အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ အိပ်ချိန် အနည်းဆုံး (၇) နာရီမှ အများဆုံး (၈) နာရီအထိရှိသင့်ပါတယ်။ ကျန်းမာရေးလိုပြောလိုက်တာနဲ့ ကောင်းမွန်စွာအိပ်စက်ခြင်းက လူတိုင်းအတွက်အရေပါလှပါတယ်။ ဒီနေ့တော့ ကောင်းမွန်စွာအိပ်ပျော်နိုင်ဖို့ ကူညီပေးမယ့်သောက်စရာအကြောင်းတွေပဲဖြစ်ပါတယ်။

(၁) အုန်းနို့

Source : Healthline

အုန်းနို့မှာ မက်ဂနီစီယမ် နဲ့ ပိုတတ်စီယမ်ဆိုတဲ့ ကြွက်သားတွေကို ဖြေလျှော့ပေးနိုင်ပြီး ကောင်းမွန်စွာအိပ်စက်အနားယူနိုင်စေမယ့် သတ္တုဓာတ်နှစ်မျိုးပါဝင်နေပါတယ်။ အုန်းနို့ဟာ သွေးဖိအားနဲ့ ကျောက်ကပ်ရောင်ခြင်းကိုလည်း လျှော့ကျစေနိုင်ပါတယ်။

(၂) Green tea

Source : National Foundation for Cancer Research

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေတဲ့ green tea ဟာတစ်နေ့တာအတွက် သောက်ပေးသင့်တဲ့ အရည်တစ်မျိုးပါပဲ။ ကဖိန်းဓာက်ဖယ်ရှားထားတဲ့ green tea တွေဟာ ညဖက်အိပ်ပျော်စေဖို့အတွက် အကောင်းဆုံးဆေးတစ်ခွက်လို့ပြောလို့ရပါတယ်။ green tea မှာ theanine ဆိုတဲ့ ရုပ်ပိုင်းဆိုင်ဖိစီးမှုကိုလျှော့ကျစေပြီး အေးဆေးစွား အိပ်စက်အနားယူဖို့ ကူညီပေးနိုင်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။

(၃) နွားနို့ပူပူတစ်ခွက်

Source : Dairy Council of California

နွားနို့နွေးနွေးလေးတွေက ညဖက်တွေမှာကောင်းမွန်စွာအိပ်ပျော်နိုင်ဖို့အတွက် အကောင်းဆုံးရွေးချယ်မှုလို့ ဆိုနိုင်ပါတယ်။ နွားနို့ထဲမှာ ပျော်ရွှင်မှုနဲ့စိတ်ခံစားမှုကို ကောင်းမွန်စေသော ပစ္စည်းတွေကို ထုတ်ပေးတဲ့ serotonin ပါဝင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ melatonin လိုခေါ်တဲ့ဟော်မုန်းကို ထုတ်ပေးတာကြောင့် စိတ်ချမ်းသာစွာအိပ်စက်အနားယူနိုင်အောင် ကူညီပေးပါတယ်။