်တာကြောင့် Mark Zuckerberg နဲ့ Jack Dorsey တို့ဟာ ညနေပိုင်းလမ်းလျှောက်တာကို ပိုသဘောကျ ကြပါတယ်လို့ ဆိုကြပါတယ်။
